ယာဉ်မတော်တဆမှုကြောင့် မြန်မာ Squash အားကစားအဖွဲ့ ပြိုင်ပွဲမဝင်တော့

Mon, 2017-08-21 12:19 -- zaythu

ဆီးဂိမ်းပြိုင်ပွဲဝင်ဖို့ မလေးရှားနိုင်ငံကိုရောက်နေတဲ့ Squash အားကစားအဖွဲ့ ပြိုင်ပွဲသွားနေတဲ့လမ်းမှာ ယာဉ်မတော်တဆမှုဖြစ်လို့ ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။ ပြိုင်ပွဲကျင်းပတဲ့ ဘူခက်ဂျာလီ အမျိုးသား အားကစားရုံသွားတဲ့လမ်းမှာ မြန်မာ ကစားသမားတွေ စီးနင်းလာတဲ့ ကားက အခြားကားတစ်စီးကိုဝင်တိုက်မိတာဖြစ်ပါတယ်။ 

ထိုင်းအသင်းနဲ့ယှဉ်ပြိုင်ကစားဖို့ အားကစားရုံအသွား ဒီကနေ့ သြဂုတ် ၂၁ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကစားသမားနဲ့ နည်းပြအဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ပြိုင်ပွဲကို ဝင်ပြိုင်တော့မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။  ထိခိုက်ဒဏ်ရာသူတွေကတော့ စိုးရိမ်ရတဲ့ အနေထားမဟုတ်ဘူးလို့ သိရပါတယ်။ 

သတင်းထောက်- ချစ်ဝိုင်း

Monday, August 21, 2017

Top News