ချောစုခင်ရဲ့ နှစ် ၂၀ ဂီတခရီး

Sun, 2017-12-17 10:13 -- zaythu
စူးရှရှအသံနဲ့အတူ ပရိသတ်ရင်ထဲမှာ နေရာယူထားတဲ့ တေးသံရှင်ချောစုခင်ကတော့ သူမရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့အတူ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေပါတယ်။
 
ဂီတလောကထဲမှာ နှစ်နှစ်ဆယ်ကျော် ရှင်သန်ရင်း ဂီတဟာ သူမရဲ့ အနာဂတ်ဖြစ်လို့နေဆဲပါ။
 
မိသားစုတွေအချိန်ပေးဖြစ်ရင်း အခွေမထွက်ဖြစ်တော့တဲ့ ချောစုခင်အနေနဲ့ ပရိသတ်တွေအတွက် သီချင်းတွေနားထောင်နိုင်ဖို့ လတ်တလောမှာ ပြင်ဆင်နေပါတယ်။
 
ချောစုခင်မဖြစ်ခင်က ဂီတဖြတ်သန်းမှုတွေနဲ့ ချောစုခင်ဖြစ်ပြီး သူမရဲ့ တရှိန်ထိုးအောင်မြင်မှုတွေက ကွာခြားလွန်းခဲ့ပါတယ်။
 
ဂီတလောကထဲမှာ နှစ်နှစ်ဆယ်ကျော်ကြာ ရပ်တည်ရင်း သီချင်းတွေသီဆိုနေတဲ့ ချောစုခင်ရဲ့ အကြောင်းကို 7Day TV ရဲ့ အနုပညာရှင်တို့ကောက်ကြောင်း အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်၊ ကျော်ကြီး
 
Friday, December 15, 2017