Tourism

  • Wed 04 Oct 2017 - 11:56
    ဂျပန်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ကိုယ်တိုင် တိုကျိုမြို့ သို့ သွားရောက်၍ ဈေးကွက်မြှင့် တင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ ကြောင်း ယင်းဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။
  • Wed 04 Oct 2017 - 11:54
    တောင်ကိုရီးယားနိုင်ငံ စက်မှုမြို့ တော် အူဆန် (Ulsan)နှင့် မန္တလေး မြို့တို့အကြား ညီအစ်မမြို့တော် (Sister City)အဖြစ် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန် စက်တင်ဘာတတိယပတ်က နှစ်နိုင်ငံမြို့တော်ဝန်များ တွေ့ဆုံကာ လက်မှတ်ရေးထိုးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မ တီဝင် ဦးရဲမြတ်သူက ပြောသည်။
  • Wed 27 Sep 2017 - 11:57
    သြဂုတ်အတွင်းက ထုတ် ပြန်ကြေညာသည့် မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဥပဒေ မူကြမ်းအပေါ် အကြံပြုချက်များ စုစည်းနေရာ ပေးပို့လာသည့် အ ကြံပြုချက်များကို ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။
  • Wed 27 Sep 2017 - 11:54
    ထိုင်းနယ်စပ်မှ တစ်ဆင့် ကယားပြည်နယ်သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာ ရောက်လည်ပတ်နိုင်စေမည့် အစီ အစဉ်တစ်ခုကို ပြည်နယ်အစိုးရ စီမံမှုဖြင့် အကောင်အထည်ဖော် ရန် ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။
  • Wed 27 Sep 2017 - 11:53
    ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင် များနှင့် မြန်မာနိုင်ငံမှ ခရီးသွား လုပ်ငန်းရှင်များတွေ့ဆုံ၍ နှစ်နိုင်ငံခရီးစဉ်များအကြောင်း အပြန်အလှန်မိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ရန် ရန်ကုန်နှင့် မန္တလေးမြို့ တို့တွင် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း Tourism Authority of Thailand (TAT) မှ ပွဲစီစဉ်သူ ဒေါ်နန်းကပြောသည်။ 
  • Wed 20 Sep 2017 - 12:05
    ရန်ကုန်မြို့ စန္ဒကူးလမ်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပိုင် မြေနေရာတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း ကာ ဟိုတယ်စီမံကိန်းတစ်ခုအ ကောင်အထည်ဖော်ရန် ဆွေးနွေး နေကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်(MTF)ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။ 
  • Wed 20 Sep 2017 - 12:04
    နယ်စပ်မှတစ်ဆင့် နိုင်ငံတကာခရီးသွားများ ပိုမိုဝင်ရောက်ရေး နိုင်ငံတကာ ၀င်ပေါက်ဂိတ်များ တိုးချဲ့သတ်မှတ်နိုင်ရန် ပြင်ဆင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးက ပြောသည်။
  • Wed 20 Sep 2017 - 12:03
