မနက်ခင်းသတင်းစာ

Fri, 2017-10-13 11:31 -- zaythu
မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
 
ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ ရခိုင်ပြည်နယ်အရေး အဓိကလုပ်ငန်းစဉ်သုံးခုတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံဆိုတဲ့ သတင်း၊ အိမ်ငှားများ တစ်လထက်ပိုမိုနေထိုင်မည်ဆိုပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားရမည်ဟုဆိုဆိုတဲ့ သတင်း၊ ရေကြီးနစ်မြုပ်မှုနှင့် လေပြင်းအန္တရာယ် ဆက်လက်သတိထားရန် ဒေါက်တာထွန်းလွင် သတိပေးဆိုတဲ့ သတင်းနဲ့ ကုလသမဂ္ဂနဲ့ အီးယူကို ဒူတာတီအပြစ်တင်၊ ၂၄နာရီအတွင်း နိုင်ငံမှထွက်ခွာရန် ရာဇသံပေး ဆိုတဲ့သတင်းတွေပဲ ဖြစ်ပါတယ်။
 
မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီတိုင်းမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။
Friday, October 13, 2017