Technology

  • Wed 20 Sep 2017 - 21:31
     ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်များ၏ ကိုယ် ရေးရာဇဝင်အချက်အလက်နှင့် လွှတ်တော်သတင်းများကို တစ် နေရာတည်းတွင် စုစည်းဖော်ပြ ပေးမည့် ပွင့်လင်းလွှတ်တော် (Open Hluttaw) အက်ပလီ ကေးရှင်းကို မြန်မာ့ပဉ္စမဏ္ဍိုင်နှင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ တို့က မိတ်ဆက်ခဲ့သည်။ Android ဖုန်းနှင့် iOS ဖုန်း အမျိုးအစားနှစ်ခုစလုံးတွင် အသုံး ပြုနိုင်သည့် အက်ပလီကေးရှင်းကို PlayStore တွင် Open Hluttaw အမည်ဖြင့် အခမဲ့ရယူအသုံးပြု နိုင်သည်။ အင်္ဂလိပ်၊ မြန်မာ နှစ် ဘာသာဖြင့် အက်ပလီကေးရှင်း ကို ထုတ်ဝေထားပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်ရေး အချက်အလက်နှင့် ဆက်သွယ်ရန် ဖုန်း၊ အီးမေးလ်တို့ကို နည်းလမ်း မျိုးစုံဖြင့် ရှာဖွေနိုင်ရန် ဖန်တီး ထားသော အက်ပလီကေးရှင်းဖြစ် သည်။
  • Wed 20 Sep 2017 - 21:30
     ဆက်သွယ်ရေး အော်ပရေတာသုံးခုက ရောင်းချ ထားသည့် ဖုန်းဆင်းမ်ကတ်အရေအတွက်သည် နိုင်ငံလူဦးရေ သန်း ၅၀ ကျော်ထက် များပြားနေသော်လည်း အမှန်တကယ်လက်တွေ့ဆင်းမ်ကတ်အသုံးပြုသူအရေအတွက်သည် သန်း ၃၀ ခန့်သာရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။ ဈေးကွက်၌ သုံးလအတွင်း တစ်ကြိမ်အသုံးပြုခဲ့သည့် Active ဆင်းမ်ကတ်အရေအတွက်သည်၂၅ သန်းရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားပြီး တယ်လီနောက ၁၉ သန်းရှိကြောင်း ကြေညာထားသည်။ အလားတူ အူရီးဒူးတွင်ဆင်းမ်ကတ် ကိုးသန်းခန့်အသုံးပြုနေသည်။
  • Mon 18 Sep 2017 - 21:41
     Samsung သည် နောက်ဆုံးထုတ် Galaxy Note 8 ကို ရန်ကုန်မြို့တွင် စက်တင်ဘာ ၁၈ ရက်က စတင်မိတ်ဆက်ခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် Galaxy Note 8 ကို အောက်တိုဘာ ၆ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး လက်ရှိ၌ ကြိုတင်ဝယ်ယူလိုသူစာရင်းကို Samsung က လက်ခံခဲ့သည်။ Galaxy Note 8  ဈေးနှုန်းသည် တစ်ဆယ့်နှစ်သိန်းခုနစ်သောင်း ကျပ်ဖြစ်ပြီး အရောင်အားဖြင့် အ နက်၊ ရွှေရောင်၊ မီးခိုးတို့ကို ဝယ် ယူနိုင်သည်။ Galaxy Note 8 သည် နည်း ပညာ ၁၀၀ ကျော်ကို ပေါင်းစည်း ထုတ်လုပ်ထားသည့် နောက်ဆုံး ပေါ်ထုတ်ကုန်ဖြစ်ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်ဝင်း ထက်က ပြောသည်။
  • Mon 18 Sep 2017 - 21:39
