Mikis ရဲ့ အနုပညာကောက်ကြောင်း

Thu, 2017-10-19 12:20 -- zaythu
မြန်မာစကားကိုနှစ်သက်သူ ၊ မြန်မာဂီတကိုကြိုက်တဲ့သူတစ်ယောက်အဖြစ် မြန်မာသီချင်းဆိုတဲ့ ဂျာမန်နိုင်ငံသားတစ်ယောက်ရှိပါတယ်။သူကတော့ ပရိသတ်ေတွက အားပေးကြတဲ့ Mikis Weber ပဲဖြစ်ပါတယ်။
 
မြန်မာနိုင်ငံကို ရောက်တာ တစ်နှစ်ခွဲသာ ရှိသေပေမယ့်လည်း မြန်မာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး မြန်မာသီချင်းတွေကိုလည်း သီဆိုနေသူတစ်ယောက်ဖြစ်ပါတယ်။
 
ကံ ကံ၏အကျိုးကို ယုံကြည်တဲ့ Mikis Weber ဟာ ပရိသတ်တွေအားပေးတဲ့ မြန်မာအဆိုတော်တစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုလာပါတယ်။
 
သီချင်းတွေအပြင် မြန်မာနိုင်ငံမှာ သရုပ်ဆောင်တစ်ယောက်အဖြစ် ဆက်လက်မြင်တွေ့ရဦးမယ့် Mikis ရဲ့ ဂီတလမ်းကြောင်းပေါ်မှာ ခံယူချက်တွေ၊ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်မှုအကြောင်းတွေနဲ့ မြန်မာအဆိုတော်တစ်ယောက်ဖြစ်ချင်တဲ့ သူ့ရဲ့ရည်ရွယ်ချက်တွေကို 7Day TV ရဲ့ အနုပညာကောက်ကြောင်းအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်
Thursday, October 19, 2017

Top News