Technology

  • Wed 16 Aug 2017 - 13:06
    ပြည်တွင်း၌ လူသုံးအများဆုံး မိုဘိုင်း Messaging App တစ်ခု ဖြစ်သည့် Viberက မိုဘိုင်းဆင်းမ် ကတ်တစ်ခုထက်ပို၍ အသုံးပြုသူများအတွက် ဖုန်းနံပါတ်အသစ်ဖြင့် Viber အသုံးပြုလိုပါက လက်ရှိ အသုံးပြုနေသော အကောင့်မှ အချက်အလက်များ မပျက်စီးဘဲ ဖုန်းနံပါတ်သာ ပြောင်းလဲအသုံးပြုနိုင်မည့်   ဝန်ဆောင်မှုအသစ်ကို မိတ်ဆက်ခဲ့သည်။
  • Wed 16 Aug 2017 - 13:04
    နိုင်ငံတစ်ဝန်းရှိ လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေသော ကလေးငယ်များအနေဖြင့် ကျောင်းပြင်ပပညာသင်ကြားခြင်းအတွက်သာမကဘဲ အသက်မွေးဝမ်းကျောင်းပညာများကိုပါ ရွေ့လျားစနစ်ဖြင့် သင်ကြားပေးနိုင်မည့်   ဘတ်စ်ကားတစ်စီးကို Samsung မြန်မာက လှူဒါန်းခဲ့သည်။
  • Wed 16 Aug 2017 - 13:01
    သြဂုတ်တွင် ဖေ့စ်ဘွတ်ခ်က အသစ်ပေးအပ်ခဲ့သည့် Update Version သည် ယူနီကုတ်နှင့် ဇော်ဂျီဖောင့်နှစ်မျိုးစလုံးကို ဖတ်ရှုရန် ထောက်ပံ့ခဲ့သည်။
  • Wed 16 Aug 2017 - 12:59
    သြဂုတ် ၂ ရက်ကစတင်၍ ပဲခူးမြို့ တွင် ဖိုက်ဘာအင်တာနက်လိုင်း စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အင်တာနက်ဝန်ဆောင်မှု ပေးသည့်Global Technology ကုမ္ပဏီမှ ဦးမျိုးမြင့်ညွန့်က ပြောသည်။
  • Wed 16 Aug 2017 - 12:56
    မန္တလေးတိုင်း အတွင်းရှိ အစိုးရဌာနအားလုံး၏ သတင်း အချက်အလက်များ မျှဝေရန် လွှင့် တင်ထားသည့် e-Mandalay Web Portal ကို အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ရန် တရားဝင်မိတ်ဆက်ပြီး တစ်လခန့်အတွင်း Hacker များက အကြိမ်တစ်ရာခန့် တိုက်ခိုက်ခဲ့ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့e-Govern-ment အကောင်အထည်ဖော်ရေး ကော်မတီမှ သတင်းရရှိသည်။
  • Mon 14 Aug 2017 - 23:49
     မန္တလေးတိုင်း၌ မီး လောင်မှုနှင့် မှုခင်းဖြစ်ပွားမှုများ အပါအဝင် အရေးပေါ်အခြေအ နေများဖြစ်ပွားပါက အချိန်နှင့် တစ်ပြေးညီ သတင်းအချက်အ လက်များ သိရှိစေရန် iRoute အမည်ရှိ မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုထုတ်လုပ်မည်ဖြစ်သည်။ အဆိုပါမိုဘိုင်း App သည် မန္တလေးတိုင်းအတွင်း မီးလောင် မှုနှင့် မှုခင်းဖြစ်စဉ်များ ပေါ်ပေါက် ခဲ့ပါက သက်ဆိုင်ရာ ဌာနများသို့ ဆက်သွယ်အကြောင်းကြားနိုင် စေရန် မီးသတ်စခန်းများ၊ ရဲစခန်း များ၏ တည်နေရာများနှင့် ဆက် သွယ်ရန် လိပ်စာများကို မြေပုံနှင့် တကွ ပြသထားကြောင်းမန္တလေး  တိုင်း ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးဥက္ကာကျော်ကပြော သည်။ ထို့အပြင် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စများဖြစ်ပွား ပါက ဆက်သွယ်နိုင်ရန်ဆေးရုံ ဆေးခန်းများနှင့် ပရဟိတအ သင်းအဖွဲ့များ၏ လိပ်စာများကို ပါ ထည့်သွင်းပေးထားကြောင်း ၎င်းကပြောသည်။
  • Fri 11 Aug 2017 - 21:48
     နည်းပညာနှင့်ဆက်စပ် သည့်အိုင်ဒီယာနှင့် ပရောဂျက်များကို ပြသည့် Hackathon ပြိုင်ပွဲကို   ဒုတိယအကြိမ်အဖြစ်  သြဂုတ် ၁၈ ရက် မှ ၂၀ ရက်အထိKanaung Hub  (မြန်မာအင်ဖိုတက်ခ်)တွင်  ကျင်းပမည်ဖြစ်သည်။   ယင်းပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ ၁၅၀ ခန့်လာရောက်ယှဉ်ပြိုင်မည်ဟု စီစဉ်သူများက ခန့်မှန်းထားသည်။ ‘‘အခုစာရင်းပေးထားတာကတော့ ၁၀၀၀န်းကျင်ရှိနေပါပြီ’’ဟု ပြိုင်ပွဲစီစဉ်သည့် New Westminster ကုမ္ပဏီမှ မမေဇင်ကိုက ပြောသည်။
  • Thu 10 Aug 2017 - 20:06
    ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီ အစဉ် UNDP က ရန်ကုန်တိုင်းဒေသကြီးရှိ လွှတ်တော်ကိုယ်စားလှယ်များကို သုံးရက်အကြာ နည်း ပညာဆိုင်ရာ သင်တန်းပို့ချခဲ့သည်။ သြဂုတ် ပထမပတ်တွင် ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်း သင်တန်းပို့ချခဲ့ပြီး လွှတ် တော်နိုင်ငံရေးနှင့် ပတ်သက်သည် များကို အွန်လိုင်းမှတစ်ဆင့် အဓိ က လေ့လာသင်ယူခဲ့ရကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးနေဘုန်းဘတ်က ပြော သည်။ ‘‘ဒီထက်ပိုပေးဖို့တော့လို သေးတယ်’’ ဟု ၎င်းက ဆိုသည်။
  • Thu 10 Aug 2017 - 20:05
     အမျိုးသားလွှတ်တော် တွင် အတည်ပြုထားသည့် ကုမ္ပဏီဥပဒေအသစ်၌ ကုမ္ပဏီများကို အွန်လိုင်းမှ မှတ်ပုံတင်ခွင့်ပြုတော့ မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။ ထို့ကြောင့် နည်းပညာပိုင်း အကူအညီပေးသည့် အာရှဖွံ့ဖြိုး ရေးဘဏ် (ADB)နှင့် ဦးစီးဌာနတို့ ဩဂုတ် ၉ ရက်တွင် ဆွေးနွေးခဲ့ သည်။ ‘‘ဥပဒေမှာက အွန်လိုင်းနဲ့ မှတ်ပုံတင်လို့ရအောင် လမ်းဖွင့် ပေးထားတယ်။ ဒါကြောင့် ဥပဒေ ထွက်လာရင် အဆင်သင့်သုံးလို့ရ အောင် အခုကတည်းက ပြင်ဆင် နေတာ’’ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ  ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။
  • Wed 09 Aug 2017 - 20:29
