ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဖွဲ့စည်းမှု စတင်

Mon, 2017-08-21 16:29 -- zaythu

နှစ်နှစ်ဆယ်ကျော် သက်တမ်းရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့ပြီးတဲ့နောက်  ဗဟို အလုပ်အမှုဆောင်နဲ့ ဗဟိုကော်မတီဝင်တွေကို ရွေးချယ်ဖွဲ့စည်းလိုက်ပြီလို့ သတင်းရရှိပါတယ်။ မနေ့က သြဂုတ်လ ၂၀ ရက်မှာ  ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပါတီဗဟိုရုံးကို ဖွင့်လှစ်ခဲ့တာပါ။ 

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရမ်းဗြဲ၊တောင်ကုတ်နဲ့ ပေါက်တောမြို့နယ်တွေမှာလည်း ပါတီဗဟိုရုံးခွဲတွေကို ဆက်လက် ဖွင့်လှစ်ဖို့ရှိပြီး မြို့နယ်အလိုက် ပါတီဝင်တွေကို ရွေးချယ်ဖို့ရှိတယ်လို့ သိရပါတယ်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ နေရာ အများစုရခဲ့တဲ့ တိုင်းရင်းသားပါတီ တစ်ခုဖြစ်ပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၂ ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်တာမလုပ်ခဲ့ဘဲ  ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ပူးပေါင်းကာ ရခိုင်အမျိုးသားပါတီကို ထူထောင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းတွေ စုပေါင်းပြီး ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့တာပါ။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Monday, August 21, 2017

Top News