ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုကျင်းပတဲ့ ‘ပန်းကံ့ကော်ဒိုင်ယာရီ ‘

Sun, 2017-11-19 15:51 -- zaythu

ရန်ကုန် တက္ကသိုလ် နှစ်တစ်ရာပြည့်အကြို 'ပန်းကံ့ကော် ဒိုင်ယာရီ' ဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၈ ရက်ညက အမျိုးသားကဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် နဲ့ပတ်သတ်တဲ့ ဖျော်ဖြေပွဲဖြစ်တာကြောင့် အမျိုးသားကဇာတ်ရုံ ဝင်ပေါက်မှာ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပုံစံ ဆက်တင်ဆောက်လုပ်ထားတာပါ။ 

ဒီဖျော်ဖြေပွဲမှာ ကိုင်ဇာ ၊ ဇော်ပိုင် ၊ အောင်နိုင် ၊ ဖြိုးပြည့်စုံ ၊ အောင်ထက် ၊ စောလား ထော်ဝါး ၊ ချိုပြုံး ၊ မေဆွိ ၊ မေခလာ ၊ ဟေမာနေဝင်း ၊ မီမီဝင်းဖေ ၊ ချမ်းချမ်း နှင့် နီနီခင်ဇော်တို့ ပါဝင် သီဆိုခဲ့ကြပါတယ်။ 

ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်ပွဲဖြစ်တာကြောင့် တက္ကသိုလ်နယ်မြေနဲ့ပက်သတ်တဲ့သီချင်းအများစုကို သီဆို ဖျော်ဖြေပေးခဲ့ကြသလို သီချင်းဟောင်းတွေကိုလည်း သီဆိုဖျော်ဖြေပေးခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ခဲ့ကြသည့် ကျောင်းသားကျောင်းသူဟောင်းတွေ လာရောက်အားပေးခဲ့ကြသလို  အဆိုတော်အားလုံးကို ပန်းစည်းတွေ ပန်းကုံးတွေ နဲ့ ဆုလက်ဆောင်တွေ ဆုချခဲ့ကြတာပါ။ 

ရုပ်သံသတင်းထောက်-ဇွဲဥာဏ်

Sunday, November 19, 2017