ရွှေမန်းချမ်းသာရဲ့ သဘင်သက် နှစ်လေးဆယ်ပြည့် ဖျော်ဖြေပွဲ

Thu, 2017-09-14 09:59 -- zaythu
သစ္စာ မေတ္တာ ရွှေမန်းသဘင် ရွှေမန်းချမ်းသာ ရဲ့ သဘင်သက်တမ်း အနှစ် လေးဆယ်ပြည့် ဖျော်ဖြေပွဲကို စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ မှာ ကျင်းပပြုလုပ်ခဲ့တာပါ။
 
အဲဒီဖျော်ဖြေပွဲကို ညနေခြောက်နာရီ အချိန်ကနေစပြီး ပြုလုပ်ခဲ့တာဖြစ်ကာ အော်ပရာ ၊ပြဇာတ် ၊ တေးသရုပ်ဖော် ၊ တေးသီချင်း သီဆိုမှုတွေအပြင် နှစ်ပါးသွားအစီအစဉ်ကိုလည်း မြိုင်မြိုင် ဆိုင်ဆိုင် ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။
 
ဖျော်ဖြေပွဲကို ဇာတ်သဘင်လောကမှာ နာမည်ကြီး မင်းသားတွေ ဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်း ၊ ဟန်ဇာမိုးဝင်း၊ ဖိုးချစ် ၊ ဇံဟိန်း စတဲ့ မင်းသားတွေ အပါအဝင် နှင်းဆီ အဖွဲ့သားတွေကလည်း ပါဝင် ဖျော် ဖြေ ခဲ့ကြ ပါတယ်။
 
အဲဒီပွဲကို နှစ်ရက်တိုင် ပြုလုပ်မှာဖြစ်ပြီး ဒီကနေ့ ညပိုင်းမှာလည်း အမျိုးသားကဇာတ်ရုံမှာ ကပြသွားဖို့ရှိပါတယ်။
 
ရုပ်သံသတင်းထောက် - ဇွဲဥာဏ်
Thursday, September 14, 2017

Top News