ကိုယ့်သမိုင်းကိုယ့်ရေးကြသူများကို ဒီလထဲ ပရိသတ်တွေ ကြည့်ရတော့မယ်

Wed, 2018-01-10 18:41 -- zaythu

ဂီတကိုချစ်ကြတဲ့လူငယ်တွေ ဂီတလမ်းကြောင်းအစ Underground ဘဝမှာ ဘာတွေခက်ခဲနေလဲ ၊ ဘယ်လိုကြိုးစားနေကြသလဲ ဆိုတာကို အဓိက ရိုက်ကူးထားတဲ့ “ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ” ရုပ်ရှင်ကို လာမယ့် ဇန်နဝါရီ ၁၂ရက်နေ့မှာ ပရိသတ်တွေ ကြည့်ရှုခွင့်ရတော့မှာပါ။

လက်ရှိအချိန်မှာ ပရိသတ်တွေအားပေးနေကြတဲ့ ယုန်လေး၊ ရသ၊ ကြက်ဖ၊ G Fatt၊ J Fire၊ Ice Cold စတဲ့ လူငယ်တွေရဲ့ Underground ဘဝမှာ ဘယ်လိုအခက်အခဲတွေ ဖြတ်ကျော်ခဲ့ရလဲ၊ မိသားစုရဲ့ အနှိမ်ခံမှုတွေကြားကနေ အောင်မြင်တဲ့ Rapper တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုကြိုးစားခဲ့ရလဲ ဆိုတာကို ဒါရိုက်တာ ဂျိုးက ပုံဖော်ထားတာပါ။

“ကိုယ့်သမိုင်းကိုယ်ရေးကြသူများ” ရုပ်ရှင်ဟာ ရုံတင်ရက် အခက်အခဲကြောင့် ပရိသတ်တွေ အားပေးဖို့ ခက်ခဲတဲ့ အခြေအနေကနေ ၂၀၁၈ နှစ်စမှာ ရုံတင်ခွင့်ရတာလည်း ဖြစ်ပါတယ်။ ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ ရုပ်ရှင်မှာ ယုန်လေး၊ ရသ၊ ကြက်ဖ၊ G Fatt ၊ J Fire၊ Ice Cold ၊ ပြုံးမြသွယ်၊ စိုးနန္ဒာကျော်၊ နန်းမော်၊ ထူးမွန်နဲ့ တခြားအနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Wednesday, January 10, 2018