Myanmar Idol Season 3 မှာ winner ကို သိန်းငါးရာချီးမြှင့်ပြီးတကိုယ်တော်အခွေထုတ်ပေးမယ်

Fri, 2018-01-12 11:27 -- zaythu

ပရိသတ်တွေစိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့ Myanmar Idol Season 3 မှာတော့ Winner ရရှိသူကို ငွေသား ကျပ်သိန်းငါးရာပေးအပ်သွားမယ်လို့ သိရပါတယ်။

Myanmar Idol Season  2 ထက် ငွေသားသိန်းသုံးရာတိုးမြှင့်ထားတာဖြစ်သလို  တေးစီးရီးတစ်ချပ်လုံးစာအတွက် တာဝန်ယူသွားမှာဖြစ်ပါတယ်။

Myanmar Idol Season 3 မှာတော့  အရင် ဒိုင်လူကြီးတွေကို ပြောင်းလဲထားသလို တေးသံရှင် မြန်မာပြည်သိန်းတန် ၊  ရန်အောင်၊ တင်ဇာမော်နဲ့ မျိုးကျော့မြိုင်တို့က ပွဲစဉ်တစ်လျှောက်လုံးအကဲဖြတ်သွားမှာဖြစ်ပါတယ်။

Myanmar Idol Season 3 ကို  ရန်ကုန် ၊ မန္တလေး၊ မကွေး၊ ပုသိမ်၊ တောင်ကြီး စတဲ့ မြို့နယ်ငါးမြို့အပြင် နီးစပ်တဲ့မြို့ ၁၁မြို့မှာ အသံစစ်ဆေးမှုတွေကို ပြုလုပ်သွားမှာပါ။

ဒီနှစ်ရဲ့အစီအစဉ်အသစ်တစ်ရပ်အနေနဲ့ မြစ်ကြီးနား၊ ကျိုင်းတုံ၊ လားရှိုး၊ စစ်တွေနဲ့ မြိတ်မြို့မှာလည်း Flight Casting အစီအစဉ်နဲ့ အသံစစ်ဆေးမှုတွေကို ပြုလုပ်သွားမှာပါ။

အသံစစ်ဆေးမှုတွေကို ဇန်နဝါရီ ၂၀ ရက်နေ့စပြီး မန္တလေးမြို့မှာ ပထမဆုံးစတင်စစ်ဆေးသွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့မြို့နယ်အသီးသီးမှာ ဆက်လက်ပြီး စစ်ဆေးမှုတွေကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Friday, January 12, 2018