ဗီဒီိယိုအခွေတစ်ခွေ ၃၅၀နဲ့ရောင်းတဲ့အပေါ် အနုပညာရှင်တွေရဲ့အမြင်

Thu, 2017-12-07 16:37 -- zaythu

ပီတိဗီဒီယိုထုတ်လုပ်ရေးကနေ စွန်ဦးတီထွင်မှုတစ်ခုအနေနဲ့ ဗီဒီယိုခွေတစ်ခွေကို ၃၅၀ နဲ့ရောင်းချပြီး ဗီဒီယိုဈေးကွက် စီးပွားရေး လမ်းကြောင်းသစ် တစ်ခုကို ဖောက်ထွက်ခဲ့ပါတယ်။

ဗီဒီယိုဈေးကွက်သစ်တစ်ခုဖောက်ထွက်လာတဲ့ အပေါ်မှာ အနုပညာလောကသားတွေရဲ့ထောက်ခံမှုနဲ့အတူ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ စမ်းသပ်ကာလ ခြောက်လသတ်မှတ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ခွင့်ပြုချက်နဲ့အညီ ဗီဒီယို ဇာတ်ကား ၁၁ ကားရဲ့ အချပ်ရေပေါင်း ၁၀သိန်းနီးပါးကို ဖြန့်ချိနိုင်ခဲ့ပါတယ်။

စမ်းသပ်ကာလအတွင်းမှာပဲ တရားဝင်ဖြန့်ချိနေတဲ့ ABC Convention ဆိုင်ကို နားလည်မှုလွဲစွာ ဝင်ရောက်ဖမ်းဆီးမှုတွေ ကြုံခဲ့ရပါတယ်။ ပီတိဗီဒီယိုထုတ်လုပ်ရေးအနေနဲ့ ပေးဆောင်ရတဲ့ အခွန်စရိတ်ကြီးမြင့်မှုတွေ၊ အနုပညာလောကသား အနည်းစုရဲ့ဝေဖန်မှုတွေနဲ့အတူ အမှုရင်ဆိုင်ဖြေရှင်းရမှုတွေကြောင့် အခွေတစ်ခွေကို ၃၅၀နဲ့ဆက်လက်ဖြန့်ချိမှုကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်

Thursday, December 7, 2017