သားရေကွင်းရှပ်တိုက်ပစ်ကြမယ်

Sat, 2017-11-18 13:58 -- zaythu
ဒီတစ်ပတ်တော့ ယောင်္ကျားလေးတွေပဲ ကစားလေ့ရှိတဲ့ ကစားနည်းတစ်မျိုးကို တင်ဆက်ထားပါတယ်။ သားရေ ကွင်းတွေကိုအသုံးပြုပြီး ကစားရတဲ့ကစားနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။
 
သားရေကွင်းတွေကို ထပ်ပြီး ဖိနပ်နဲ့ရှပ်တိုက်ပစ်လို့ စည်းထဲကထွက်အောင်ပစ်နိုင်သူ ထွက်သမျှအကုန်ရတဲ့ ကစားနည်းလေးဖြစ်ပါတယ်။
 
ဒီနေ့ခေတ်မှာတော့ ကလေးငယ်တွေကြား ဒီကစားနည်းလေးကို ဆော့ကစားသူနည်းလာတာဖြစ်ပါတယ်။
 
နောက်တပတ်များမှာလည်းချစ်စရာကောင်းတဲ့မြန်မာ့ရိုးရာကစားနည်းတွေကိုဖော်ထုတ်ကစားပြသွားဦးမှာဖြစ်ပါတယ်။
 
7Day TV က နေအပတ်စဉ် စနေနေ့ မွန်းလွဲ ၂ နာရီအချိန်တိုင်းမှာ ကစားကြစို့ Let’sPlayအစီအစဉ်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။
 
ဒီအစီအစဉ်ကမြန်မာ့ရိုးရာကစားနည်းလေးတွေကိုပုံဖော်တင်ဆက်တာဖြစ်ပြီးနောက်မျိုးဆက်သစ်ကလးငယ်တွေကစားနည်းတွေသိရှိပြီးကစားနိုင်ဖို့ရည်ရွယ်တင်ဆက်တာဖြစ်ပါတယ်။
ကစားနည်းတွေဟာနေရာဒေသအလိုက်အခေါ်အဝေါ်ဆော့ကစားပုံချင်းအနည်းငယ်ကွဲပြားမှုတွေရှိတာကြောင့်အသုံးများတဲ့အခေါ်အဝေါ်နဲ့ကစားနည်းပုံစံတွေကိုစုစည်းတင်ဆက်ထားတာဖြစ်ပါတယ်။
Saturday, November 18, 2017