နိုင်ငံရေး ပြက်လုံးအများစုပါတဲ့ အော်တိုဘုရင်ရုံတင်ပြီ

Sat, 2017-10-21 12:33 -- zaythu
နိုင်ငံရေးပြက်လုံး ၇၀ရာခိုင်နှုန်းကျော်ပါဝင်ပြီး ပရိသတ်ကိုထူးခြားတဲ့ ဟာသတွေပေးဦးမယ့် အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကားကြီးကို ဒီကနေ့အောက်တိုဘာလ ၂၀ ရက်မှာ စတင်ရုံတင်ပြသနေပြီဖြစ်ပါတယ်။
 
အော်တိုဘုရင်မှာ ပါဝင်တဲ့ အနုပညာရှင်တွေက ဒီကနေ့နေ့လယ်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး အမှတ်တရလက်မှတ်ရေးထိုးတာတွေ၊ဓာတ်ပုံအတူရိုက်ကူးတာတွေကို ပြုလုပ်ခဲ့ပါတယ်။
 
အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကားတစ်ခုလုံးကို Chroma Settingနဲ့ရိုက်ကူးထားတာဖြစ်ပြီး Virtual Effect တွေထည့်သွင်းထားတာကြောင့် ပရိသတ်တွေအနေနဲ့
 
မြန်မာ့ရုပ်ရှင်သမိုင်းမှာပထမဆုံးအကြိမ်တင်ဆက်မှုအပြောင်းအလဲကိုလည်းလေ့လာခွင့်ရမှာဖြစ်ပါတယ်။ဇာဂနာ၊ ကျော်ကျော်ဗို၊ အိချောပိုတို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဟာသသရုပ်ဆောင်များစွာပါဝင်အားဖြည့်ထားပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်
Saturday, October 21, 2017

Top News