အခွေရောင်းရငွေအားလုံးကို အလှူလုပ်မယ့် ပိုင်တံခွန်

Wed, 2017-09-13 18:30 -- zaythu

မိန်းကလေးပရိသတ် အများစု အားပေးကြတဲ့  မော်ဒယ်လ်သရုပ်ဆောင် ပိုင်တံခွန်ဟာ စက်တင်ဘာ ၁၇ ရက်နေ့မှာကျရောက်မယ့် သူ့ရဲ့ (၂၁)နှစ်ပြည့်မွေးနေ့အတွက် ပရိသတ်တွေနဲ့အတူ အမှတ်တရတစ်ခုကိုလုပ်ခဲ့ပါတယ်။

ပရိသတ်တွေရဲ့တောင်းဆိုမှုနဲ့အတူ သီချင်းငါးပုဒ်ပါဝင်တဲ့ Mini Album ထုတ်ပြီး အခွေရောင်းရငွေအားလုံးကို မိဘမဲ့ဂေဟာ တစ်ခုမှာ အလှူလုပ်မှာဖြစ်ပါတယ်။

အဆိုတော်တစ်ယောက် မဟုတ်ပေမယ့်လည်း ပရိသတ်တွေနဲ့ အမှတ်တရဖြစ်စေဖို့ အတွက် ထုတ်ခဲ့တာဖြစ်သလို သူ့ရဲ့ ပထမဆုံးအခွေကို “ချစ်သူ” လို့ နာမည်ပေးထားပါတယ်။ ချစ်သူ mini album ကို ဒီလ ၁၆ရက်နေ့မှာ Bo Bo Music Production မှာ စတင်ရောင်းချမှာဖြစ်ပြီး လှည်းတန်းစင်တာမှာ ပရိသတ်တွေနဲ့ အမှတ်တရတွေ့ဆုံသွားမယ်လို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်

Wednesday, September 13, 2017