Technology

  • Thu 08 Jun 2017 - 12:48
    အခုသီတင်းပတ်မှာကျင်းပခဲ့တဲ့ Apple ရဲ့ ကမ္ဘာလုံးဆိုင်ရာ Developer ညီလာခံ (WWDC)မှာ ကုမ္ပဏီက စိတ်ဝင်စားစရာနည်းပညာထုတ်ကုန်သစ်တွေကို စတင် မိတ်ဆက်ခဲ့ပါတယ်။ စမတ်လက်ပတ်နာရီ၊ Mac နဲ့ iDevice တွေမှာ အသုံးပြုတဲ့ OS မျိုးဆက်သစ်တွေအပြင် VR စနစ်ကို ထောက်ပံ့တဲ့ အမျိုးအစားအပါအဝင် Mac ကွန်ပျူတာအသစ်တွေကိုပါ Apple က ခင်းကျင်းပြသခဲ့ပါတယ်။
  • Wed 07 Jun 2017 - 21:51
     မြန်မာနိုင်ငံတွင်လာ ရောက်ရင်းနှီးမြှုပ်နှံသည့် မလေး ရှားအခြေစိုက် edotco ကုမ္ပဏီက အဆောက်အအုံများ၏ မြင်ကွင်း ကို အနှောင့်အယှက်ဖြစ်စေသည့် သံကိုယ်ထည် မိုဘိုင်းတာဝါတိုင် များအစား မီးခိုးခေါင်းတိုင်သ ဏ္ဌာန်တာဝါများ အစားထိုးစိုက် ထူမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ မီးခိုးခေါင်းတိုင်သဏ္ဌာန်မို ဘိုင်းတာဝါကို သန်လျင်မြို့နယ် Star City အိမ်ရာအဆောက်အ အုံပေါ်၌ ပထမဦးဆုံးတည် ဆောက်ခဲ့ပြီး အမ်ပီတီနှင့် အူရီးဒူး ကွန်ရက်ကို စတင်အသုံးပြုမည် ဖြစ်သည်။ ဒီဇိုင်းအသစ်နှင့်တာ ဝါတိုင်သည် အိမ် ၁၀,၀၀၀ ကျော်၊စတုရန်းမီတာ ၁ ဒသမ ၇သန်းကို ဖြန့်ကြက်နိုင်မည်ဖြစ်ပြီး မြို့ပြနှင့်ကိုက်ညီမှုရှိကြောင်း edotco ကုမ္ပဏီက ကြေညာသည်။
  • Sat 03 Jun 2017 - 22:13
     မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အော်ပရေတာလိုင်စင် လုပ်ငန်းမှ စီဒီအမ်အေ ၈၀၀ မို ဘိုင်းဖုန်းကွန်ရက်ကို ၀န်ဆောင်မှု ပေးအပ်နေသော MECTel သည် ဆက်သွယ်ရေး အော်ပရေတာ များနည်းတူ ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းကွန်ရက်ကို အဆင့်မြှင့်တင် တိုးချဲ့မည်မဟုတ်ကြောင်း ၀န်ဆောင်မှုဌာန အရာရှိတစ်ဦးက ပြောသည်။
  • Fri 02 Jun 2017 - 21:36
     ဆက်သွယ်ရေးအော်ပရေတာအားလုံး အပြိုင်အဆိုင်ဝန် ဆောင်မှုပေးအပ်နေသည့် 4G မို ဘိုင်းအင်တာနက်ကွန်ရက်၌ အ မြင့်ဆုံးဒေါင်းလုတ်အမြန်နှုန်း 40  Mbps အထိရရှိနေကြောင်း စုံစမ်း သိရသည်။ အချို့သောတည်နေရာများ တွင် အမြန်နှုန်းသည် 6Mbps သာ ရရှိခဲ့သော်လည်း အချို့သော တည်နေရာများ၌ 20 Mbps အထိ အမြန်နှုန်းရရှိကြောင်း MPT  ဆင်းမ်ကတ်ဖြင့် ရန်ကုန်မြို့တွင်4G အင်တာနက် အသုံးပြုသူကိုသာဂိက ပြောသည်။
  • Fri 02 Jun 2017 - 21:34
