မြန်မာ-ဂျပန်ချစ်ကြည်ရေးအမှတ်တရ နေပြည်တော်မှာ ချယ်ရီပင် ၂၀၀ စိုက်ပျိုး

Sun, 2018-01-14 14:26 -- zaythu
ဒီကနေ့ နေပြည်တော်မှာ မြန်မာ-ဂျပန်ချစ်ကြည်ရေးအထိမ်းအမှတ် အတွက် ချယ်ရီပန်းပင် အပင် ၂၀၀ ကို ဒုတိယအကြိမ် စိုက်ပျိးခဲ့ပါတယ်။
 
မြန်မာနိုင်ငံနဲ့ ဂျန်ပန်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် နေပြည်တော်မှာ ချယ်ရီပန်း အပင်တစ်ထောင် စိုက်ပျိုးသွားမယ့်အစီအစဉ်အတွက် ဒုတိယအကြိမ်စိုက်ပျိုးတာ ဖြစ်ပါတယ်။
 
ချယ်ရီပန်းပင်ကို မြန်မာ-ဂျပန် နှစ်နိုင်ငံမျိုးဆက်သစ်လူငယ်များအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ နားလည်မှုကို မြှင့်တင်ဖို့ရည်ရွယ် စိုက်ပျိုးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါအပြင် ဂျပန်ခရီးသွားဧည်သည်တွေ မြန်မာနိုင်ငံ နေပြည်တော်ကို ပိုမိုလာရောက်လည်ပတ်စေရန်နဲ့ ကမ္ဘာ့ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင်တင်ဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအပေါ် ဂျပန်လူမျိုးများ စိတ်ဝင်းစားလာပြီး ရင်းနှီးမြုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းပိုမိုပူပေါင်းလုပ်ကိုင်လာမယ်လို့ ယုံကြည်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်းသန်းက ပြောပါတယ်။
 
နေပြည်တော်မှာစိုက်ပျိုးတဲ့ ချစ်ရီပန်းပင်တွေက လာမယ့် ၂၀၂၀ ခုနှစ်မှာ စတင်ပွင့်မယ်လို့ ခန့်ထားတယ်လို့ သိရပါတယ်။
 
ဒီကနေ့ ဒုတိယအကြိမ်ပြုလုပ်တဲ့ ချစ်ရီပန်းပင်စိုက်ပျိုးခြင်းအခမ်းအနားကို လွှတ်တော်ဥက္ကဌတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ မြန်မာ ဂျပန်ချစ်ကြည်ရေးအသင်း ဥက္ကဌတွေနဲ့ မြန်မာဂျပန်သံရုံးက သံအမတ်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
 
ပထမအကြိမ် ချစ်ရီပန်းပင်စိုက်ပျိုးခြင်းအခမ်းအနားကို ဗိုလ်ရှုသဘင်အနီမှာ အပင်တစ်ရာ စိုက်ပျိုးထားတာဖြစ်ပါတယ်။
 
ရုပ်သံသတင်းထောက်-မောင်သင်တုန်း 
Sunday, January 14, 2018