Technology

  • Wed 31 Jan 2018 - 20:39
     Huawei သည် Honor အမှတ်တံဆိပ်ဖြင့် ဟန်းဆက်အ ရောင်းဆိုင်ကို ရန်ကုန်မြို့၌ ဇန်န ဝါရီနောက်ဆုံးပတ်တွင် စတင်ဖွင့် လှစ်ခဲ့သည်။ Honor ဟန်းဆက်များကို Huawei ကုန်အမှတ်တံဆိပ် အောက်တွင် ယခင်က ထားရှိခဲ့ သော်လည်း ယခုအခါ သီးခြားအ ဖြစ် ဈေးကွက်တွင် ရပ်တည်ခြင်းဖြစ်သည်။
  • Tue 30 Jan 2018 - 00:45
    လေယာဉ်ပျံသန်းနေစဉ် အခမဲ့ဝိုင်ဖိုင် အင်တာနက်စနစ် ကို အသုံးပြုနိုင်ပြီဟု ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်း လိုင်းက ဇန်န၀ါရီ ၂၂ ရက်တွင် ကြေညာသည်။   ဂြိုဟ်တုဆက်သွယ်ရေး စနစ်ကို အခြေခံ၍ လေယာဉ်ပေါ် တွင် ၀ိုင်ဖိုင်စနစ်ထုတ်လွှင့်ပေး ခြင်းဖြစ်သည်။ ခရီးသည်များ ခါးပတ်  ဖြုတ်ထားနိုင်ကြောင်း အချက်ပေးသံ ထွက်ပေါ်လာသည့် အခါ ၀ိုင်ဖိုင်စတင်အသုံးပြုနိုင် ကြောင်း Nok Air ပြန်ကြားရေး တာဝန်ခံ မစုစုထွေးက ပြောသည်။
  • Thu 25 Jan 2018 - 19:48
     ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပသည့် ဆိုက်ဘာလုံခြုံရေး ပြိုင်ပွဲမှ ထူးချွန်သူများကို ဂျပန်- အာဆီယံဆိုက်ဘာလုံခြုံရေး ပြိုင် ပွဲသို့ စေလွှတ်မည်ဟု အမျိုးသား ဆိုက်ဘာလုံခြုံရေး ဗဟိုဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးကပြောသည်။  အမျိုးသားဆိုက်ဘာလုံခြုံ ရေးပြိုင်ပွဲကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်တို့ ပူးပေါင်းကျင်းပပြီး ပြိုင်ပွဲကို  ရန်ကုန်မြို့ MICT Parkတွင် ကျင်းပခဲ့သည်။
  • Thu 25 Jan 2018 - 19:46
     ပြည်တွင်း၌ လက်ရှိ အသုံးပြုနေသည့် အင်တာနက် မြန်နှုန်းထက် လေးဆခန့်ပိုမိုမြန် ဆန်သည့် 4Gpro ကွန်ရက်ကို တရုတ်အခြေစိုက် ဆက်သွယ်ရေး ကွန်ရက် နည်းပညာကုမ္ပဏီ ZTE နှင့် Ooredoo ပူးပေါင်းကာ ဇန်န ဝါရီ ၂၅ ရက်က မန္တလေးမြို့တွင် စတင်မိတ်ဆက်ခဲ့သည်။ ‘‘5G ကွန်ရက် အပြည့်အဝ ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစား ဆောင်ရွက်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အဆင့်မြင့်ကွန်ရက်ဖြစ်တဲ့ 4Gproနည်းပညာကို မန္တလေးမြို့မှာ စတင်ပြီး မိတ်ဆက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်’’ဟု Ooredoo မြန်မာ အမှုဆောင်အရာရှိချုပ် ဗစ်ကရန်ဆင်ဟာက ပြောသည်။
  • Thu 25 Jan 2018 - 00:28
    VR လို့ အတိုကောက် ခေါ်ဝေါ်တဲ့ ပုံရိပ်ယောင် နည်းပညာဟာ လက်တွေ့အသုံးပြုသူကို ကွဲပြားတဲ့ ကမ္ဘာမြေတစ်ခုဆီ ခေါ်ယူသွား ဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပါတယ်။ အမြင်အာရုံ၊ အကြားအာရုံတွေကို သမားရိုးကျဖြစ်တည်မှု လောကဆီကနေ ခွဲထွက်ပြီး အတု အယောင် ကမ္ဘာတစ်ခုအသွင် ပြောင်းလဲပေးထားတာ ဖြစ်ပါ တယ်။ အခုတော့ ပညာရှင်တွေ က တတိယြေ