     မိုဘိုင်းဖုန်းမှတစ်ဆင့် Galaxy Star အဆိုပြိုင်ပွဲဝင်များအား ပေးအပ်သည့် SMS Vote အရေအတွက်ကို တစ်ဦးချင်းစီထုတ်ပြန်မည်ဟု အူရီးဒူးပြန်ကြားရေးတာဝန်ခံ မချောစုက ပြောသည်။ မိုဘိုင်းဖုန်းများမှတစ်ဆင့် ပြိုင်ပွဲဝင်အဆိုတော်များကို SMS ဖြင့် Vote ကြသော်လည်း အဆိုတော်တစ်ဦးချင်းစီရရှိသည့် Vote အရေအတွက်ကို Myanmar Idol အပါအဝင် အဆိုပြိုင်ပွဲများတွင် ထုတ်ပြန်ကြေညာခြင်းမရှိ၍ ပရိသတ်အချို့က ဝေဖန်သည်။
  • Wed 09 Aug 2017 - 13:14
    ဆိုရှယ်မီဒီယာ ခေတ်တွင် လူတိုင်းကိုယ်စီ ဖုန်းကင်မရာများ ပိုင်ဆိုင်ထားပြီးနောက် မတရားမှုများ၊ ဆင်းရဲနွမ်းပါးသူများအား ကူညီမှုများ၊ မှုခင်းဖြစ်ရပ်များကို ဖော်ထုတ်ကူညီပေးနိုင်ခဲ့သည့်ဖြစ်ရပ်များစွာရှိခဲ့ပြီးဖြစ်သည်။ ယခုနောက်ဆုံးအနေဖြင့် ထင်ရှားခဲ့သည့် သာဓကတစ်ခုက ဆေးစွဲနေသည့် မိဘများလက်မှ လူမမည်မောင်ညီမလေးများကို ကယ်တင်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့သည့် မိုးမိတ်မြို့မှ (၁၂)နှစ်အရွယ်မိန်းကလေးငယ်၏ ဖြစ်စဉ်ကလည်း ကင်မရာတစ်လုံးမှ အစပြု၍ ကယ်တင်ကူညီမှုများစွာရရှိနိုင်ခဲ့သည်။ အလားတူ ရမ်းကားဆိုးသွမ်းခဲ့သည့် လိုင်းကားယာဉ်နောက်လိုက်များ၊ လာဘ်စားသည့် အစိုးရဝန်ထမ်းများ၊ ဝန်ဆောင်မှု မကောင်းသည့် စားသောက်ဆိုင်၊ စီးပွားရေးလုပ်ငန်း အစရှိသည်တို့မှာလည်း မိုဘိုင်းဖုန်းကင်မရာဓာတ်ပုံ၊ ဗီဒီယိုဖိုင်များမှတစ်ဆင့်လူထုကျယ်ကျယ်ပြန့်ပြန့် သိရှိခဲ့ပြီး အရေးယူမှုများ ဖြစ်ပေါ်ခဲ့သည့်သာဓကများစွာ ရှိခဲ့ပြီးဖြစ်သည်။ ယခုရေးသားမည့် အကြောင်း အရာကတော့ ယင်းသို့ ကောင်းကျိုးဖြစ်ရပ်များ၏ ဆန့်ကျင်ဘက်အဖြစ် လူအများ၏လွတ်လပ်ခွင့် ဆုံးရှုံးမှုများ၊ မိုဘိုင်းဖုန်းကင်မရာ နှင့် ဆိုရှယ်မီဒီယာကို အကြောင်း ပြု၍ ခြိမ်းခြောက်အကျပ်ကိုင်မှု များ၊ ဆိုရှယ်မီဒီယာပေါ်သို့ သူ့ထက်ငါ အလုအယက်တင်လိုကြသည့် ပြဿနာများကြောင့် မလိုလားအပ်သည့် နစ်နာမှုများအကြောင်းဖြစ်သည်။
  • Mon 07 Aug 2017 - 20:16
    ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ သတင်းအချက် အလက်နည်းပညာတက္ကသိုလ်သို့ တက်ရောက်လိုသူများနှင့် စိတ်ပါ ၀င်စားသူများ ကျောင်းအတွင်း လေ့လာကြည့်ရှုခွင့်ရမည့် Open Campus အစီအစဉ်ကို ဩဂုတ် ၇ ရက်တွင် အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။ Open Campus အစီအစဉ် တွင် အဆိုပါကျောင်းမှ ကျောင်း သား၊ ကျောင်းသူများပြုလုပ်ထား သည့် Software, Hardware ပ ရောဂျက်များကို ကျောင်းခန်းမအ တွင်း ပြခန်းငယ်များဖွင့်လှစ်ပြသ ထားပြီး ကျောင်းစာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ သင်ကြား နည်းစနစ်များကို လွတ်လပ်စွာ လေ့လာခွင့်ပြုခဲ့သည်။
