Tourism

  • Wed 03 May 2017 - 12:18
    ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ အတွက် လိုင်စင်လျှောက်ထားရာ တွင် အွန်လိုင်းမှ လျှောက်ထားနိုင် ရန် ၂၀၁၆ နှစ်လယ်ခန့်ကစ၍ ခွင့် ပြုခဲ့သော်လည်း အွန်လိုင်းစနစ်အ သုံးပြုလျှောက်ထားသူ အနည်း ငယ်သာရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောကြားသည်။ 
  • Wed 03 May 2017 - 12:17
    ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုနည်းပါး သော မိုးရာသီ၌ မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှုနည်းပါး၍ သွား ရောက်လည်ပတ်ရန် ကောင်းမွန် သော ဒေသများသို့ ခရီးသွားဧည့် သည်ဝင်ရောက်မှု တိုးတက်လာ စေရန် Green Season (Monson Season)စီမံကိန်းပြုလုပ်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနမှ သတင်းရရှိသည်။ 
  • Wed 26 Apr 2017 - 12:24
    မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာရေးထိုးမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
  • Wed 26 Apr 2017 - 12:22
    သင်္ကြန်ကာလတွင် ငွေဆောင်ကမ်းခြေသို့ တစ်ရက်လျှင် ပြည်တွင်း၊ ပြည်ပခရီးသည် သုံးထောင်ခန့် လာရောက်လည်ပတ်ပြီး ရာသီဥတုအခြေအနေကြောင့် ယခင်နှစ်ကထက် အနည်းငယ်လျော့နည်းခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန (ငွေဆောင်)မှ သတင်းရရှိသည်။
  • Tue 11 Apr 2017 - 12:47
    သင်္ကြန်ကာလတွင် နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရန် အစီအစဉ်များပြု လုပ်ထားသည့် မန္တလေးကျုံး တောင်ဘက်လမ်းလျှောက်သင်္ကြန်၌ ခရီးသွားဧည့်သည်များ၏ လုံခြုံရေးနှင့် လိုအပ်သည့် အကူအညီ များ ဆောင်ရွက်ပေးရန် ကမ္ဘာလှည့် ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့ များ တိုးချဲ့နေရာချပေးမည် ဖြစ် သည်။ ‘‘မန္တလေးကျုံးတောင်ဘက် ကို လမ်းလျှောက်သင်္ကြန်ဆိုတာ  လေးစီစဉ်ထားပါတယ်။ အဲဒီနေရာမှာ နိုင်ငံခြားသားဧည့်သည်တွေ လာကြမှာ ဖြစ်တဲ့အတွက် ပုံမှန် တာဝန်ထမ်းဆောင်နေကြ နေရာ တွေအပြင် အဲဒီနေရာအတွက် အရာရှိတစ်ဦး ဦးစီးပြီးတော့ ကမ္ဘာ လှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့ ငါးဦးလောက် တာဝန်ယူပြီး ဆောင်ရွက်သွားဖို့ စီစဉ်ထားပါ တယ်’’ဟု ကမ္ဘာလှည့်ခရီးသွားလုံ ခြုံရေးရဲတပ်ဖွဲ့ (မန္တလေး)မှ ဒုရဲမှူးလှမြင့်က ပြောသည်။
  • Tue 11 Apr 2017 - 12:46
    သင်္ကြန်ကာလ ပြည်တွင်း ခရီးစဉ်များထဲ၌ အွန်လိုင်းမှ ဟို တယ်အခန်း ကြိုတင်မှာယူမှု (ဘွတ်ကင်) ပြုလုပ်မှုများထဲ၌ ဘားအံခရီးစဉ်သည် အများဆုံး အဖြစ်ရပ်တည်နေကြောင်း ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ် ဘွတ်ကင်ဝန်ဆောင်မှု ၀က်ဘ် ဆိုက် Jovago က သတင်းထုတ် ပြန်သည်။
  • Tue 11 Apr 2017 - 12:43
    ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ပင်းတယမြို့သို့ လာရောက်လည် ပတ်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ယခုလကစ၍ ဇုန်ဝင်ကြေးကို ငါးဒေါ်လာအထိ တိုးမြှင့်ကောက်ခံသွားရန် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနက တရားဝင်ထုတ်ပြန်သည်။