  • Wed 24 Jan 2018 - 21:33
     ဆက်သွယ်ရေးအော် ပရေတာများ၏ လိုင်စင်ပါစည်း ကမ်းချက်ကို မြေပြင်ကွန်ရက် လွှမ်းခြုံမှုအစား လူဦးရေအပေါ် ကွန်ရက် လွှမ်းခြုံခြင်းအဖြစ် ပြောင်းလဲခဲ့ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။  ဆက်သွယ်ရေးအော်ပရေ တာများ လိုင်စင်စတင်ရယူစဉ်က သက်တမ်းငါးနှစ်အတွင်း မြန်မာ နိုင်ငံ၏ ပထဝီမြေပြင်ဧရိယာ ၈၀ ရာခိုင်နှုန်းကျော်ကို ဆက်သွယ် ရေးကွန်ရက် လွှမ်းခြုံပေးရမည်ဟု ကတိပြုခဲ့သည်။  ပြောင်းလဲသည့် စည်းကမ်းချက်မှာ လိုင်စင်သက်တမ်း လေးနှစ်အတွင်း နိုင်ငံ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော် ကွန်ရက် လွှမ်းခြုံရန်ဖြစ်ကြောင်း ဦးကျော် မျိုးက ပြောကြားသည်။
  • Wed 24 Jan 2018 - 14:30
    တစ်နိုင်ငံလုံးအတိုင်း အတာ အင်တာနက်အသုံးပြုမှု၌ ရန်ကုန်တိုင်းဒေသကြီးသည် ၃၄ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးနေရာတွင်ရှိနေကြောင်း ဆက်သွယ်ရေးအော်ပရေတာ တယ်လီနောက ထုတ်ပြန်သည်။
  • Wed 24 Jan 2018 - 14:30
    တစ်နိုင်ငံလုံးအတိုင်း အတာ အင်တာနက်အသုံးပြုမှု၌ ရန်ကုန်တိုင်းဒေသကြီးသည် ၃၄ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးနေရာတွင်ရှိနေကြောင်း ဆက်သွယ်ရေးအော်ပရေတာ တယ်လီနောက ထုတ်ပြန်သည်။
  • Wed 24 Jan 2018 - 14:29
    တရုတ်လေကြောင်းလိုင်းများက လေယာဉ်ပျံသန်းနေစဉ် စမတ်ဖုန်း သုံးစွဲခွင့် တားမြစ်ထားခြင်းကို ရုပ်သိမ်းခဲ့ပြီး ခရီးသည်များအား Flight Mode ဖြင့် အသုံးပြုခွင့် စတင်ပေးနေပြီဖြစ်သည်။
  • Wed 24 Jan 2018 - 14:28
    အိုင်စီတီလုပ်ငန်း စတင်ခါစဖြစ်သည့် Startup များကို ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းက  သီးခြားအဖွဲ့ဝင် အဖြစ်  စတင်လက်ခံမည်ဟု ကြေ ညာခဲ့သည်။
  • Wed 24 Jan 2018 - 14:27
    ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပ သည့် ရန်ကုန်ဘားကမ့်ကို ဇန်န ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တွင် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) ၌ ကျင်းပမည်ဖြစ်သည်။
  • Mon 22 Jan 2018 - 21:56
     ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက အရည်အသွေးမြင့် သတင်းဌာနများကို ခွဲခြားဖော် ထုတ်ရေးနှင့် သတင်းများ ဖော်ပြ မှု၊ တမင်တကာသတင်းကြီးရန် ဖော်ပြမှုများ တိုက်ဖျက်ရေး ဖေ့စ်ဘွတ်ခ်သုံးသူများကို  စစ်တမ်း ကောက်ယူမှု ရလဒ်များသုံးကာ ၎င်းတို့၏ လူမှုမီဒီယာတွင် ယုံကြည်ထိုက်သည့် သတင်းများကို ဦးစားပေးဖော်ပြမည်ဟု အမှု ဆောင်အရာရှိချုပ် မာ့ခ်ဇူကာ ဘက်က ပြောကြားသည်။ လစဉ်အသုံးပြုသူ နှစ်ဘီလီ ယံကျော်ရှိသည့် ဖေ့စ်ဘွတ်ခ်ကုမ္ပ ဏီသည် ကျွမ်းကျင်သူများ (သို့မ ဟုတ်) ဖေ့စ်ဘွတ်ခ်အမှုဆောင်အရာရှိများကမဟုတ်ဘဲ ဖေ့စ် ဘွတ်ခ်သုံးသူများက ယုံကြည်စိတ်ချရမှုအပိုင်းတွင် သတင်းဝက်ဘ် ဆိုက်များ သတ်မှတ်သည့် အတန်း အစားသတ်မှတ်မှုကို အခြေခံ၍ ထိပ်တန်းသတင်းဌာနများ၏ သတင်းများကို ဦးစားပေးဖော် ပြမည်ဟု ပြောသည်။ ဒေသတွင်း သတင်းရင်းမြစ်များကို အထူးအ လေးထားဖော်ပြမည်ဟု ဖေ့စ်ဘွတ်ခ်ကပြောသည်။
  • Mon 22 Jan 2018 - 21:54
     တရားရုံးများသည် ဒစ် ဂျစ်တယ် အခွင့်အရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင် ခြင်းမရှိသေးကြောင်း ဒုတိယအ ကြိမ် ဒစ်ဂျစ်တယ်ဖိုရမ်သို့ တက် ရောက်လာသည့် တရားလွှတ် တော်ရှေ့နေတစ်ဦးက ပြောသည်။ တရားသူကြီးသည် ‘Share ပြုလုပ်ခြင်း’ ဆိုသည့် အဓိပ္ပာယ် ကိုပင်မသိကြောင်း ၎င်းက ပြော သည်။ နည်းပညာကဏ္ဍတွင် အီ လက်ထရွန်နစ်ဆက်သွယ်ဆောင် ရွက်ရေးဥပဒေနှင့် ဆက်သွယ်ရေး ဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်သော် လည်း လုံလောက်ခြင်းမရှိသေး ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က ကြေညာထားသည်။
  • Sun 21 Jan 2018 - 13:18
    အွန်လိုင်းပေါ်၌ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုနိုင် သည့် အခွင့်အရေးပိုမိုနည်းပါး လာကြောင်း နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း ‘ဖန်တီးရာ’က ထုတ်ပြန်သည်။
  • Sun 21 Jan 2018 - 13:11
    သုံးစွဲသူ အီလက်ထရွန်နစ် နည်းပညာပြပွဲ (CES 2018)ကတော့ ပြီးဆုံးခဲ့ပါပြီ။ နှစ်စဉ်ကျင်းပနေကျ CES တွေရဲ့ထုံးစံအတိုင်း CES 2018 မှာလည်း လူသုံးကုန်၊ဖျော်ဖြေရေး၊ ပို့ဆောင်ရေးကဏ္ဍပေါင်းစုံက နည်းပညာသစ် တွေ၊ ထုတ်ကုန်သစ်တွေကို အပြိုင်အဆိုင် ခင်းကျင်းပြသခဲ့ပါတယ်။ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ တီဗီတွေ၊ကားတွေအပြင် CES 2018 မှာ စက်ရုပ်နည်းပညာအသစ်တွေကိုလည်း ကုမ္ပဏီအသီးသီးက ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ အထူးသဖြင့် လူတွေကို စိတ်အပန်းပြေ စေဖို့၊ ကူဖော်လောင်ဖက်ဖြစ်စေဖို့ အဓိကရည်ရွယ်ဖန်တီးထားတဲ့ စက်ရုပ်ဒီဇိုင်းတွေကို CES 2018မှာ တွေ့မြင်နိုင်ပါတယ်။
  • Thu 18 Jan 2018 - 21:31
     ကျေးလက်လူထုကြား ကွန်ပျူတာအခြေခံနှင့် ဒစ်ဂျစ် တယ်နည်းပညာဆိုင်ရာ အသိပညာ ပြန့်ပွားရေးသင်တန်းဖွင့်လှစ် ပို့ချနိုင်ရန် မတ္တရာမြို့နယ်ရှိ လူငယ် ၂၀ ဦးအား ဒစ်ဂျစ်တယ်နည်း ပညာဆိုင်ရာ ဆရာဖြစ်သင်တန်း ပို့ချမည်ဟု မန္တလေးတိုင်းဒေသ ကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးဥက္ကာကျော်က  ပြော ကြားသည်။ လူငယ်များအား နည်းပညာ ဆိုင်ရာ ဆရာဖြစ်သင်တန်းပေး ရန် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်  လွန်တောင်းကျေးရွာ အမေ့ရိပ်အခမဲ့ကျောင်း (NLD ပညာရေးကွန်ရက်)နှင့် ပူးပေါင်း စီစဉ်ခြင်းဖြစ်သည်။
