နေပြည်တော်က ငလိုက်သာဆင်စခန်းမှာကျင်းပတဲ့ ကမ္ဘာ့ဆင်များနေ့အခမ်းအနား

Sat, 2017-08-12 17:11 -- zaythu

နေပြည်တော်က ငလိုက်စခန်းသာ ဆင်စခန်းမှာ ဒီကနေ့ သြဂုတ် ၁၂ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ ဆင်များနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ငလိုက်သာ ဆင်စခန်းမှာ ကမ္ဘာ့ဆင်များ နေကို့ ပထမဆုံးအကြိမ် ကျင်းပတာလဲဖြစ်ပါတယ်။

အဲဒီအခမ်းအနားကိုတော့ ကျောင်းသား ကျောင်းသူ တစ်ရာဝန်းကျင် လောက်ကို ဖိတ်ကြား ခဲ့ပြီး ဆင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပြောပြတာ ၊ ဆင်တွေကို အစာကျွေးတာတွေပြုလုပ်ခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ ဆင်တွေကို ဘူးဖေးအဖြစ် ပြောင်းဖူး ၊ ဌက်ပျောသီး ၊ ကြံ ၊ ဖရဲသီးနဲ့ ဖရုံသီး တွေကို ကျွေးမွေးခဲ့တာပါ။ အခုအချိန်မှာ ဆင်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဈေးကွက် တစ်ခုအနေနဲ့ ရောင်းချနေတာတွေ တွင်ကျယ်လာတာ ကြောင့် ဆင်တွေကို သတ်ဖြတ်မှုတွေ လျော့နည်းစေဖို့ ရည်ရွယ်ပြီး အခုလို အခမ်း အနားကျင်းပရတာလို့ သိရပါတယ်။

နေပြည်တော်မှာရှိတဲ့ ငလိုက်စခန်းသာ ဆင်စခန်းမှာ မြန်မာ့သစ်ထုတ်လုပ်ရေးက ပိုင်ဆိုင်တဲ့  ဆင်အကြီးအသေး ၁၀ ကောင် ရှိပါတယ်။ ဆင်စခန်း လာရောက်လှည်ပတ်သူတွေကို ဆင်စီးခအဖြစ် ကျပ်သုံးထောင်နဲ့ သဘာဝတောထဲမှာ မိနစ်နှစ်ဆယ်ကြာ လှည့်ပတ်စီးနိုင်တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း 

Saturday, August 12, 2017