Tourism

  • Sat 23 May 2015 - 17:03
    မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက်လာသည့်အတွက် ၂၀၁၄-၁၅ ခရီးသွားရာသီအတွင်း၌ ယမန် နှစ်ကထက် အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၃၅ ရာခိုင်နှုန်းအထိ တိုးချဲ့ခန့်ထားနိုင်ခဲ့ကြောင်း ခရီး သွားလုပ်ငန်းရှင်များထံမှ သတင်း ရရှိသည်။ ‘‘ဝန်ကြီးဌာနရဲ့ စာရင်းတွေ အရ ၂၀၁၄-၁၅ ခရီးသွားရာသီ အတွင်းမှာ နိုင်ငံခြားခရီးသွားဝင် ရောက်မှုနှုန်းက တော်တော်လေး မြင့်တက်လာခဲ့တဲ့အတွက် ခရီး သွားလုပ်ငန်းနဲ့ပတ်သက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းပေါင်း သိန်းချီပြီး ထပ်ဖြည့်ခဲ့ရတာကို တွေ့ရတယ်။ မနှစ်ကနဲ့ယှဉ်ရင်တော့ ၃၅ ရာခိုင်နှုန်းလောက် အထိ မြင့်တက်လာပါတယ်’’ဟု Nature Dream ခရီးသွားကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က ပြောသည်။  
  • Sat 23 May 2015 - 16:55
    ပြည်တွင်းသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားဧည့်သည်များသည် ယခုနှစ်ပိုင်းအတွင်း သဘာဝအခြေခံခရီးသွားဒေသများကဲ့သို့ နေရာဒေသအသစ်များသို့ သွားရောက်လည်ပတ်ရန် တောင်းဆိုနှုန်းမြင့်တက်လာကြောင်း ခရီးသွားလုပ်ငန်းများမှ သတင်းရရှိသည်။ ‘‘နိုင်ငံခြားခရီးသွား ဧည့်သည်တွေအနေနဲ့ ပုံမှန်လည်ပတ်နေကျနေရာတွေအပြင် ဖွံ့ဖြိုးမှုနည်းသေးတဲ့ တခြားခရီးသွားဒေသအသစ်တွေကိုလည်း သွားချင်တယ်ဆိုပြီး တောင်းဆိုမှုတွေများလာပါတယ်။ ဒါပေမဲ့ အဲဒီဒေသတွေကို သူတို့ အဆင်ပြေပြေနဲ့ လည်နိုင်အောင် စနစ်တကျလုပ်ပေးဖို့ လိုအပ်ချက်တွေရှိနေသေး ပါတယ်’’ဟု Go and Go ခရီးသွား ကုမ္ပဏီဥက္ကဋ္ဌဦးခင်မောင်စိန်က ပြောသည်။  
  • Sat 16 May 2015 - 14:05
    ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံ၏ ခရီး သွားလုပ်ငန်း ဈေးကွက်မြှင့်တင် ရေးရုံးခန်းဖွင့်လှစ်ရန် ဆွေးနွေးမှု များပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) မှသတင်းရရှိသည်။ ‘‘ဂျပန်မှာ မြန်မာ ခရီးသွား ဈေးကွက်မြှင့်တင်ရေး ရုံးခန်းဖွင့် ဖို့အတွက် ၀န်ကြီးဌာနရယ်၊ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ရယ်ပေါင်းပြီးတော့ ဂျပန်ကုမ္ပဏီ တစ်ခုနဲ့ ဆွေးနွေးနေတာပါ’’ ဟု MTF တွဲဖက်အထွေထွေအတွင်း ရေးမှူး ဦးဖြိုးဝေရာဇာက ပြော ကြားသည်။  
  • Sat 16 May 2015 - 14:01