  • Wed 05 Apr 2017 - 12:51
    သင်္ကြန်ကာလ ပိတ်ရက်ရှည် ခရီးထွက်ဖို့ စိတ်ကူးကိုယ်စီနဲ့ ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေ စီစဉ်ထားကြသူတွေ ရှိသလို ပူပြင်းတဲ့နွေကာလမှာ ရေမကစားဘဲသဘာဝရှုခင်းအလှအပတွေကို ခံစားပြီး အပန်းဖြေခရီးထွက်လိုသူတွေ အတွက်ခရီးသွား ကုမ္ပဏီတွေကို မေးမြန်းထားတဲ့ လည်ပတ်သင့်တဲ့ခရီးစဉ်ခုနစ်ခုကို ဖော်ပြလိုက်ပါတယ်။ ရာသီဥတု မျှတပြီး သွား ရောက်လည်ပတ်ဖို့ အကောင်းဆုံး ခရီးစဉ်တွေထဲမှာ ကနဦး ဖော်ပြလိုတာက ကလောတောင်တက်ခရီးစဉ် (Trekking) ဖြစ်ပြီး အေးမြလတ်ဆတ်တဲ့ နံနက်ခင်းလေးကို တဝကြီးခံစားပြီး ထင်းရှူးပင် များကြားမှာ တောင်တက်တဲ့ အတွေ့အကြုံကို ခံစားချင်သူများအတွက် အထူးသင့်တော်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
  • Wed 29 Mar 2017 - 11:55
    တယ်နှင့် ခရီးသွား လာရေး ၀န်ကြီးဌာန၏တစ်နှစ်တာဆောင်ရွက်ချက်များအနက် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး တွန်းအားပေး ဆောင်ရွက်ခြင်း၊ နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှုအရေအတွက် စာရင်းပြောင်းလဲခြင်းစသည့်ကိစ္စရပ်များက အပေါင်းလက္ခဏာဆောင်သော ဆောင်ရွက်ချက်များဖြစ်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများက သုံးသပ်သည်။ တစ်နှစ်တာအတွင်း နိုင်ငံခြားခရီးသွားများ ပိုမိုတိုးတက်ဝင်ရောက်လာရန် မျှော်မှန်းလုပ်ဆောင်ခဲ့သော်လည်း ထင်သလောက် မအောင်မြင်ခဲ့ကြောင်း ကိန်းဂဏန်းအချို့က ပြဆိုနေသည်။
  • Wed 22 Mar 2017 - 11:38
    မကြာမီရောက်ရှိလာတော့မည့် မြန်မာ့ရိုးရာနှစ်ကူးကာလ ရုံးပိတ်ရက်များသည် နိုင်ငံတစ်ဝန်းရှိ မြန်မာနိုင်ငံသားအားလုံး အပန်းဖြေအနားယူရာ ကာလတစ်ခုဖြစ်ပြီး ရိုးရာအတာရေသဘင်ပွဲတော်ဆင်နွှဲကြသူများရှိသလို အားလပ်ရက်များကို အသုံးချကာ ပြည်တွင်းနှင့်ပြည်ပရှိ ခရီးစဉ်များကို သွားရောက်လည်ပတ်ခြင်းသည် ခေတ်စားသည့် အလေ့အထတစ်ခုဖြစ်သည်။ အထူးသဖြင့် ယခုနှစ်သင်္ကြန်ကာလတွင် ပြည်တွင်းအလည်အပတ်ခရီးစဉ်များထက် ပြည်ပခရီးစဉ်များသို့ သွားရောက်ရန် ၀ယ်ယူမှုသိသာစွာမြင့်တက်လာပြီး အာရှတိုက်အတွင်းရှိ အိမ်နီးချင်းနိုင်ငံများအပြင် အနောက်ဥရောပနိုင်ငံများသို့ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားသူများလာကြောင်း ခရီးသွားလုပ်ငန်းရှင် များထံမှ သိရသည်။
  • Wed 15 Mar 2017 - 12:17
    ၂၀၁၇ ၏ ပထမသုံးလအတွင်း ငပလီနှင့် ချောင်းသာကမ်းခြေများသို့ ပြည်တွင်းပြည်ပမှ လာရောက်လည်ပတ်သူများပြားနေပြီး ယမန် နှစ်ကထက် ၂၀ရာခိုင်နှုန်းခန့်မြင့်တက်လာကြောင်း ယင်းဟိုတယ်ဇုန်များက သတင်းရရှိသည်။
  • Wed 15 Mar 2017 - 12:10
    ယခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီအတွင်း မြိတ်ကျွန်းစုဒေသသို့ စက်တပ်ရွက်လှေများဖြင့် လာ ရောက်လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည် ၁,၄၀၀ ခန့်ရှိပြီး ယခင်နှစ်ထက် မြင့်တက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေး ၀န်ကြီးဌာနက သတင်းထုတ် ပြန်သည်။