     မိုဘိုင်းအခြေပြုငွေလွှဲ ပြောင်းသည့် ဝန်ဆောင်မှုကို အူရီးဒူးက စတင်မိတ်ဆက်မည် ဟု သတင်းများထွက်ပေါ်လာပြီးနောက် တယ်လီနောနှင့် ရိုးမ ဘဏ်တို့ ပူးပေါင်းလုပ်ဆောင် သည့် Wave Money က ငွေ လွှဲပြောင်းခဈေးနှုန်း လျှော့ချခဲ့သည်။ ပုံမှန်အားဖြင့် Wave Money  သည် ကျပ်တစ်သောင်းအထိ ငွေလွှဲပြောင်းခြင်းကို ဝန်ဆောင်ခ ၇၀၀ ကျပ် ကောက်ခံခဲ့သော် လည်း စက်တင်ဘာအတွင်း ကျပ် ၄၀၀ သို့ ပြောင်းလဲကောက်ခံခဲ့သည်။ Wave Money သည် အူးရီးဒူးက မိတ်ဆက်သည့် My- Pitesan နှင့် ဈေးကွက်ပြိုင်ဆိုင် ရန် ဈေးနှုန်းလျှော့ချသော်လည်း ကျပ်နှစ်သောင်းခွဲနှင့်အထက် လွှဲပြောင်းသည့် ဝန်ဆောင်ခကို ပြိုင်ဘက်နှင့် တန်းတူဖြစ်စေရန် ဝန်ဆောင်ခ ကျပ် ၃၀၀ မှ ကျပ် ၅၀၀ အထိ ပြန်လည်တိုးမြှင့် ကောက်ခံခဲ့သည်။
  • Thu 14 Sep 2017 - 15:21
    Apple ဟာ iPhone 8၊ iPhone 8 Plus အသစ်တွေနဲ့ စမတ်လက်ပတ်နာရီ အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၁၂ ရက် ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ တစ်ကမ္ဘာလုံးရဲ့အာရုံကို ဖမ်းစားသွားတာကတော့ နှစ်ပတ်လည်အထူးထုတ် လက်ရာ တစ်ခုအဖြစ် ညွှန်းဆိုထားတဲ့ iPhone X ပါပဲ။
  • Wed 13 Sep 2017 - 20:44
     ဆက်သွယ်ရေးဖွံ့ဖြိုးမှု နောက်ကျသည့် နေရာဒေသများ တွင် စုပေါင်းရန်ပုံငွေဖြင့် မိုဘိုင်း ကွန်ရက်တည်ဆောက်မည်ဖြစ် ပြီး ကွန်ရက်ဖော်ဆောင်လုပ်ကိုင် ခွင့်ကို အော်ပရေတာလေးခုလုံး စလုံး ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ် ကြောင်း ဆက်သွယ်ရေး ညွှန် ကြားမှု ဦးစီးဌာနမှ ဦးမျိုးဆွေက ပြောသည်။ ဆက်သွယ်ရေးအော်ပရေ တာများအနေဖြင့် စီးပွားရေးအရ တွက်ခြေမကိုက်သည့် နေရာ ဒေသများတွင် ကွန်ရက်တည် ဆောက်ခြင်းမရှိသဖြင့် ဝင်ငွေ၏ ၂ ရာခိုင်နှုန်းကို ၂၀၁၈ မှစ၍ အစိုးရက ကောက်ခံမည်ဖြစ် သည်။
  • Wed 13 Sep 2017 - 12:26
    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖိုက်ဘာအင်တာနက်လိုင်း၏ဈေး နှုန်းကို လျှော့ချခြင်းသည် အိမ်သုံး၊ ရုံးသုံးအင်တာနက်လိုင်းများကို ရောင်းချရေးဈေးကွက်ဝင်ရန် ပြင်ဆင်နေသည့် ကုမ္ပဏီငယ်များအတွက် ကြီးမားသောထိုးနှက်ချက်ဖြစ်သည်။ ISP ကုမ္ပဏီအများအပြားက ဈေးကွက်ဖော်ဆောင်ရန် ပြင်ဆင် နေချိန်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖိုက်ဘာအင်တာနက်လိုင်းဈေးနှုန်းကို ဆက်သွယ်ရေး သမိုင်းတစ်လျှောက် အနိမ့်ဆုံး ဈေးနှုန်းသို့ လျှော့ချခြင်းဖြစ်သည်။
  • Mon 11 Sep 2017 - 22:37
    စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်မည့် Digital Winners Asiaသို့ မြန်မာနိုင်ငံမှ လုပ်ငန်းစတင်လည်ပတ်ခါစ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် MMTutorsတက်ရောက် ခွင့်ရရှိထားသည်။ Digital Winners Asia သည် အာရှတိုက်၏ Accelerator (မြေတောင်မြှောက်ပေးရေး)  အစီအစဉ်ဖြစ်ပြီး စီးပွားရေးအလား အလာကောင်းသည့် လုပ်ငန်းစ တင်ခါစ နည်းပညာကုမ္ပဏီများ ကို ရွေးချယ်ကာ ရင်းနှီးမြှုပ်နှံသူ ရှာဖွေပေးခြင်း ဖြစ်သည်။