     သတင်းအချက်အလက် နည်းပညာသုံးဝန်ဆောင်မှုလုပ် ငန်းနှစ်ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်က ၀င်ငွေခွန်ကင်း လွတ်ခွင့် ပေးအပ်မည်ဟု ဧပြီ ၁ ရက်တွင် ကြေညာခဲ့သော်လည်း လာရောက်လျှောက်ထားသူမရှိ ကြောင်း ယင်းကော်မရှင် ညွှန် ကြားရေးမှူး ဦးလင်းထွဋ်ကပြော ကြားသည်။  ‘‘ဘယ်သူမှလာမလျှောက် သေးဘူး။ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်းလျှောက်လို့ရတယ်။ ပြည်တွင်း၊ ပြည်ပအကျုံးဝင် တယ်။ ဥပဒေက တစ်ခုတည်းဖြစ် သွားပြီ’’ ဟု ဦးလင်းထွဋ်က ပြော သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက် ဖြင့် ဦးစားပေးမြှင့်တင်မည့် ရင်း နှီးမြှုပ်နှံမှုကဏ္ဍ၌ သတင်းအချက် အလက်နှင့် နည်းပညာအခြေခံ အဆောက်အအုံကို ထောက်ပံ့ ပေးနိုင်သော ၀န်ဆောင်မှုနှင့် Software Development တို့ကို ထည့်သွင်းခဲ့သည်။
  • Wed 31 May 2017 - 21:10
     တယ်လီဖုန်းကိရိယာနှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ် ခွင့်လိုင်စင်နှင့် စမ်းသပ်ပြသခွင့် လိုင်စင်ရရှိထားသူ ၁၄၅ ဦးကခြောက်နှစ်အတွင်း  မိုဘိုင်းဟန်းဆက်၁၇ သန်းကျော် (၁၇,၈၄၉,၉၂၃) တင်သွင်းခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းကပြောသည်။  ခြောက်နှစ်အတွင်းတယ် လီကွန်း အော်ပရေတာသုံးခုမှ မိုဘိုင်းဆင်းမ်ကတ် ၈၇ သန်း ကျော် (၈၇,၃၇၇,၃၆၀) ကိုပြည် တွင်း၌ ရောင်းချခဲ့သော်လည်းမို ဘိုင်းဟန်းဆက်တင်သွင်းဖြန့်ချိမှု  သည်အလုံးရေ ၁၇ သန်းကျော်သာ ရှိ ခဲ့သည်ဟုဒုတိယဝန်ကြီးက မေလ၂၅ရက်တွင် ပြည်သူ့လွှတ် တော်၌ပြောသည်။
  • Wed 31 May 2017 - 21:09
     မလေးရှားနိုင်ငံအခြေစိုက်ဆက်သွယ်ရေးကုမ္ပဏီ edotco သည် တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံ၌ မိုဘိုင်းတာဝါတိုင်၁,၃၄၅ ခု တည်ဆောက်နိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကန် ဒေါ်လာ သန်း ၂၀ အသုံးပြုခဲ့ ကြောင်း စုံစမ်းသိရသည်။ edotco သည် ၂၀၁၅ ဒီဇင် ဘာအတွင်း Myanmar Tower ကုမ္ပဏီ၏ စတော့ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၂၂၁ သန်းဖြင့် ဝယ်ယူ၍ မြန်မာ နိုင်ငံ၏ တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ဝင်ရောက်လာ သည့် ကုမ္ပဏီဖြစ်သည်။
  • Wed 31 May 2017 - 12:46
    တရုတ်စမတ်ဖုန်း ကုမ္ပဏီဟွာဝေးက ၎င်းတို့၏ စမတ်ဖုန်းအသစ်များဖြစ်သော nova 2 နှင့် nova 2 Plus ဖုန်းများကို မိတ်ဆက်ခဲ့ပြီး ယင်းတို့၌ ကင်မရာနှစ်လုံးတွဲပါဝင်လာသည်။