  • Sun 06 Aug 2017 - 23:42
     မိုဘိုင်းဖုန်းဆင်းမ်ကတ် အများအပြား တစ်ဦးတည်း မှတ် ပုံတင်ထားခြင်းများနှင့်ပတ်သက် ၍ တာဝန်ယူဖြေရှင်းရန်လိုအပ် ကြောင်း ညွှန်ကြားချက်အသစ် ထုတ်ပြန်ရန်ရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဆွေကပြောသည်။  ‘‘တစ်ဦးတည်းနဲ့ ဆင်းမ် ကတ် ၁၀ ကတ်ကို မှတ်ပုံတင် ထားရင် ၁၀ ကတ်လုံးကို သူတာ ၀န်ယူရမယ်’’ဟု ဦးမျိုးဆွေက ပြောသည်။ လက်ရှိအချိန်တွင် အ သုံးပြုနေသည့် မိုဘိုင်းဖုန်းဆင်းမ် ကတ်များသည် မှတ်ပုံတင်ထားပြီး ဖြစ်သော်လည်း အချို့သော ဆင်းမ်ကတ်များသည် အသုံးပြု သူနှင့် မှတ်ပုံတင်အမည်စာရင်း ကိုက်ညီမှုမရှိပေ။
  • Fri 04 Aug 2017 - 22:05
     အာဆီယံ-ကိုရီးယားစင် တာက ကြီးမှူးကျင်းပမည့် Global Game Exhibition တွင် မြန်မာ နိုင်ငံက နည်းပညာကုမ္ပဏီသုံးခု ဝင်ရောက်ပြသခွင့်ရရှိမည်ဟုမြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းက ကြေညာသည်။ Global Game Exhibition ကို နိုဝင်ဘာ ၁၆ မှ ၁၈ ရက်အထိ ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ဝင်ရောက်ပြ သလိုပါက သြဂုတ် ၇ ရက်နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်းနှင့် ဆက်သွယ်ဆောင်ရွက်ရမည် ဖြစ်သည်။
  • Thu 03 Aug 2017 - 22:06
    ၂၀၁၇ ဇန်နဝါရီမှ ဇူလိုင် ကုန်အထိ အွန်လိုင်းမှ အိုင်တီ အလုပ်အကိုင်လျှောက်ထားသူ နှစ်ထောင်ကျော်ရှိခဲ့သည့်အနက် လူဦးရေ ၆၀၀ ကျော်ကို ကုမ္ပဏီ ၁၇၀ ခန့်က ခေါ်ယူအလုပ်ခန့်ခဲ့ ကြောင်း အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက် work.com.mm ၏ စစ်တမ်းအရ သိရသည်။  အလုပ်အကိုင်လျှောက် ထားရာတွင် အမျိုးသမီးထက် အမျိုးသားက ၁၁ ဒသမ ၂၃ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။ အခြား အလုပ်အကိုင် လျှောက်ထားမှုတွင် အမျိုးသားနှင့် အမျိုးသမီး အချိုးအစားကွာခြားမှုမရှိခဲ့သော်လည်း အိုင်တီအလုပ်အကိုင် လျှောက်ထားမှု၌ အမျိုးသားနှင့် အမျိုးသမီး အချိုးအစားကွာခြားခဲ့သည်။
  • Thu 03 Aug 2017 - 12:09