  • Sun 10 Sep 2017 - 21:37
    ၂၀၂၅ အရောက်တွင် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍ၌ အခြေခံအဆောက်အအုံ တည် ဆောက်မှုတွင် တစ်ဒေါ်လာ ရင်းနှီးမြှုပ်နှံပါက ပြည်တွင်းအသား တင်ထုတ်လုပ်မှုနှုန်း ငါးဒေါ်လာ အထိ တိုးတက်လာမည်ဟု Huawei ၏ ၂၀၁၇ တိုးတက်မှု ညွှန်းကိန်း၌ ဖော်ပြထားသည်။ သမားရိုးကျစီးပွားရေးလုပ် ငန်းများကို အသွင်ပြောင်းလဲ၍ အဆင့်မြှင့်တင်ရာတွင် ဒစ်ဂျစ် တယ်နည်းပညာက ဦးဆောင်နေကြောင်း အာရှပစိဖိတ်နိုင်ငံများရှိ ဈေးကွက်များတွင် စတင်ချိန်၌ အသားတင်ထုတ်လုပ်မှုနှုန်း မြင့်တက်လာစေရန် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့တွင် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ မဟာဗျူဟာများကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း Huawei ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
  • Sun 10 Sep 2017 - 21:36
     မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ် သည့် CLMVT နိုင်ငံငါးခူပူးပေါင်း ၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု များ အပြန်အလှန်ပြုလုပ်ကာ တရုတ်နှင့် အိန္ဒိယနိုင်ငံထံသို့ Super Gate Way တစ်ခုအနေဖြင့်ကုန်သွယ်ရန် စက်တင်ဘာ ၅ ရက်ကမန္တလေးမြို့တွင် ဆွေးနွေးခဲ့သည်။ ‘‘CLMVT နိုင်ငံတွေ  ပူး ပေါင်းပြီးတော့ ကုန်သွယ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ အပြန်အလှန် ဘယ်လိုလုပ်ကြမလဲ၊ အဲဒီကနေ တစ်ဆင့် တရုတ်၊ အိန္ဒိယ ထွက် ပေါက်တွေကို Super Gate Way တစ်ခုအနေဖြင့် ကုန်သွယ်မှုတွေ ဘယ်လိုလုပ်ကြမလဲဆိုတာကို အဓိကထားပြီးတော့ ဆွေးနွေးခဲ့ ကြတာဖြစ်ပါတယ်’’ဟု မန္တလေး တိုင်း ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌဦးဝင်းဌေးက ပြောသည်။
  • Sun 10 Sep 2017 - 01:02
     ဖေ့စ်ဘွတ်ခ်ကွန်ရက်ကို အခမဲ့အသုံးပြုနိုင်သည့် Face-book Flex ဝန်ဆောင်မှုကို စက် တင်ဘာ ၉ ရက်က စတင်ကာ အသုံးပြုခွင့်ရပ်တန့်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ကြေညာသည်။ 
  • Fri 08 Sep 2017 - 21:04
