ရခိုင်အရေး ဂျပန်က မြန်မာကို ဒေါ်လာသုံးသန်း ကူညီမယ်

Sun, 2018-01-14 11:58 -- zaythu
ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက် ခံတဲ့ လုပ်ငန်းစဉ်တွေအတွက် ဒေါ်လာသုံးသန်းတန်းဖိုးရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ဂျပန်နိုင်ငံ က မြန်မာနိုင်ငံကို ပေးအပ်သွားမယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာ နေပြည်တော်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ဒီကနေ့တွေ့ဆုံပြီးတဲ့နောက် ပူးတွဲကျင်းပတဲ့သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့တာပါ။
 
ဒါအပြင် ဂျပန်နိုင်ငံ လွှတ်တော်ရဲ့ အတည်ပြုချက်ရရင် နိုင်ငံတကာအဖွဲ့အစည်းတွေက တဆင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အတွက် ဒေါ်လာသန်း နှစ်ဆယ် ကို ထပ်မံကူညီပေးသွားမယ်လို့ သိရပါတယ်။
 
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် မနေ့က ရန်ကုန်မြို့ကို ရောက်ရှိလာ ခဲ့တာပါ။
ခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံမှာဖြစ်ပြီး ရခိုင်ပြည်နယ်ကိုလည်းသွားရောက်မယ်လို့ သိရပါတယ်။
 
ရုပ်သံ - မောင်သင်တုန်း ၊ဟိန်းထက် 
Sunday, January 14, 2018