မနက်ခင်းသတင်းစာ

Fri, 2018-01-12 11:36 -- zaythu
မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဝန်ကြီးနှစ်ဦး နှုတ်ထွက်မှုကြောင့် ဝန်ကြီးချုပ်ဖြစ်တဲ့ ဒေါက်တာအောင်မိုးညို မျက်ရည်ကျခဲ့တဲ့ သတင်း၊ ရန်ကုန်မှာ ဖောက်လုပ်မယ့် ပထမဆုံးမိုးပျံလမ်းသတင်း၊ အသွင်သစ်တစ်မျိုးနဲ့ စတင်ကျင်းပတော့မယ့် မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲသတင်း၊ တူနီးရှားနိုင်ငံက ဆန္ဒပြပွဲတွေရဲ့ သတင်းတို့ ဖြစ်ပါတယ်။
မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၈း ၃၀ အချိန်မှာ တင်ဆက်ပေးနေတာဖြစ်ပါတယ်။
Friday, January 12, 2018