  • Thu 18 Jan 2018 - 21:31
     ဆက်သွယ်ရေးအော်ပ ရေတာ အူရီးဒူးသည် 4G မိုဘိုင်း အင်တာနက်ကွန်ရက်အတွက် လှိုင်းနှုန်းစဉ်တိုးချဲ့ရန် ကန်ဒေါ် လာသန်း ၈၀ ထပ်မံ ရင်းနှီးမြှုပ်နှံ ခဲ့ကြောင်း ဇန်န၀ါရီ ၁၈ ရက်တွင် ကြေညာသည်။ အူရီးဒူးသည် 2x10 MHz ပမာဏရှိသည့် 1800 လှိုင်းနှုန်း စဉ်ကိုကန်ဒေါ်လာသန်း ၈၀ ဖြင့် ဧပြီအတွင်း မြန်မာအစိုးရထံ ပထမအကြိမ်ငှားရမ်းခဲ့သည်။ 4G ကွန်ရက်အတွက် လိုင်းနှုန်းစဉ် သည် 2x75 MHz ပမာဏပြည့်မီ မှသာ အရည်အသွေးကောင်းမွန် သဖြင့် အူရီးဒူးက လှိုင်းနှုန်းစဉ် 2x10 MHz ပမာဏကို ထပ်မံငှား ရမ်းခြင်း ဖြစ်သည်။
  • Thu 18 Jan 2018 - 21:30
     တစ်ပတ်လျှင် တစ် ကောင်နှုန်း သတ်ဖြတ်ခံနေရသည့် မြန်မာ့တောဆင်ရိုင်းများ ကာ ကွယ်စောင့်ရှောက်ရေး လက် မှတ်ရေးထိုး လှုပ်ရှားမှုပြုလုပ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တောင်းဆိုမည်ဟု မိုမိုတို့ အတွက် ရင်တွင်းစကားသံအဖွဲ့ (VOICES FOR MOMOS) က ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန်သည်။ မြန်မာ့တောဆင်ရိုင်းများကို ကယ်တင်ရန် တစ်နိုင်ငံလုံးအနှံ့ မိုမိုတို့အတွက် ရင်တွင်းစကားသံ လှုပ်ရှားမှုတွင် လူထုအသိပညာပေးလှုပ်ရှားမှု အနေဖြင့် တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ရန် ကတိပြုဆန္ဒလက်မှတ်ရေးထိုးခြင်း လှုပ်ရှားမှုကို VOICES FOR MOMOS အဖွဲ့နှင့် ရွှေတောင်လုပ်ငန်းစုတို့ ပူးပေါင်း၍ ဇန်နဝါရီ ၁၆ ကစတင် ဆောင်ရွက်နေသည်။
  • Wed 17 Jan 2018 - 22:49
    လိုင်စင်ရဆက်သွယ်ရေးကုမ္ပဏီများအပေါ် ကောက်ခံမည့် အနိမ့်ဆုံးနှစ်စဉ်ကြေးကို ကျပ် ၁၅ သိန်း မှ ကျပ်သိန်း ၆၀ အထိ ယာယီသတ်မှတ်ထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမျိုးဆွေက ပြောကြားသည်။ ‘‘ဥပမာ ကုမ္ပဏီတစ်ခုက သိန်းတစ်ထောင်ဝင်လို့ ၂ ရာခိုင် နှုန်းပေးဆောင်ရမယ်ဆိုရင် သိန်း ၂၀ ပဲရှိတယ်။ ဒါပေမဲ့ သူက(အ ထူးလိုင်စင်အတွက်) သိန်း ၆၀ ပေးရမယ်။ သိန်းငါးထောင်ဝင်ရင် တော့ ၂ ရာခိုင်နှုန်းအပြည့်သိန်း ၁၀၀ ဆောင်ရမှာပဲ’’ ဟု ၎င်းက ပြောသည်။
  • Wed 17 Jan 2018 - 12:31
    မိုဘိုင်း ဖုန်းငွေဖြည့်ကတ်တွင် ဂဏန်းနံပါတ်များအစား QRကုတ်စနစ်ဖြင့် ငွေဖြည့်သွင်းနိုင်သည့်စနစ်ကို ဆက်သွယ်ရေးအော်ပရေတာတယ်လီနောနှင့် အူရီးဒူးကဇန်န၀ါရီအတွင်း စတင်ခွင့်ပြုခဲ့သည်။

Pages

Subscribe to Technology