    မိုးရာသီဖြစ်သည့် ဇွန်လမှအောက် တိုဘာအထိ ငပလီနှင့်ငွေဆောင် ကမ်းခြေတို့၌ ဟိုတယ် အများစု ပိတ်ထားမည် ဖြစ်သော်လည်း ချောင်းသာကမ်းခြေရှိ ဟိုတယ်အများစုကို ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ပုံမှန်အားဖြင့်တော့ မေလ ကုန်ဆိုရင် ဟိုတယ် တော်တော် များများ ပိတ်ကြတယ်။ ဒါပေမဲ့ ဟိုတယ်ငယ်လေးတချို့ ဖွင့်တာ တော့ရှိတယ်။ ၉၀ ရာခိုင်နှုန်း လောက်ပိတ်တယ်လို့ပြောလို့ရပါ တယ်’’ ဟု ငွေဆောင်ဟိုတယ်ဇုန် ဥက္ကဋ္ဌဦးအောင်သိုက်က ပြောကြားသည်။  
  • Sat 09 May 2015 - 16:06
    လူဇင်ဘတ်နိုင်ငံအခြေစိုက် Lux Development အေဂျင်စီက မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်း တွင် ကျွမ်းကျင်သင်တန်းနည်းပြ ဆရာများပေါ်ထွက်လာရန် လေးနှစ်ကြာအကူအညီပေးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းရရှိသည်။  
  • Sat 09 May 2015 - 16:06
    ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်တင် အပျော် စီးသင်္ဘော ၂၆ စီးလာရောက်ရန်ရှိပြီး ဧပြီလကုန်အထိ ၁၉ စီးလာရောက်ပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သတင်းရရှိသည်။  
  • Sat 02 May 2015 - 15:42
    သင်္ကြန်ကာလအတွင်း ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေလည်ပတ်ကြသော ခရီးသည်များ ကြက်ပျံမကျအောင် စည်ကားခဲ့ပြီး လာရောက်လည်ပတ်သူ များသည်နှင့်အမျှ နောက်ဆက်တွဲ ကျန်ခဲ့သည့်ဆိုးကျိုးက အမှိုက်များပင်ဖြစ်သည်။ ချောင်းသာတွင် သင်္ကြန်ကာလပြီးရက်တွင် အမှိုက်များစွာ ကမ်းခြေနေရာအနှံ့ ကျန်ရစ်ခဲ့သည်။ သင်္ကြန်ကာလအပြီး ချောင်းသာကမ်းခြေတွင် အမှိုက်များစွာကျန်နေခဲ့ခြင်း အကြောင်းအရာကို ချောင်းသာဒေသခံများက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်၌် ဓာတ်ပုံများဖြင့် ထုတ်ဖော်ပြသခဲ့ကြသည်။ လူအများ လည်ပတ်မှုများသော နေရာများတွင် အမှိုက်သရိုက်ပေါများနေခြင်းသည် ချောင်းသာကမ်းခြေတစ်ခုတည်းမဟုတ်။ ခရီးသည်အသွားအလာများသော ကျိုက်ထီးရိုး၊ အင်းလေး စသည့်ဒေသများတွင်လည်း တွေ့မြင်ရမှု များလာသည်။  
  • Sat 25 Apr 2015 - 18:12
    မေလကုန်တွင် ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလား မြန်မာ ယူ-၂၀ အသင်းအုပ်စုပွဲစဉ်ကြည့်ရှုခွင့်အပါအ၀င် နယူးဇီလန်အလည်အပတ်ခရီးစဉ် သွားရောက်ရန် လူလတ်ပိုင်းပရိ သတ်များစာရင်းပေးသွင်းမှု များနေကြောင်း နယူးဇီလန်ခရီးစဉ်ပို့ ဆောင်သည့် ခရီးသွားလုပ်ငန်းများ မှ သတင်းရရှိသည်။ ပြည်တွင်းနှင့် ပြည်ပခရီးသွားကုမ္ပဏီများက နယူးဇီလန်နိုင်ငံ တွင် မေလ ၃၀ ရက်၌ စတင်ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားပွဲစဉ်အတွက် မြန်မာယူ-၂၀ အသင်းပါဝင်သော အုပ်စုပွဲစဉ်များကြည့်ရှုခွင့်အပါအ ၀င် နယူးဇီလန်မြို့၏ အထင်ကရ ခရီးစဉ်ဒေသများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄,၀၀၀ မှ ၅,၀၀၀ ခန့်ဖြင့် ပို့ဆောင်မည် ဖြစ်သည်။  
