ယူနိုက်တက် အမရဘဏ် ၇ နှစ်ပြည့် အထိမ်းအမှတ်အလှူဒါနပွဲ

Sat, 2017-08-12 17:06 -- zaythu

ယူနိုက်တက် အမရဘဏ် တည်ထောင်တာ ( ၇ ) နှစ်ပြည့်  အထိမ်းအမှတ် အနေနဲ့ ဘဏ်ဝန်ထမ်းတွေက ဒီကနေ့ သြဂုတ်လ ၁၂ ရက်က  ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ အသံလှူဒါန်းတာတွေ အပါအဝင် အလှူဒါနပြု တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
 
လက်ရှိ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ အသက် ခြောက်နှစ်ကနေ ၁၈ နှစ်အတွင်း အရွယ် မျက်မမြင်သူတွေကို ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ပေးနေတာ ဖြစ်ပြီး ကျောင်းသားပေါင်း ၁၂၀ ရှိတယ်လို့ သိရပါတယ်။
 
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Saturday, August 12, 2017