ပုဂံ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖို့ နီးပြီလား

Mon, 2017-08-21 13:30 -- zaythu

ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဒေသ အဖြစ် ယူနက်စကို တင်သွင်းဖို့ အဆိုပြုမူကြမ်း ၉၀ရာခိုင်နှုန်း ပြီးစီးနေပြီလို့ သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကပြောပါတယ်။

အဆိုပြုမူကြမ်းကို ဒီနှစ်စက်တင်ဘာဒါမှမဟုတ် အောက်တိုဘာလမှာ နောက်ဆုံးထားတင်သွင်းရမှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပြု မူကြမ်းမှာ ပုဂံဒေသရဲ့ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အချက်အလက်တွေ၊ ဗိသုကာလက်ရာတွေ၊ ပထဝီ အနေအထားတွေကို စနစ်တကျပြုစုပြီး ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ပုဂံဒေသက ကမ္ဘာပေါ်မှာရှိတဲ့ အခြားယဉ်ကျေးမှု အမွေအနှစ်တွေနဲ့မတူဘဲ ကွာခြားချက်တွေရှိတဲ့ အတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရတာတွေရှိတယ်လို့လည်း သူရဦးအောင်ကိုကပြောပါတယ်။

ရုပ်သံသတင်းထောက်- အိမ့်မြတ်နိုးဇော်၊မြတ်သီဟမောင်

Monday, August 21, 2017

Top News