နှုတ်ဆက်ပွဲလုပ်ခဲ့တဲ့ Back to Millennium ပွဲမှာ ပရိသတ်တွေ ကွင်းလုံးပြည့်အားပေး

Sun, 2017-11-19 15:48 -- zaythu

၂၀၀၀ ပြည့်နှစ်ဝန်းကျင်က အောင်မြင်မှုရရှိခဲ့တဲ့ အဆိုတော်အဖွဲ့ တွေ ရဲ့ဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၈ ရက်ညက သုဝဏ္ဏဘူမိ Event Park ၌ ပြုလုပ်ခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲကို Back To Millennium ပွဲလို့ နာမည်ပေးထားပြီး   ၂၀၀၀ ပြည့်နှစ်ဝန်းကျင် ကပရိသတ်အားပေးမှု ရရှိခဲ့တဲ့ Acid, Theory, Examplez, Too Big, Teens, System, မြေပဲယို, OKRA, No, Bambino, KOOK စတဲ့အဖွဲ့ တွေက သီဆိုဖျော်ဖြေခဲ့ပါတယ်။

ဧည့်သည်အဆိုရှင်တွေကလည်း သူတို့လက်တွဲခဲ့တဲ့ အဖွဲ့တွေနဲ့ Featuring သီဆိုထားဖူးတဲ့ သီချင်းတွေကို ပါဝင်ဖျော်ဖြေပေးခဲ့ကြတာပါ။  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြည်သူ့ရင်ပြင်မှာပြု လုပ်ခဲ့ပြီး အခုကတော့ နှုတ်ဆက်တဲ့အနေနဲ့ 
ဒုတိယ အကြိမ်ပြုလုပ်တဲ့ပွဲ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲမှာ ပါဝင်တဲ့ အဆိုတော်အများစုက လက်ရှိဂီတလောကမှာ မရှိကြတော့သူတွေ ဖြစ်လို့ စုစည်းရတဲ့ အခက်အခဲတွေရှိတယ်လို့ သိရပါတယ် ။ ဒီပွဲကို ပရိသတ်တွေက ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ကြတာ  အဆိုတော်တွေနဲ့ အတူ သီချင်းတွေ လိုက်ပါသီဆိုအားပေးခဲ့ကြပါတယ်။

ရုပ်သံ - ဇွဲဥာဏ်

Sunday, November 19, 2017