    မြန်မာနိုင်ငံ၌ ဟိုတယ်လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံခရီး သွားလုပ်ငန်း ပူးပေါင်းဆောင်ရွက် မှုများကို အကောင်အထည်ဖော်  မည်ဖြစ်ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူးချုပ် Mrs.Carrie Lam က ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးနှင့် တွေ့ဆုံရာတွင် ပြောကြား သည်။ ‘‘မြန်မာနိုင်ငံက ခရီးသွားအ ရင်းအမြစ် အလွန်ပေါကြွယ်ဝတဲ့ အတွက် ဟောင်ကောင်ခရီးသွား များ လာရောက်လည်ပတ်ဖို့ အခွင့် အလမ်းများစွာ ရှိပါတယ်။ ဟောင် ကောင်က ရင်းနှီးမြှုပ်နှံသူတွေဟာ ပြည်ပကို ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ လျက်ရှိတဲ့အတွက်၊ မြန်မာနိုင်ငံ က ဟိုတယ်လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံနိုင်မှာ ဖြစ်ပြီး ခရီးသွားလာ ရေးဟာ ပြည်သူအချင်းချင်း ချစ် ကြည်ရင်းနှီးမှု ရရှိရေး အဓိကတစ် ရပ်ဖြစ်ပါတယ်’’ ဟု Mrs.Carrie Lam ကပြောသည်။
  • Wed 20 Sep 2017 - 12:02
    မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးခရီး သွားလုပ်ငန်းရှင်များနှင့် သက် ဆိုင်ရာ ဝန်ကြီးဌာနများ အားလုံး စုစည်းကာ လာမည့်ပွင့်လင်းရာသီ ၌ မြန်မာ့ခရီးသွားညီလာခံ (Mya-nmar Tourism Summit) ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဦးသက်လွင်တိုးက ပြော သည်။
  • Tue 19 Sep 2017 - 11:44
    ဘာသာရေး ယုံကြည်မှုတွေ၊ တိုင်းရင်းသား မျိုးနွယ်စု ခွဲခြားသတ်မှတ်ချက်တွေနဲ့ သွေးကွဲနေတဲ့ နိုင်ငံမျိုး မဖြစ်စေလိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၁၉ ရက်က နေပြည်တော်မှာ ပြောကြားတဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အရေးနဲ့ ဘင်္ဂါလီ ပြဿနာတွေ၊ နိုင်ငံတကာ ဖိအားပေးမှုတွေ၊ အစိုးရရဲ့ ကိုင်တွယ်လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စုံစုံလင်လင် ထည့်သွင်း ရှင်းလင်းသွားပါတယ်။
  • Wed 13 Sep 2017 - 11:48
    အမှောင်ဖုံးသော သောကြာနေ့ (Black Fir-day) ဟူ မြန်မာ့အစိုး ရက တင်စားသတ်မှတ်ခဲ့သည့် သြဂုတ် ၂၅ ရက် ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်တိုက် ခိုက်မှုများဖြစ်ပွားပြီးနောက် ပြည်တွင်းနှင့် ကမ္ဘာ့မီဒီယာအသီးသီးတွင် မြန်မာ့သတင်းများသည် ထိပ်တန်းသတင်းအဖြစ် ရက်ပေါင်းများစွာ ရှိနေခဲ့သည်။
  • Wed 06 Sep 2017 - 10:30
    ကမ္ဘာကျော်ခရီးသွားဝက်ဘ်ဆိုက် TripAdvisor ၏မိသားစုဝင်လုပ် ငန်းခွဲ ဝက်ဘ်ဆိုက် JETSETTER က ကမ္ဘာတစ်ဝန်းရှိ သွားရောက်လည်ပတ်ရန် အကောင်းဆုံးသော နေရာ၁၀ ခုကို ထုတ်ပြန်ရာ ပုဂံဒေသ နှင့် မိုးပျံပူဖောင်း ဝန်ဆောင်မှု (Balloon Over Bagan) တို့ကို အဆင့် (၅) နေရာတွင် ထည့်သွင်း ဖော်ပြထားသည်။ 
  • Wed 06 Sep 2017 - 10:27
    ၂၀၁၇ တွင် ခရီးသွားလုပ်ငန်းနယ် မြေအသစ်သုံးခုကို ဖော်ထုတ်ပြီး မြန်မာနိုင်ငံသို့ ခရီးသွားဦးရေအ မြောက်အမြားလာရောက်နိုင်ရန် ဆွဲဆောင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။ 
  • Sun 03 Sep 2017 - 22:23
    ကမ္ဘာလှည့်ခရီးသွား ၁,၂၀၀ ခန့် ပါရှိသည့် ငြိမ်းချမ်း ရေးလှုပ်ရှားမှု အပျော်စီးသင်္ဘော  (Peace Boat) သည် ဩဂုတ် နောက်ဆုံးပတ်က ပထမဆုံးအ ကြိမ် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်လည်ပတ်ခဲ့သည်။  အဆိုပါ ခရီးစဉ်ကို ဂျပန် နိုင်ငံမှ NGO အဖွဲ့အစည်းတစ်ခု နှင့် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကောင်စီတို့ကပူးပေါင်းစီစဉ်ပြီး ကမ္ဘာလှည့်ခရီး သည် ၁,၁၅၆ ဦးနှင့် သင်္ဘောဝန် ထမ်း ၃၃၇ ဦးတို့ လိုက်ပါလာ ကြောင်း ခရီးစဉ်အတွက် တာဝန် ယူစီစဉ်ပေးသည့် Myanmar Voyagas International Tou-rism ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက ပြောသည်။
