အသစ်ထွက်မယ့်အခွေထဲမှာ ပရိသတ်တစ်ဦးကို ပါဝင်သီဆိုခွင့်ပြုမယ့် နီနီခင်ဇော်

Sat, 2017-08-12 17:01 -- zaythu

တေးသံရှင် နီနီခင်ဇော်ဟာ နောက်ထွက်လာမယ့် တတိယမြောက်အခွေမှာ အရင်က ထွက်ရှိခဲ့တဲ့ အခွေတွေ နဲ့ မတူညီတဲ့ အပြောင်းအလဲတစ်ခု လုပ်ဖို့ အစီအစဉ် ရှိနေပါတယ်။ အဲဒီအစီအစဉ်ကို  Redgen လို့အမည်ပေးထားပြီး   ဂီတ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းမယ့် မျိုးဆက်သစ် ဂီတအဆိုရှင်ကို ရွေးထုတ်မယ့် အစီအစဉ်ပါ။
 
Redgen အစီိအစဉ်မှာ ပါဝင်လာတဲ့ ပရိသတ်တွေထဲကနေ အရည်အချင်းရှိတဲ့ မျိုးဆက်သစ် အဆိုရှင်တစ်ယောက်ကို ရွေးထုတ်သွားမှာဖြစ်ပြီး သူမရဲ့ တတိယအယ်လ်ဘမ်မှာ ပါဝင်သီိဆိုခွင့်ပြုမှာဖြစ်ပါတယ်။ တေးသံရှင် နီနီခင်ဇော်အနေနဲ့ ပါဝင်သီဆိုခွင့်ရမယ့် သူမရဲ့ပရိသတ်အတွက် ရင်ခုန်နေသလို ဂီတလမ်းကြောင်းအပေါ်မှာ ဆက်လက်ရပ်တည်နိုင်အောင် ဆွဲခေါ်သွားချင်တယ်လို့ ဆိုလာပါတယ်။
 
လက်ရှိ မှာ အဲဒီ တတိယအယ်လ်ဘမ်အတွက်လည်း ပြင်ဆင်နေပြီဖြစ်သလို သူမအတွက် အချိုးအကွေ့များနိုင်မယ့် အယ်လ်ဘမ်တစ်ခုလို့ ဆိုလာပါတယ်။ ဒါ့ကြောင့် နီနီခင်ဇော်ရဲ့ တတိယအခွေမှာ ပါဝင်ချင်သူတွေအနေနဲ့ Redgen အစီအစဉ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ Redgen By Ni Ni Khin Zaw Page မှာ လေ့လာပြီး မိမိတို့ရဲ့အရည်အသွေးကို ဖော်ထုတ်နိုင်ပြီလို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်

Saturday, August 12, 2017