MIC ခွင့်ပြုချက်မရယူဘဲ ခန့်ထားတဲ့ နိုင်ငံခြားသားပညာရှင် ရှိ မရှိကို စိစစ်တော့မယ်

Fri, 2017-11-17 16:57 -- zaythu

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ နိုင်ငံ ခြားသား ပညာရှင်တွေကို ကြိုတင်ခွင့်ပြုချက် မယူဘဲ ခန့်ထားတာတွေကို စိစစ်အရေးယူမှုတွေ လုပ်တော့ မယ်လို့ သိရပါတယ်။

အဲဒီလို စိစစ်မှုတွေ လုပ်တော့မယ့် အကြောင်းကိုတော့ နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းက ပြုလုပ်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့သတင်းစာရှင်းလင်းပွဲမှာ  ညွှန်ကြားရေးမှူး ချုပ် ဦးအောင်နိုင်ဦးက  ပြောလိုက်တာပါ။
 
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ နိုင်ငံခြားသားပညာရှင်တွေ ခန့်ထားမှုနဲ့ဆိုင်တဲ့ ကြေညာချက်တစ်စောင်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြီးခဲ့တဲ့အောက်တိုဘာလ ၃၁ ရက်က  ထုတ်ပြန်ထားပါတယ်။

အဲ့ဒီကြေညာချက်ထဲမှာ MIC ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ နိုင်ငံခြားသား ပညာရှင်တွေ ခန့်ထားမယ်ဆိုရင် လုပ်ငန်းခွင်မဝင်ခင် ကြိုတင် အသိပေးအကြောင်းကြားဖို့ ပါရှိပြီး တကယ်လို့ အကြောင်းအမျိုးမျိုးနဲ့ အသိပေး မတင်ပြနိုင်ရင် လုပ်ငန်းခွင် ဝင်ရောက်ပြီးတဲ့ အခြေအနေဆိုရင် လုပ်ငန်းခွင် ဝင်ရောက်ပြီး တပတ်အတွင်းမှာ အသိပေး အကြောင်းကြားဖို့ ဖော်ပြထားပါတယ်။
 
ရုပ်သံ သတင်းထောက် - အလှလေး သူဇာ

Friday, November 17, 2017