  • Sat 25 Apr 2015 - 18:11
    တစ်နိုင်ငံလုံးတွင် ၂၀၁၄ တစ်နှစ်အတွင်း ဟိုတယ်နှင့် တည်း ခိုရိပ်သာ ၁၈၀ ကျော် တိုးလာပြီး အခန်းအရေအတွက် ရှစ်ထောင် ကျော် တိုးတက်လာကာ ရန်ကုန် တွင် အများဆုံးဖြစ်ကြောင်း ဟို တယ်နှင့် ခရီးသွားလာရေး လုပ် ငန်းဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။ ပြီးခဲ့သည့်နှစ်ကုန်တွင် ဟို တယ်နှင့် တည်းခိုရိပ်သာပေါင်း ၁,၁၀၆ လုံး၊ အခန်းအရေအတွက် ၄,၂၃၄ ခန်းရှိနေပြီး ၂၀၁၃ က ဟို တယ်နှင့် တည်းခိုရိပ်သာ ၉၂၃ လုံး၊ အခန်းအရေအတွက် ၃၄,၈၃၄ ခန်း ဖြစ်သောကြောင့် တစ်နှစ်တာအတွင်း အလုံးရေ ၁၈၃ လုံး၊ အခန်းအရေအတွက် ၈,၄၀၉ ခန်းအထိ တိုးတက်လာခဲ့ သည်။  
  • Sat 25 Apr 2015 - 18:09
    သင်္ကြန်အပါအ၀င် ပွဲတော်များတွင် ဟိုတယ်အခန်းခများမြင့်တက်မှုရှိ သော်လည်း အခန်းလိုအပ်ချက်ဖြည့် ပေးမှ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင် အသင်းဒုဥက္ကဋ္ဌက ပြောသည်။ သင်္ကြန်အပါအ၀င် ဒေသအ လိုက် ပွဲတော်များအတွင်း ဟိုတယ် ခများ ဈေးတက်ခြင်းနှင့် သာမန်အ ချိန်များတွင်လည်း ဟိုတယ်အခန်း ခများဒေသတွင်း နိုင်ငံများထက် ဈေးမြင့်နေခြင်းများ ရှိနေသော် လည်း ဟိုတယ်အသစ်များထပ်မံ တိုးချဲ့ဆောက်လုပ်မှသာ ထိုကဲ့သို့ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဒုဥက္ကဋ္ဌ ဦးခင် မောင်ပြုံးက ပြောသည်။ ‘‘ဟိုတယ်ခတွေ ဈေးလျှော့ ဖို့ဆိုတာ အစိုးရက ဘယ်လောက် ပဲယူပါလို့ ၀င်သတ်မှတ်လို့မရဘူး။သတ်မှတ်ရင်လည်း အသင်းက လည်း လက်ခံမှာ မဟုတ်ဘူး။ ဈေးနှုန်းကျဖို့က ဈေးကွက်လိုအပ်ချက် ကို ဖြည့်တင်းပေးနိုင်မှ ဖြစ်မယ်။ အခု ဟိုတယ်အသစ်တွေ ထပ်ဆောက်တာရှိလာတော့ ဈေးကွက်သဘောအရ ဈေးက မကြာခင် ပုံမှန်နှုန်းတစ်ခု ဖြစ်လာမှာပါ’’ ဟု ၎င်းက ပြောသည်။  
  • Thu 09 Apr 2015 - 18:06
    စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့လေဆိပ်သို့ မန်းရတနာပုံလေကြောင်း လိုင်းမှ တစ်ပတ်လျှင် တစ်ကြိမ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မန်းရတနာပုံလေကြောင်းလိုင်းသည် ခန္တီးသို့ ပြေးဆွဲသော ဒုတိယမြောက် လေကြောင်းလိုင်းဖြစ်လာပြီး လက်ရှိတွင် နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်း မှ ပုံမှန်ခရီးစဉ်များ ပြေးဆွဲလျက်ရှိနေကြောင်း သတင်းရရှိသည်။ မန်းရတနာပုံလေကြောင်းလိုင်းသည် ဧပြီ ၅ ရက်(တနင်္ဂနွေနေ့)မှ စတင်ကာ မန္တလေးမှ ခန္တီးသို့ တစ်ပတ်လျှင် တစ်ကြိမ် တနင်္ဂနွေတိုင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် ဦးကျော်မျိုးက ပြောသည်။