  • Wed 31 May 2017 - 12:44
    Gionee ကုမ္ပဏီက ၎င်းတို့၏ နောက်ဆုံးထုတ်အက်စ်စီးရီး စ မတ်ဖုန်းများဖြစ်သော SIO၊SIOB နှင့် SIOC စမတ်ဖုန်းသုံးမျိုးကို မိတ်ဆက်ခဲ့သည်။ ယင်းဖုန်းများအနက် Gionee SIO သည် အကောင်းဆုံးဖြစ်၍ ရှေ့ နှင့်နောက်ကင်မရာနှစ်လုံးတွဲစီ ဖြင့် ကင်မရာလေးလုံးပါဝင်သည်။ ကျောဘက် ကင်မရာများသည် 16mp နှင့် 18 mpကင်မရာများဖြစ် ပြီး ရှေ့ဆယ်လ်ဖီကင်မရာများ သည် 20 mp နှင့် 8 mp ရှိ သည်။ SIO ၏မျက်နှာပြင်အကျယ် ၅ ဒသမ ၅ လက်မရှိ၍ Media Tok  Holia P25 ပရိုဆက်ဆာကို သုံးထားကာ RAM မှတ်ဉာဏ် 6GB ရှိသည့် ဘက်ထရီသည် 3450 mAh အမျိုးအစားဖြစ်သည်။
  • Wed 31 May 2017 - 12:41
    ရန်ကုန်တိုင်းဒေသကြီး ကွန် ပျူတာအသင်းများ ပူးပေါင်းဆောင် ရွက်နေသည့် ရွေ့လျားအိုင်စီတီ နည်းပညာသင်ကြားရေးအစီအ စဉ်ရေရှည်ရပ်တည်နိုင်ရန် အထောက်အပံ့များလိုအပ်နေသည်ဟု တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ပြောသည်။ ‘‘သင်ကြားရေးအတွက် ကုန် ကျစရိတ်ကို အသင်းနှစ်သင်း (ပညာရှင်အသင်း၊ လုပ်ငန်းရှင်အ သင်း)ကပဲ ခံလာတာပါ။ ဒါပေမဲ့ ရေရှည်မှာတော့ စပွန်ဆာသဘော မျိုးနဲ့ လိုအပ်လာပါတယ်။ အသင်း ၀င်ငွေကလည်း အားလုံးသိတဲ့အ တိုင်း ပြပွဲတွေကပဲရတာပါ။ ဒါက လည်း အရင်လိုမဟုတ်တော့ပါ ဘူး’’ဟု ၎င်းကပြောသည်။
  • Wed 31 May 2017 - 12:39
    ၂၀၁၄ က စတင်ကာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များ ထုတ်ပေးခဲ့ရာ လက်ရှိ၌ လိုင်စင်ထုတ်ပေးခဲ့သည့် ကုမ္ပဏီ ၁၂၆ ခုအထိ ရှိလာခဲ့ ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိ သည်။
  • Wed 31 May 2017 - 12:38
    ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာ နသည် 4G အတွက် အော်ပရေ တာများအသုံးပြုမည့် 1800 လှိုင်း နှုန်းစဉ်၏ ထပ်ဆောင်းလိုအပ် သော လှိုင်းနှုန်းစဉ်ကို ဦးရာလူ စနစ်ဖြင့် ငှားရမ်းမည်ဟု သတင်း ထုတ်ပြန်သည်။
  • Mon 29 May 2017 - 22:21
     မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည် 4G ကွန်ရက်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၌ ယနေ့မေလ ၃၀ ရက်တွင်စတင် အသုံးပြုခွင့်ပေးမည်ဟု ကြေညာခဲ့သည်။ ယခင်က 4G ကွန်ရက်ကို 3G အသုံးပြုနေသည့် 2100 လှိုင်း နှုန်းစဉ်ပေါ်တွင် ကွန်ရက်ဖွင့်လှစ် ၍ တည်နေရာ အကန့်အသတ်ဖြင့် အသုံးပြုစေခဲ့သော်လည်း ယခုအ ခါ တည်နေရာကန့်သတ်ချက်မရှိ တော့ဘဲ ရန်ကုန်၊မန္တလေးနှင့်နေ ပြည်တော်ရှိ မြို့အနှံ့၌ 4G ကွန် ရက်ကို  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ ‘‘အခုကတော့ ရတဲ့လှိုင်းနှုန်း စဉ် (2×10 MHz, 1800) ပေါ်မှာ ပဲ ဝန်ဆောင်မှုစပေးမှာ။ နောက် ပိုင်းတော့ ထပ်တိုးချဲ့ပြီး (Spectrum ပိုမိုရယူ၍) ဝန်ဆောင်မှုပေး သွားမယ်’’ ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ပြန်ကြားရေးတာ ဝန်ခံကပြောသည်။
  • Mon 29 May 2017 - 22:20
    ၂၀၁၄ ကစတင်၍ပြည်တွင်း ဆက်သွယ်ရေးကဏ္ဍအတွက် စက်ပစ္စည်းများ လာရောက် ရောင်းချခဲ့သည့် အမေရိကန်နည်း ပညာကုမ္ပဏီ Vertiv သည်လက်ရှိ မြန်မာနိုင်ငံတွင် ရုံးခွဲအနေဖြင့် တိုးချဲ့ဖွင့်လှစ်ကြောင်း စုံစမ်းသိရ သည်။ Vertiv သည် Emerson Network Power အမည်ဖြင့်ဒေ တာစင်တာ၊ ဆက်သွယ်ရေးကွန် ရက်နှင့် အခြားသောကဏ္ဍအသီး သီးအတွက် ပါဝါထိန်းချုပ်ရေးစ နစ်နှင့် သက်ဆိုင်သော စက်ပစ္စည်းများ၊ နည်းပညာများကို မြန်မာ နိုင်ငံအတွင်း ဖြန့်ချိခဲ့သည့် ကုမ္ပဏီဖြစ်သည်။
  • Mon 29 May 2017 - 00:38
     ရန်ကုန်တက္ကသိုလ် အင်္ဂ လိပ်စာဌာနနှင့် အင်္ဂလိပ်ဘာသာ စကား အမျိုးသားဗဟိုဌာနတို့ ပူးပေါင်းဖွင့်လှစ်မည့် Global English သင်တန်း၊ အခြေခံအ ဆင့်အတွက် မေလ ၂၆ ရက်တွင် အွန်လိုင်းမှ ခေါ်ယူခဲ့ကြောင်း သိရသည်။ ယင်းသင်တန်းတွင် Basic Level, Advanced Level-I, Advanced Level-II, Inter-mediate Level, Upper Inter-mediate Level စသည့် Level ငါးခုပါဝင်ပြီး သင်တန်းအဆင့်အားလုံးကို ဇွန်လ ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဟု ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာနမှ သိရသည်။
  • Sun 28 May 2017 - 13:43
    ဆက်သွယ်ရေးအော် ပရေတာ တယ်လီနောသည် တောင်ကြီးမြို့အပါဝင် ရှမ်းပြည်နယ်ကို 4G ကွန်ရက် ဖြန့်ကြက်နိုင်ရန် ဆောင်ရွက်နေကြောင်း  အော်ပရေတာ ပြန်ကြားရေးတာဝန်ခံ ကိုအဲလက်စ်က ပြောသည်။
  • Sun 28 May 2017 - 13:42
     မိုဘိုင်းဖုန်းများသို့ အခြား နိုင်ငံများမှ ခေါ်ဆိုမှုဖြစ်သည့် Fraud Call (တရားမဝင်ခေါ်ဆို မှု) များအဖြစ် Missed Call များ ဝင်ရောက်လာသည်ကို ပြန်လည် ခေါ်ဆိုပါက နိုင်ငံခြားခေါ်ဆိုမှု နှုန်းထားများအတိုင်း ကောက်ခံမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတိပေးခဲ့သည်။
