ကင်ညာနိုင်ငံသား အနိုင်ယူခဲ့တဲ့ Pocari Sweat Run

Sun, 2017-12-17 15:39 -- zaythu
ချမ်းအေးတဲ့ပွင့်လင်းရာသီ ဒီဇင်ဘာ ၁၇ ရက်နေ့ရဲ့ မနက်ခင်းမှာတော့ Pocari Sweat Run 2017 ကို ရန်ကုန်မြို့ကျိုက္ကဆံကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တဲ့ ဒီပြေးပွဲမှာတော့ Get Fit With Andy ရဲ့ Host Andy နဲ့ သူ့ရဲ့အဖွဲ့သားတွေလည်း ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။
 
ဒီယှဉ်ပြိုင်မှုမှာတော့ ၂၁ကီလိုမီတာ တာဝေပြိုင်ပွဲမှာ ကင်ညာနိုင်ငံသား ဟီလာရီက ၁နာရီနဲ့ ၁၁မိနစ်နဲ့ပန်းဝင်ခဲ့ပြီး ပထမဆုရရှိခဲ့တာဖြစ်ပါတယ်။ 
Sunday, December 17, 2017