မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်မှာ ပြသနေတဲ့ သရာစောထိ

Thu, 2017-09-14 10:05 -- zaythu
မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော်မှာ ပြသမယ့် ရုပ်ရှင်တစ်ကားဖြစ်တဲ့ သရာစောထိ ရုပ် ရှင် ဇာတ်ကား အထူးပွဲကို ဒီကနေ့ စက် တင်ဘာလ ၉ ရက် မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ပြသ ခဲ့ပါ တယ်။
 
ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်တွေအဖြစ် ထွန်းထွန်း ၊ ယုသန္တာတင် ၊ ယဉ်လတ် နဲ့ ကိုပြည့်တို့က ပါဝင်သရုပ်ဆောင်ထားပြီး မောင်သူရ ( ဇာဂနာ )ရဲ့ ဇာတ်လမ်း ၊ ဇာတ်ညွှန်းကို ဒါရိုက်တာ စံရွှေမောင် ( အောင်လွင် )က ရိုက်ကူးပုံဖော်ထားတာပါ။
 
ကရင်တိုင်းရင်းသားဘာသာစကားမှာ သရာဆိုတာက ဆရာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး စောထိက တော့ ရေချမ်းဆိုတဲ့ အဓိပ္ပာယ်ရတာကြောင့် မြန်မာလိုဆိုရင် ဆရာရေချမ်းလို့ အဓိပ္ပာယ်ရတယ်လို့ ဇာတ်ကား နာမည်နဲ့ပတ်သက်ပြီး ဒါရိုက်တာ စံရွှေမောင်က ပြောပါတယ်။
 
အဲဒီဇာတ်ကားမှာတော့ ထွန်းထွန်းက စောထိအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဆယ်တန်းမအောင်ပေ မယ့် လည်း သူတို့ဒေသက ကလေးတွေကို စာတတ်စေချင်တာကြောင့် မေတ္တာနဲ့ စာသင်ပေးနေသူတစ်ဦး အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
 
ယုသန္တာတင်ကတော့ သူတို့ဒေသကို ဖွံ့ဖြိုးဖို့အတွက် သူတတ်နိုင်တဲ့ဘက်ကနေ ကူညီပေးတဲ့ ကောင်မလေး တစ်ယောက်နေရာက ပါဝင်သရုပ် ဆောင်ထားပါတယ်။
 
ဒီဇာတ်ကားလေးက မငြိမ်းချမ်းသေးတဲ့ဒေသတွေ မှာ ကလေးတွေရဲ့ ပညာရေးသင်ကြားရေးနဲ့ပတ်သက်ပြီး ကြုံရတဲ့ အခက်အခဲတွေကို သိရှိနိုင်မယ်လို့ ထွန်းထွန်းကဆိုပါတယ်။
 
ဒီဇာတ်ကားကို စက်တင်ဘာ ၁၅ ရက်ကနေ ၂၁ ရက်အထိ ပြုလုပ်မယ့် မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော်မှာပြသသွားမှာဖြစ်ပါတယ်။
 
ရုပ်သံသတင်းထောက် - ဇွဲဥာဏ်
Thursday, September 14, 2017

Top News