  • Fri 26 May 2017 - 21:45
    1800 လှိုင်းနှုန်းစဉ်ကို အစိုးရထံမှ ငှားရမ်းခဲ့သည့် နောက်ပိုင်း တယ်လီနောသည်  ရန်ကုန်မြို့၌ 4G ကွန်ရက်စစ်စစ်ကို စတင်စမ်းသပ်ခဲ့သည်။ 2100 လှိုင်းနှုန်းပေါ်တွင် 4G ကွန်ရက်ကို အော်ပရေတာများအ နေဖြင့် တည်ဆောက်ခဲခြင်းဖြစ် ၍ပုံမှန် 3G ကွန်ရက်ထက် အမြန် နှုန်းနိမ့်ကျခဲ့ကြောင်း ၊ 1800 လှိုင်း နှုန်းစဉ်ရရှိလာခဲ့သည် 4G ကွန် ရက်စစ်စစ်ကို အသုံးပြုနိုင်တော့ မည်ဖြစ်ကြောင်း တယ်လီနော မြန်မာမှ စုံစမ်းသိရသည်။ 4G ကွန်ရက်စစ်စစ်သည်အ မြန်နှုန်း 150Mbps ရှိရမည်ဖြစ်၍ ယခင်က မိတ်ဆက်ထားခဲ့သည့် 4G ကွန်ရက်သည် 2100 လှိုင်းနှုန်း စဉ်ပေါ်တွင် တည်ဆောက်ထား ခြင်းဖြစ်သဖြင့် အမြန်နှုန်း 38Mbps သာအမြင့်ဆုံးရရှိခဲ့သည်။
  • Fri 26 May 2017 - 21:43
    မန္တလေးတိုင်းအစိုးရ အဖွဲ့၏ E-Government ဆိုင်ရာ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် နည်းပ ညာတက္ကသိုလ်ကျောင်းသားများ ဖြင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ရန် မြန်မာသတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ်(MIIT) တွင် E-Gove -rnment Lab တစ်ခုစတင်ဖွင့် လှစ်ခဲ့သည်။ ‘‘မြန်မာသတင်းအချက်အ လက်နဲ့ နည်းပညာတက္ကသိုလ် (MIIT) က ကျောင်းသူကျောင်း သားတွေရော ပါဝင်ပြီးမှ တိုင်းဒေ သကြီးရဲ့ E-Government ဆိုင် ရာကိစ္စတွေကို ကူညီပံ့ပိုးပေးနိုင် ဖို့အတွက် ရည်ရွယ်ပြီးတော့မှ ဒီ Lab ကို ဖွင့်လိုက်တာဖြစ်ပါတယ်’’ ဟု မန္တလေးတိုင်း ကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌဦးဥက္ကာ ကျော်က ပြောသည်။
  • Thu 25 May 2017 - 22:37
     တယ်လီကွန်ဈေးကွက် သည် မိုဘိုင်းအင်တာနက်ကို အ သားပေးသည့် ဈေးကွက်ဖြစ်လာ ပြီး လူတစ်ဦးအနေဖြင့် မိုဘိုင်း အင်တာနက်ကို လစဉ် 3GB ခန့် အသုံးပြုလာသည်ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Mr.Joslin က ပြောသည်။ တယ်လီနောမြန်မာဆင်းမ် ကတ်အသုံးပြုသူ ၁၉ သန်းရှိ သည့်အနက် ၆၄ ရာခိုင်နှုန်းသည် မိုဘိုင်းအင်တာနက်ကို ပုံမှန်အသုံးပြုနေကြောင်း၊ အင်တာနက်အ သုံးပြုသူများသည် လစဉ်ပုံမှန်အ နေဖြင့် အင်တာနက် 3GBပမာဏကို အသုံးပြုလေ့ရှိကြောင်း အော်ပရေတာစစ်တမ်းအရ သိရသည်။

Pages

Subscribe to Technology