  • Wed 15 Mar 2017 - 11:48
    နိုင်ငံခြားခရီးသွားများ ကန့်သတ်နယ်မြေစာရင်းတွင်ပါဝင်သည့် မိုးကုတ်မြို့သို့ ခွင့်ပြုချက်တင်ပြပါက သွားရောက်ခွင့်ပြုမည်ဟု ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ တရားဝင်ခွင့်ပြုလိုင်စင်ဖြင့် မှတ်ပုံတင်ထားသော ခရီးသွားကုမ္ပဏီများက နိုင်ငံခြားသားခရီးသွားဧည့်သည်များကို မိုးကုတ်မြို့သို့ ပို့ဆောင်လိုပါက မြို့ပေါ်တစ်နေရာတည်းကိုသာ သွားလာခွင့်ပြု မည်ဖြစ်ပြီး မန္တလေး-မတ္တရာ-သပိတ်ကျင်း-မိုးကုတ် လမ်းကြောင်းကသာ သွားရောက်ရမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
  • Wed 08 Mar 2017 - 11:57
    ပြည်တွင်းလေကြောင်းလိုင်းတစ်ခု ဖြစ်သော FMIလေကြောင်းလိုင်း သည် လာမည့်ဧပြီက စတင်ကာ မြန်မာနိုင်ငံမြောက်ဖျားရှိ မြစ် ကြီးနားမြို့နှင့် တောင်ဖျားရှိကော့ သောင်းမြို့များသို့ ခရီးစဉ်တိုးချဲ့ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း သတင်းရရှိသည်။
  • Wed 08 Mar 2017 - 11:55
    ရခိုင်ပြည်နယ် စစ်တွေလေ ဆိပ်တွင် လေယာဉ်ခြောက်စီးအ ထိ တစ်ပြိုင်တည်း ၀န်ဆောင်မှု ပေးနိုင်ရန် အဆင့်မြှင့်တင်တည် ဆောက်နေသည့် လေဆိပ်အ ဆောက်အအုံသစ်ကို မတ်လကုန်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်တွင်း လေကြောင်းဦးစီးဌာန၊ စံချိန် စံညွှန်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဌာနခွဲမှ သတင်းရရှိ သည်။
  • Wed 08 Mar 2017 - 11:54
    ၂၀၁၇ နှစ်ဆန်းကစ၍ ငွေဆောင် ကမ်းခြေတွင် ပင်လယ်ရေအောက်ရှုခင်းများ ကြည့်ရှုနိုင်သည့်Scuba Diving အပန်းဖြေ ရေငုပ်သော ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် ၇၅ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း Myanmar Dive Center ကုမ္ပဏီမှ မန်နေဂျာကိုရူပသက်ဝေက ပြောသည်။
  • Wed 22 Feb 2017 - 12:00
    နိုင်ငံခြားခရီးသွားများ အဓိက ၀င်ထွက်ရာမြို့ဖြစ်သည့် ရန်ကုန်မြို့ကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် Yangon Tourism Master Plan တစ်ရပ်ရေးဆွဲနေကြောင်း သတင်းရရှိသည်။
  • Wed 22 Feb 2017 - 11:58
    အလောင်းတော် ကဿပအမျိုးသားဥယျာဉ်ကို သဘာဝ အခြေပြုခရီးသွားလုပ်ငန်း (Eco- Tourism) ဖြစ်လာစေရန် ဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။
  • Wed 15 Feb 2017 - 13:42
    ပုဂံဘုရားများပေါ်တွင် နေ၀င်ချိန် တက်ရောက် ကြည့်ရှုသူ ဦးရေ လျှော့ချရန် ဘုရားပေါ်သို့ တက်ရောက်သူများအား ၀င်ကြေး ကောက်ခံရန် ဆွေးနွေးလျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သတင်းရရှိသည်။
  • Wed 15 Feb 2017 - 13:40
    ဟံသာဝတီလေဆိပ် စီမံကိန်းလုပ် ကိုင်ခွင့်ရကုမ္ပဏီနှင့် စီမံကိန်းစ တင်ရေးစာချုပ်ကို ယခုလအတွင်း ချုပ်ဆိုနိုင်ရန် ခန့်မှန်းထားသော် လည်း ဆွေးနွေးညှိနှိုင်းဆဲဖြစ်၍ ခန့်မှန်းချက်အတိုင်း စာချုပ်ချုပ်ဆို နိုင်မည် မဟုတ်ကြောင်း သတင်း ရရှိသည်။

Pages

Subscribe to Tourism