အလှမယ်လေးဦးနဲ့ လူကြီးလူကောင်းများ ကို မကြာခင်ကြည့်ရတော့မယ်

Tue, 2018-01-09 16:23 -- zaythu

နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်လေးဦးနဲ့ အလှမယ်လေးဦးတို့ရဲ့ “လူကြီးလူကောင်းများ” ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေ မကြာခင်မှာ ကြည့်ရှုရတော့မှာပါ။

လူကြီးလူကောင်း ဟန်ဆောင်ထားတဲ့ လူကြီးလူကောင်းလေးဦးရဲ့ လိမ်လည်မှုတွေကို အလှမယ်လေးဦးက ဘယ်လို ပုံစံမျိုးဖော်ထုတ်ကြမလဲ ဆိုတာကို ဟာသ အလွဲလေးတွေနဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်မှာပါ။

လူကြီးလူကောင်းများ ရုပ်ရှင်ကို The Eye ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးမှာဖြစ်ပြီး ပရိသတ်တွေ အမြင်ဆန်းစေဖို့ အောင်ပန်း၊ ချောင်းသာ၊ပြင်ဦးလွင် စတဲ့ နေရာတွေမှာ ရိုက်ကူးမှာ ဖြစ်ပါတယ်။

လူကြီးလူကောင်းများ ရုပ်ရှင်ကို ဒီလထဲမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး အကယ်ဒမီလွင်မိုး၊ အကယ်ဒမီလူမင်း၊ အကယ်ဒမီနေတိုး၊ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အလှမယ်ရွှေအိမ်စည်၊ အလှမယ်ထက်ထက်ထွန်း၊ အလှမယ်စဝ်လွန်းစတီဦး၊ အလှမယ် ယွန်းဝင့်လွှာတို့ အဓိက ပါဝင်မှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Tuesday, January 9, 2018