     မတ္တရာမြို့နယ်ရှိကျေးရွာ ၁၅ ရွာတွင် ဆရာဝန်နှင့် အခမဲ့ Video Call ပြုလုပ်နိုင် သည့် တယ်လီမက်ဒီစင်စနစ်ကို ဆက်သွယ်ရေး အော်ပရေတာ  အူရီးဒူးက Pact Myanmar အဖွဲ့ နှင့် ပူးပေါင်း စမ်းသပ်ခဲ့သည်။ ၂၀၁၄ ကစတင်ကာ အူရီးဒူး သည် Pact Myanmar နှင့် ပူးပေါင်းကာ ကန်ဒေါ်လာတစ် သန်းအသုံးပြု၍ မန္တလေးတိုင်း ဒေသကြီးရှိ ကျေးရွာများအရောက်ကျန်းမာရေးဝန်ဆောင်မှုစနစ် စတင်ခဲ့ပြီး ၂၀၁၇ စက်တင် ဘာတွင် တယ်လီမက်ဒီစင်စနစ် ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
  • Thu 07 Sep 2017 - 22:17
    ထိုင်းနိုင်ငံရောက်ရွှေ့ ပြောင်းလုပ်သားများအတွက် လို အပ်သော သတင်းအချက်အ လက်နှင့် သိသင့်သိထိုက်သော မူဝါဒများ၊ ကြေညာချက်များကို စုစည်းဖော်ပြမည့် FED Myanmarအက်ပလီကေးရှင်းကို စက်တင် ဘာ ၇ ရက်တွင် စတင်မိတ်ဆက်ခဲ့ သည်။
  • Wed 06 Sep 2017 - 21:40
     ဆက်သွယ်ရေးအော်ပရေတာများသည် မြန်မာတစ်နိုင်ငံလုံးသို့ ကွန်ရက်လွှမ်းခြုံထားနိုင်ပြီဟု ထုတ်ပြန်ပြောဆိုထားသော်လည်း လူဦးရေအပေါ်သာ ကွန်ရက်အများဆုံးလွှမ်းခြုံထားနိုင်ပြီး မြေပြင်အနေအထားအရ ကွန်ရက်အပြည့်အဝ လွှမ်းခြုံထားနိုင်ခြင်း မရှိသေးကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၇ မတ်လ စစ်တမ်းတွင် ဖော်ပြထားသည်။ တယ်လီနောသည် လက်ရှိအချိန်၌ တာဝါတိုင် ရှစ်ထောင်ခန့်ပိုင်ဆိုင်ထားပြီး လူဦးရေ ၉၀ ရာခိုင်နှုန်းကို ကွန်ရက်လွှမ်းခြုံထားသည်ဟု တယ်လီနောအော်ပရေတာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Mr. Joslin  က ပြောသည်။ မြန်မာနိုင်ငံတွင် တာဝါတိုင်အများဆုံး ပိုင်ဆိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ရှိမြို့များ အားလုံးသို့ ကွန်ရက်ရောက်ရှိနေကြောင်း ၎င်းကဆိုသည်။
  • Sun 03 Sep 2017 - 20:28
     နိုင်ငံပိုင်ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)က အသုံးပြုသူများအား မိုဘိုင်း ငွေပေးချေ ၀န်ဆောင်မှု (Mobile Money)ကို သီးခြား ကုမ္ပဏီတစ်ခုတည်ထောင်၍ ပေး အပ်သွားရန် စီစဉ်နေကြောင်း အမ်ပီတီ ဒုတိယစီးပွားရေးအရာ ရှိချုပ်ဦးသိန်းဟုတ်က ပြောသည်။
  • Sat 02 Sep 2017 - 23:28
     မြန်မာနိုင်ငံအပါ အ၀င် အာရှ-ပစိဖိတ်ဒေသအတွင်း မိုဘိုင်းဖုန်းသုံးစွဲမှု မြင့်မားလာခြင်းကြောင့် အွန်လိုင်း ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ဈေးကွက်ဖွံ့ဖြိုးရေး  ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ညီလာခံတစ်ခု ကျင်းပခဲ့ သည်။
  • Fri 01 Sep 2017 - 21:58