    Note စီးရီး စမတ်ဖုန်းတွေ ထုတ်လုပ်နေမှုကို Samsung က အဆုံးသတ်တော့မလို ကောလာဟလ တချို့ ထွက်ပေါ်ခဲ့ပေမယ့် အခုတော့ တောင်ကိုရီးယား နည်း ပညာကုမ္ပဏီကြီးက ဩဂုတ် ၂၃ရက်မှာ Note 8 ဖုန်းအသစ်ကိုတရားဝင် မိတ်ဆက်မှာဖြစ် ကြောင်း အတည်ပြုကြေညာ လိုက်ပါပြီ။ Samsung ရဲ့ ထိပ်တန်း အဆင့်မြင့်စမတ်ဖုန်းမော် ဒယ်တစ်ခု ဆက်လက်ပြီး ရှင်သန်နေမယ့်သတင်းက ကျေနပ်စရာ တော့ ဖြစ်လာပါတယ်။ ဒီဖုန်းတွေ နဲ့ပတ်သက်ပြီး ကြိုတင်ကောလာ ဟလအမျိုးမျိုးတော့ ထွက်ပေါ်နေပါတယ်။ နောက်ပိုင်း အဆင့်မြင့် ဖုန်းမော်ဒယ်တွေမှာ Samsung ရဲ့ နည်းပညာဖြည့်တင်းမှုတွေက ထူးထူးခြားခြားဖြစ်လာတဲ့အတွက်Note 8 မှာလည်း မျှော်လင့်စရာ တွေ တစ်ပုံတစ်ခေါင်းဖြစ်နေတာ မဆန်းပါဘူး။
  • Wed 02 Aug 2017 - 21:31
    လက်ရှိ အိုင်တီနယ်ပယ် ကို ပရိုဂရမ်မာအရေအတွက် ၂,၀၀၀ ကျော်၊ ၂,၅၀၀ ခန့်ဖြင့် လည်ပတ်နေသော်လည်း အမှန် တကယ်တွင် လုပ်သားအရေအ တွက် နှစ်သောင်း၊ သုံးသောင်း အထိ လိုအပ်နေကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက ပြော ကြားသည်။  မြန်မာနိုင်ငံ၏အိုင်တီနယ် ပယ်တွင် အလုပ်အကိုင်နှင့် အခွင့်အလမ်းများစွာ ပေါ်ပေါက်နေ၍ လူငယ်များကို အိုင်တီနယ်ပယ် အတွင်း ပိုမိုဝင်ရောက်လုပ်ကိုင် ကြရန် ၎င်းက Tech Career Expo ၌ တိုက်တွန်းခဲ့သည်။
  • Wed 02 Aug 2017 - 21:30
     မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဖိုက်ဘာအင်တာ နက်လိုင်း(FTTX)ကို ရန်ကုန်မြို့၌ သြဂုတ် ၁ ရက်တွင် စတင်ရောင်းချခဲ့သည်။ ပန်းဘဲတန်းမြို့နယ် တစ်ခု တည်းအတွက်သာ စတင်ရောင်း ချခြင်းဖြစ်ပြီး အခြား မြို့နယ်များ သို့ ၂၀၁၈ ပထမသုံးလပတ်အ တွင်း တိုးချဲ့ဆောင်ရွက်မည် ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဟုတ်က ပြောသည်။
  • Wed 02 Aug 2017 - 21:29
     ခရီးသည်ကိုယ်တိုင် အွန်လိုင်းပေါ်မှ လက်မှတ်ဝယ်ယူ နိုင်မည့် မိုဘိုင်းအက်ပလီကေးရှင်း စနစ်မိတ်ဆက်ပွဲကို JJExpress  ယာဉ်လိုင်းက သြဂုတ် ၁ ရက်တွင် ရန်ကုန်ဟိုတယ်၌ ကျင်းပခဲ့သည်။  ‘‘တချို့ယာဉ်လိုင်းတွေက အွန်လိုင်းစနစ် သုံးလို့ရတယ်ဆိုတာက အရောင်းကိုယ်စားလှယ်ကနေ တစ်ဆင့် ရတာမျိုးပေါ့။ ကျွန်တော်တို့က ခရီးသည်ကိုယ်တိုင် မိမိအိမ်၊ ရုံးရောက်ရှိနေတဲ့နေရာကနေ လက်မှတ်ဝယ်တဲ့ ကိစ္စပြီးမြောက်အောင် တစ်ထိုင်တည်း လုပ်နိုင်မှာပါ’’ဟု JJExpress ယာဉ်လိုင်းဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောသည်။
  • Wed 02 Aug 2017 - 16:36
    ဖုန်းခေါ်ဆိုမှုလက်ခံစဉ် ခေါ်ဆိုသည့်နံပါတ်ကို လျှို့ဝှက်ထားနိုင်သည့်ဝန်ဆောင်မှုကို အူရီးဒူးက မိတ်ဆက်ထားသော်လည်း အသုံး ပြုနည်းပါးနေကြောင်း အော်ပရေတာမှ တစ်ဆင့်သိရသည်။

Pages

Subscribe to Technology