ဥဖမ်း ကြမယ်

Thu, 2017-09-14 10:01 -- zaythu
ဒီတစ်ပတ်ကစားနည်းလေးကတော့ ယောင်္ကျားလေး မိန်းကလေး အကုန်ကစားလို့ရပြီး ခန္တာကိုယ် ဖျတ်လတ်မှုရှိစေတဲ့ကစားနည်းလေးဖြစ်ပါတယ်။ ဥဖမ်းတမ်းကစားဖို့အတွက် ၅ ယောက်တစ်ဖွဲ့စီရှိရမှာဖြစ်ပြီး ခေါင်းသူကြီးတစ်ဦးစီလည်းလိုပါတယ်။ ခွေးရူးအဖွဲ့က တစ်ဖက်အဖွဲ့ကို ဘောလုံးနဲ့လိုက်ပစ်ရတဲ့ကစားနည်းပါ။ ကစားနည်းလေးမှာ စည်းကမ်းတွေရှိပါတယ်။ ဒီဗွီဒီယိုဖိုင်လေးမှာ ကြည့်ကြည့်လိုက်ဖို့ တင်ဆက်လိုက်ရပါတယ်။
 
နောက်တပတ်များမှာလည်း ချစ်စရာကောင်းတဲ့ မြန်မာ့ရိုးရာကစားနည်းတွေကို ဖော်ထုတ်ကစားပြသွားဦးမှာ ဖြစ်ပါတယ်။
7Day TV က နေအပတ်စဉ် စနေနေ့ မွန်းလွဲ ၂ နာရီအချိန်တိုင်းမှာ ကစားကြစို့ Let’sPlayအစီအစဉ်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။
 
ဒီအစီအစဉ်က မြန်မာ့ရိုးရာကစားနည်းလေးတွေကို ပုံဖော်တင်ဆက်တာဖြစ်ပြီး နောက်မျိုးဆက်သစ် ကလးငယ်တွေ ကစားနည်းတွေ သိရှိပြီး ကစားနိုင်ဖို့ ရည်ရွယ်တင်ဆက်တာ ဖြစ်ပါတယ်။
 
ကစားနည်းတွေဟာ နေရာဒေသအလိုက် အခေါ်အဝေါ် ဆော့ကစားပုံချင်း အနည်းငယ် ကွဲပြားမှုတွေရှိတာကြောင့် အသုံးများတဲ့ အခေါ်အဝေါ်နဲ့ ကစားနည်းပုံစံတွေကို စုစည်းတင်ဆက်ထားတာ ဖြစ်ပါတယ်။
Thursday, September 14, 2017