ပေါ်ပြူလာပလပ်စတစ်က ဦးကြင်ဦးရဲ့ ဘဝအချိုးအကွေ့တွေက ဘာတွေလဲ

Thu, 2017-08-24 09:33 -- zaythu
အခြေခံလူသုံးကုန်ပစ္စည်းတွေအများအပြားထုတ်လုပ်တဲ့ ပေါ်ပြူလာပလပ်စတစ်ဆိုတာ မသိသူမရှိသလောက်ပါ။
 
Popular Plastic Group ဆိုတဲ့ ဒီလုပ်ငန်းတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်မှာ အသက် ၁၇ နှစ်သား လူငယ် တစ်ယောက်က စတင်ထူထောင်ခဲ့တာပါ။
 
အခုဆိုရင်တော့ ပလပ်စတစ်စက်ရုံတွေတင်မကဘဲ ဆိုဂို မီးခလုတ်၊ PVC ပိုက်တွေနဲ့ ဟိုတယ်လုပ်ငန်းလောကထဲမှာပါ Popular ဆိုတဲ့နာမည်တစ်လုံးက နေရာယူလာနေပြီ ဖြစ်ပါတယ်။
 
အောင်မြင်မှုပန်းတိုင်တွေဆီလျောက်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲ အချိုးအကွေ့တွေကို သူတို့ ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ ဆိုတာကို 7Day TV ရဲ့ Turning Point အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ။
 
7Day TV ရဲ့ Turning Point အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ညတိုင်းမှာ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
Thursday, August 24, 2017