ရခိုင်အရေး ကူညီပေးနိုင်ဖို့ ရခိုင်အမျိုးသားအသင်းချုပ်က ရန်ပုံငွေ ဖျော်ဖြေပွဲလုပ်မယ်

Thu, 2017-09-14 09:50 -- zaythu
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာရတဲ့ ဒေသခံ ပြည်သူတွေကို ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးမှာ တစ်တပ်တအားပါဝင်နိုင်ဖို့ မျက်လှည့်ပညာရှင် မစ္စတာတော့ပ်နဲ့ ရခိုင်အမျိုးသားအသင်းချုပ်တို့ က ပူးပေါင်းပြီး ရန်ပုံငွေဖျော်ဖြေပွဲပြုလုပ်မယ်လို့သိရပါတယ်။
 
အဲဒီ့ ရန်ပုံငွေဖျော်ဖြေပွဲကို မစ္စတာတော့ပ်နဲ့ သားဖြစ်သူ ဟယ်ရီတို့က ပြကွက်ဆန်းဆန်းတွေနဲ့ အကောင်းဆုံးဖျော်ဖြေ သွားမယ်လို့ ဆိုပါတယ်။ ရရှိလာတဲ့ရန်ပုံငွေကို ရခိုင်ပြည်သူတွေ လက်ထဲအရောက် သွားရောက်လှူဒါန်းမှာဖြစ်ပြီး ၊ စိတ်ပင်ပန်းစရာတွေနဲ့ ကြုံနေရတဲ့ ပြည်သူတွေအတွက် ဟာသမျက်လှည့်ပြကွက်တွေကို လည်း ကိုယ်တိုင်သွားရောက်တင်ဆက်မှာလို့ သိရပါတယ်။
 
မောင်တောဒေသမှာ အကြမ်းဖက်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေဟာ နှစ်သောင်းကျော်ရှိခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာ၁၁ရက်နေ့မှာ ပြောဆိုထားခဲ့ပါတယ်။
 
ရုပ်သံသတင်းထောက် - ခင်ဝိုင်းဖြူဖြူ
 
Thursday, September 14, 2017

Top News