မီးလောင်ကျွမ်းပြီးနောက် ဝေဟင်က မြင်ရတဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်

Thu, 2017-10-19 12:46 -- zaythu

ရန်ကုန်မြို့က နာမည်ကျော် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ဟာ သုံးနာရီကျော်ကြာ မီးလောင်ကျွမ်းပြီးတဲ့ နောက်မှာတော့ ဟိုတယ်တစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရတာပါ။ မီးလောင်ကျွမ်းမှုဟာ ဒီကနေ့  မနက်ပိုင်း သုံးနာရီ အချိန့်ခန့်က စတင်ခဲ့တာဖြစ်ပြီး Level 4 အဆင့်ထိ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ဟာ ကိုလိုနီခေတ်ကတည်းကဆောက်ခဲ့တဲ့ လက်ရာ အဆောက်အဦး တစ်ခုဖြစ်ပြီး ကန်တော်ကြီးကန်ကို မေးတင်တည်ဆောက်ထားတဲ့ အဆောက် အဦးတစ်ခုလည်းဖြစ်ပါတယ်။

ဟိုတယ်ရဲ့ အစိတ်အပိုင်းအများစုကိုတော့ ကျွန်းသစ်တွေ၊ မြန်မာမှု ဗိသုကာ လက်ရာတွေနဲ့ ဆင်ယင်ထားတာဖြစ်ပြီး ဦးတေဇရဲ့ ထူးကုမ္ပဏီများ အုပ်စုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့်ရထားတာပါ။

အဲဒီလို နာမည်ကြီး ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို မီးလောင်ကျွမ်းပြီးနောက်ဝေဟင်မြင်တွေ့ရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

ရုပ်သံ - အောင်မျိုးထွန်း

Thursday, October 19, 2017