  • Wed 30 Aug 2017 - 12:12
    အင်းလေးဒေသတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုစေရန်မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရှမ်းတောင်ဇုန်)နှင့် Partnership For Change,Inle Speaks တို့ ပူးပေါင်း၍ ကျေးရွာများရှိ ဒေသခံများအား ၀ါးလက်မှု ပညာအခြေခံသင်တန်း ပို့ချပေး မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဒေါက်တာထွန်းလှိုင်က ပြောသည်။
  • Wed 30 Aug 2017 - 12:11
    မြနန်းစံကျော် ရွှေနန်းတော်နှင့် အင်းဝမြို့ဟောင်းအနီးရှိ ခံတပ် သုံးခုကို နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လည်ပတ်ရန် ခရီးသွားဇုန်တစ်ခုအနေဖြင့် ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်မည် ဖြစ် ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။ 
  • Wed 30 Aug 2017 - 12:10
    အင်းလေးဇုန်ဝင်ကြေးကို ကန်ဒေါ်လာ ၁၀ ဖြင့် ကောက်ခံနေရာမှ ယခုနှစ် အောက်တိုဘာကစ၍ ကန်ဒေါ်လာ ၁၀ (သို့မဟုတ်) ယင်းနှင့်ညီမျှသော မြန်မာကျပ်ငွေ နှစ်မျိုးလုံးဖြင့် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(တောင်ကြီးဇုန်) တာဝန်ရှိသူက ပြောသည်။
  • Wed 23 Aug 2017 - 11:23
    ပြည်တွင်းသို့ လာရာက်လည်ပတ် သော နိုင်ငံခြားသားခရီးသွားဧည့် သည်များထံမှ ခရီးသွားကဏ္ဍဖွံ့ ဖြိုးရေးရန်ပုံငွေ (Tourism Deve-lopment Fund )ကောက်ခံမည့်အ စီအစဉ်ကို ၂၀၁၈ ဇန်နဝါရီတွင် စတင်နိုင်ရန် မျှော်မှန်းထားသော်လည်း ကောက်ခံမည့်ပုံစံကို အတည်ပြုနိုင်ရန် ဆွေးနွေးနေဆဲဖြစ် ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ် ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။ 
  • Wed 23 Aug 2017 - 11:21
    အာဆီယံဒေသအတွင်း အသန့် ရှင်းဆုံး ခရီးသွားမြို့များနှင့် စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေ သော မြို့များအဖြစ် မြန်မာနိုင်ငံမှ မြို့ငါးခုအား ရွေးချယ်ကာ အာဆီယံခရီးသွားဖိုရမ်(ATF)တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။ 
  • Wed 16 Aug 2017 - 12:15
    ပုပ္ပားတောင်ကို မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသက အို အေစစ်ဟု တင်စားကြသည်။ မီး တောင်ဟောင်းဖြစ်ပြီး သစ်တော သစ်ပင်များစွာ ကျန်ရှိနေသေး သော ပုပ္ပားတောင်မကြီးနှင့် နတ် ကိုးကွယ်ယုံကြည်သူများ နှစ်တိုင်း သွားကြသော ပုပ္ပားတောင်ကလပ် တို့ကြောင့် ၂၀၀၅ က ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းတွင် နတ်ကိုးကွယ်ယုံကြည်သူများအတွက် အကောင်းဆုံးစိတ်ခံစားမှုပေးနိုင်သော နေရာအဖြစ်ပင် ရွေးချယ်ခံရသည်။ ဒဏ္ဍာရီဆန်ဆန် ရာဇဝင်များနှင့် လှပသောရှုခင်းများက ခရီးသွားများ၏ စိတ်အာရုံကို အမြဲဆွဲဆောင်နိုင်သော နေရာဖြစ်သည်။

Pages

Subscribe to Tourism