  • Thu 09 Apr 2015 - 18:06
    ရန်ကုန်မြစ်တွင်းသွား အပျော်စီး သင်္ဘောများ သင်္ကြန်ကာလတွင် တစ်ပတ်ခန့်ရပ်နားထားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ သင်္ကြန်ကာလအတွင်း ဝန် ထမ်းများ အနားရစေရန် သင်္ကြန် အတွင်း တစ်ပတ်ခန့်ရပ်နားပြီး နှစ် ဆန်း ၂ ရက်မှ ပြန်ထွက်မည်ဖြစ် ကြောင်း Yangon River Cruise အထွေထွေမန်နေဂျာ ဦးနေမိုး အောင်က ပြောသည်။ Royal Green River အပျော် စီးသင်္ဘောသည် သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ မှ ၁၇ ရက်အထိ ခရီးစဉ် များရပ်နားထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အတူ Dora အပျော်စီး သင်္ဘောလည်း ရပ်နားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
  • Thu 09 Apr 2015 - 18:05
    ချောင်းသာကမ်းခြေတွင် ပင်လယ် ကမ်းစပ်အထိ ဆင်း၍ စားပွဲခုံများခင်းထီးမိုးကာ ဆိုင်ဖွင့်ရောင်းချနေ သဖြင့် နေ့စဉ်ရှင်းလင်းသိမ်းဆည်း နေရကြောင်း ကျေးရွာအုပ်ချုပ် ရေးမှူးကပြောသည်။ ‘‘ဧပြီ ၂ ရက်က ကမ်းခြေက ဆိုင်တွေကို သိမ်းပါတယ်။ သူတို့ ကို ကြိုတင်ပြီးလည်း ပြောထားပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မနက်ပိုင်းသိမ်းပြီး မကြာပါဘူး။ ညနေပိုင်းလည်း ရောက်ရော ပြန် ဖွင့်ကြတာပဲ’’ဟု အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကပြောသည်။
  • Sat 04 Apr 2015 - 14:13
    ကမ္ဘာလှည့်ခရီးသည်များ လွှတ်တော်အတွင်း လည်ပတ်လေ့လာနိုင်ရန် ဆွေးနွေးနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ  သတင်းရရှိသည်။ ‘‘လွှတ်တော်က ညွှန်ကြား ရေးမှူးချုပ်နဲ့ သွားပြီးဆွေးနွေး ထားတယ်။ သူတို့ဘက်က လာ ရောက်လည်ပတ်မယ်ဆိုရင် ဘယ် နှရက် ကြိုတင် လျှောက်ထားရ မယ်၊ ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာကို ဆွေးနွေးတယ်။ ဒီဘက် ကနေလည်း ခရီးသွား လုပ်ငန်း တွေကို ခရီးစဉ်ထည့်သွင်းရေးဆွဲနိုင်ဖို့အတွက် စာပို့ပေးမယ်’’ ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြန်ကြားရေးအရာရှိ ဦးရဲအောင်မျိုးကပြောသည်။
  • Sat 04 Apr 2015 - 14:13