    ဆက်သွယ်ရေး အော်ပ ရေတာများ၏ မိုဘိုင်းအင်တာနက် စနစ်သည် Download နှင့် Upload တွင် စံချိန်စံညွှန်း ပြည့်မီသော် လည်း Latancy ဟုခေါ်သည့် အ ချက်အလက်တောင်းဆိုမှု ကြာ မြင့်ချိန်၌ စံချိန်စံညွှန်းပြည့်မီခြင်း မရှိသေးကြောင်း နည်းပညာဆိုင် ရာ အရပ်ဘက်အဖွဲ့အစည်း MIDO ၏ စစ်တမ်းတွင် ဖော်ပြထားသည်။ အသုံးပြုသူ၏ အချက်အ လက်တောင်းဆိုမှု ကြာမြင့်ချိန် Latancy ကို နိုင်ငံတကာစံနှုန်းအ ရ ၃၀၀ မီလီစက္ကန့် သတ်မှတ်ထား သော်လည်း အူရီးဒူး၏ Latancy သည် ၄၈၀ မီလီစက္ကန့်ခန့်ရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Latancy သည် ၃၅၀ မီလီစက္ကန့် ခန့်ရှိသည်။
  • Thu 31 Aug 2017 - 20:52
     ဆော့ဖ်ဝဲများနှင့် နည်းပညာဆိုင်ရာ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းအနည်းဆုံးနိုင်ငံစာရင်း တွင် ပါဝင်နေသည့် မြန်မာနိုင်ငံ ကို ဆိုက်ဘာလုံခြုံရေး မဖြစ်မနေ ဂရုစိုက်ရမည်ဟု မိုက်ကရိုဆော့ဖ် က ဩဂုတ် ၃၀ ရက်တွင် အသိပေးခဲ့သည်။  မြန်မာနိုင်ငံသည် ၂၀၁၇ ပထမသုံးလပတ်တွင် Malware နှင့် ထိတွေ့မှု ၂၃ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း မိုက်ကရိုဆော့ဖ်က ထုတ်ပြန်သည်။ မိုက်ကရိုဆော့ဖ်၏ လုံခြုံရေးဆိုင်ရာ ထုတ်ကုန်များကို အသုံးပြုသည့် ကွန်ပျူတာလေးလုံးတွင် တစ်လုံးသည် Malware နှင့်ကြုံတွေ့နေရသည်။ Malware တိုက်ခိုက်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ က အမြင့်မားဆုံးကြုံတွေ့နေရပြီး မြန်မာနိုင်ငံအနေဖြင့် အဆင့်(၄) နေရာ၌ တိုက်ခိုက်မှုကြုံတွေ့ နေရခြင်းဖြစ်သည်။
  • Thu 31 Aug 2017 - 16:33
    မိုးရာသီနဲ့ ထီးဆိုတာ ခွဲခြားလို့မရတဲ့ အတွဲအဖက်မျိုး ဖြစ်ပါတယ်။ မိုးတွင်းမှာတော့ ထီးတွေဟာ သွားလေရာ၊ လာလေ ရာ ယူဆောင်သွားရတဲ့ အသုံး အဆောင်ပစ္စည်းတစ်ခုလို့တောင် ပြောရမလိုပါပဲ။ ဒီတော့ ကိုယ်နဲ့မကွာ နေရာတကာ လျှောက်ယူရ တဲ့ ပစ္စည်းမျိုးတွေကို နည်းပညာ Gadget အဖြစ် ပြောင်းလဲဖို့ အမြဲ တစေ စိတ်ကူးနေတတ်တဲ့ ကုမ္ပဏီ တွေရဲ့ ပစ်မှတ်မှာ ထီးတွေလည်း ပါဝင်လာပါတယ်။ အခုဆောင်း ပါးမှာတော့ နည်းပညာ Gadget အနေနဲ့ပါ အသုံးတည့်မယ့် ထီး ခုနစ်မျိုးကိုစုစည်းဖော်ပြထားပါတယ်။
  • Wed 30 Aug 2017 - 21:23
     မိုဘိုင်းဖုန်းဘီလ်ပိုမို ဖြတ်တောက်သည်ဟု ပြင်းပြင်းထန် ထန် ဝေဖန်ခံခဲ့ရသည့် တယ်လီ နောသည်     ဖြေရှင်းချက်လာ ရောက်တောင်းခံသည့် ပြဿနာ များ အားလုံးကို ပြေလည်သည် အထိ ဖြေရှင်းပေးနိုင်ခဲ့ကြောင်း အော်ပရေတာ၏ ဈေးကွက်ဖော် ဆောင်ရေး အရာရှိချုပ် Mr. Joslin က ပြောသည်။ ဘီလ်ပြဿနာနှင့်ပတ်သက် ၍ သုံးစွဲသူနှစ်ဦးကိုသာ ကြီးကြီး မားမား  ဖြေရှင်းပေးခဲ့ရကြောင်း အခြားသော ဖြေရှင်း ချက်တောင်း ခံသူများရှိသော်လည်း အော်ပရေ တာ၏ အရောင်းဆိုင်များတွင် အလွယ်တကူ ဖြေရှင်းပေးနိုင်ခဲ့ ကြောင်း ၎င်းကပြောသည်။

Pages

Subscribe to Technology