ရာသီအလိုက်ပွဲတော်တွေရဲ့ အငွေ့အသက်နဲ့မီးအလှပြပွဲ

Thu, 2018-01-18 13:34 -- zaythu

ဒါကတော့ ဆောင်းရာသီရဲ့ အငွေ့အသက်တွေကို မီးအလှဆင်မှုတွေနဲ့ မြင်တွေ့ခံစားရမယ့်
Dreamworld Lighting Festival ရဲ့ မြင်ကွင်းအချို့ပါ။ ဒီပွဲတော်ကို ဟာကျူရီGroup ဦးဆောင်ကျင်းပတာဖြစ်ပြီး ပြည်သူ့ရင်ပြင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ကျင်းပလျက်ရှိနေတာပါ။

ပွဲတော်လာရောက်သူတွေအတွက် ဝင်ကြေးနှုန်းထားတွေကိုလည်း လူကြီး ၂၀၀၀ နဲ့ ကလေး ၁၀၀၀ အဖြစ် ပြောင်းလဲ သတ်မှတ်ထားတာဖြစ်ပါတယ်။

အခုလိုပြပွဲတွေကို လအလိုက်ပွဲတော်တွေအတွက် အသားပေး စီစဉ်သွားဖို့ရှိပြီး မန္တလေးနဲ့မော်လမြိုင်တို့မှာလည်း ခုလို မီးပွဲတော်တွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

ကင်မရာ - သန်းဌေးအောင် (7 Studio)

Thursday, January 18, 2018