    ကမ္ဘာကျော် ခရီးသွားလာမှု လမ်း ညွှန်တစ်ခုဖြစ်သည့် Trip Advisor ၀က်ဘ်ဆိုက်မှ အားလပ်ရက် အ ပန်းဖြေရန် ကမ္ဘာ့အကောင်းဆုံး ကမ်းခြေများ စာရင်းတွင် ငပလီ ကမ်းခြေ ဒေသကို ထည့်သွင်းခဲ့ ကြောင်း သတင်းရရှိသည်။ အားလပ်ရက်တွင် အပန်း ဖြေလည်ပတ်နိုင်ရန် အသင့်တော် ဆုံးအဖြစ် ကမ္ဘာအနှံ့ရှိ ကမ်းခြေ ၂၆ ခုတွင် အာရှဒေသအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေနှင့် ထိုင်းနိုင်ငံရှိ Nai Harn ကမ်းခြေဒေသကို ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။
  • Sat 04 Apr 2015 - 14:03
    နေပြည်တော်လေဆိပ်သို့ ခြောက်လိုင်းမြောက် ပြည်တွင်း  လေကြောင်း လိုင်းအဖြစ် အဲကမ္ဘောဇက ပုံမှန်ခရီးစဉ်ပျံသန်းပြေးဆွဲသွားမည်ဟု သတင်းရရှိသည်။ အဲကမ္ဘောဇ လေကြောင်း လိုင်းက ရန်ကုန်-နေပြည်တော်- မန္တလေး ခရီးစဉ်ကို တစ်ပတ်လျှင် ၅ ရက် ဧပြီ ၂၂ ရက်မှစတင်ကာ ပြေးဆွဲသွားမည်ဟု အဲကမ္ဘောဇ၏ စီးပွားရေးအရာရှိချုပ်ဦးမြတ်သူက ပြောသည်။
  • Fri 27 Mar 2015 - 16:18
    နေပြည်တော်ကို အခြေစိုက်၍ ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင် ရွက်ရန် စီစဉ်နေကြောင်း ဟို တယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ သတင်းရရှိသည်။ နေပြည်တော်ကို အစည်း အဝေးပွဲများ၊ ညီလာခံများ၊ ပြပွဲ များကို အခြေခံသော (Meeting၊ Incentive၊ Conference၊ Ex-hibition- MICE) ခရီးစဉ်တစ်ခု အဖြစ် ဖွံ့ဖြိုးတိုးတက်ရန် ဆွေးနွေးပွဲကို နေပြည်တော်၌ မတ်လ ၁၈ ရက်ပြုလုပ်ခဲ့သည်။
  • Fri 27 Mar 2015 - 16:13
    မြန်မာယူ-၂၀ အသင်း ကမ္ဘာ့ ဖလားအုပ်စုပွဲစဉ်ကြည့်ရှုခွင့် အပါအ၀င် နယူးဇီလန် အလည်အပတ်ခရီးစဉ်ကို ပြည်တွင်းနှင့် ပြည်ပခရီးသွားကုမ္ပဏီများက တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄,၀၀၀ ခန့်ဖြင့် ပို့ဆောင်စီစဉ်နေပြီဟု သတင်းရရှိသည်။
  • Sun 22 Mar 2015 - 14:48
    ပြည်တွင်းခရီးသွားများအများဆုံး လည်ပတ်သော ချောင်းသာကမ်း ခြေတွင် သင်္ကြန်မတိုင်မီကပင် လာရောက်လည်ပတ်သူ များသဖြင့် အခန်းများပြည့်နေပြီး ယခင်နှစ်အလားတူ ကာလထက် ပိုမိုများပြားကြောင်း သတင်းရရှိသည်။
  • Sun 22 Mar 2015 - 14:40
    သင်္ကြန်ကာလအတွင်း ပုံမှန်ပြေး ဆွဲနေသော လားရှိုး-မူဆယ်- တရုတ်နယ်စပ် ရွှေလီခရီးစဉ်ကို ယခုနှစ်တွင် မငြိမ်မသက်မှုများ ကြောင့် ကုမ္ပဏီအချို့ ခရီးစဉ်ရပ် ဆိုင်းထားကြောင်း ခရီးသွားလုပ် ငန်းဈေးကွက်မှ သတင်းရရှိသည်။

Pages

Subscribe to Tourism