Technology

  • Thu 11 Jan 2018 - 20:16
     ဘေးဘောင်မဲ့ မျက်နှာ ပြင် (Infinity Display)နှင့် ရှေ့ ဘက် (Selfie) ကင်မရာနှစ်လုံး ပါဝင်သည့် Galaxy A8(2018) စမတ်ဖုန်းကို ဇန်နဝါရီ ဒုတိယ  ပတ်က စ၍ ပြည်တွင်းဈေးကွက် တွင် ကြိုတင်မှာယူစနစ်ဖြင့် စတင်ရောင်းချမည် ဖြစ်ကြောင်း Samsung မြန်မာက သတင်း ထုတ်ပြန်သည်။
  • Wed 10 Jan 2018 - 23:36
    သုံးစွဲသူ အီလက်ထရွန်နစ် နည်းပညာပြပွဲ (CES)ဟာ နှစ်သစ်တစ်နှစ်ကို ဖွင့်လှစ်တဲ့ အကြီးကျယ်ဆုံး နည်းပညာပြပွဲတစ်ခုအဖြစ် ယူဆနိုင်ပါတယ်။ ကုမ္ပဏီပေါင်းစုံက ထူးခြားတဲ့ စိတ်ကူးသစ်၊ ထုတ်ကုန်သစ်တွေကို CESမှာ အပြိုင်အဆိုင် ထုတ်ပြလေ့ရှိပါတယ်။ အခု ၂၀၁၈ ရဲ့ CES ပြပွဲကိုလည်း ဇန်နဝါရီ ၁၀ ရက်မှာ တရားဝင်စတင်ဖွင့်လှစ်ခဲ
  • Wed 10 Jan 2018 - 21:53
     စင်ကာပူနိုင်ငံတွင် အခြေစိုက်သော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ VIMIC  ဦးဆောင်မှုဖြင့် ရန်ကုန်အခြေစိုက်ဒစ်ဂျစ်တယ် အ တိုင်ပင်ခံကုမ္ပဏီ nexlabs သည်ကန်ဒေါ်လာ တစ်သိန်းကျော်အထိရင်းနှီးမြှုပ်နှံမှုရှာဖွေနိုင်ခဲ့သည်။ လက်ရှိရင်းနှီးမြှုပ်နှံမှုကုမ္ပ ဏီ Blibros Capital Partners ကလည်း VIMIC နှင့်အတူ ထပ်မံ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ nexlabs ကုမ္ပဏီက ပေး သော ဝန်ဆောင်မှုများတွင် ဝက်ဘ်ဆိုက်နှင့် app များ ထုတ် လုပ်ပေးခြင်း၊ ဆော့ဖ်ဝဲများ ရေး ပေးခြင်း၊ အမှတ်တံဆိပ်စီမံခန့် ခွဲပေးခြင်း၊ လူမှုမီဒီယာစီမံခန့်ခွဲပေးခြင်း၊ စားသုံးသူလေ့လာဆန်းစစ်မှုများပြုလုပ်ပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။
  • Mon 08 Jan 2018 - 21:14
    ၂၀၁၇ အတွင်း မြန်မာ နိုင်ငံ၌ စမတ်ဖုန်းဈေးကွက်ဝေစု အများဆုံး ပိုင်ဆိုင်ထားသည့် ကုမ္ပဏီများတွင် Samsung သည် အဆင့်တစ်နေရာ၌ ရပ် တည်နေကြောင်း ပြည်တွင်းအ ခြေစိုက် အွန်လိုင်းကြော်ငြာဝန် ဆောင်မှုကုမ္ပဏီ MYANMAR ONLINE ADVERTISING (MOA) က၎င်းတို့၏ စစ်တမ်းကောက်ယူရရှိမှုကို သတင်းထုတ်ပြန်ခဲ့သည်။ MOA သတင်းထုတ်ပြန်မှုအ ရ တစ်နှစ်အတွင်း ၎င်းတို့၏ ကြော်ငြာကွန်ရက်တွင် ကြည့်ရှုခဲ့ သည့် စမတ်ဖုန်းအသုံးပြုသူ ၁၂ သန်းခန့်မှ ရရှိသည့် အချက် အလက်များအပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထား သည်။
  • Mon 08 Jan 2018 - 21:12
     မန္တလေးနည်းပညာ တက္ကသိုလ်နှင့် ပြည်တွင်း၊ ပြည်ပ အခြေစိုက် နည်းပညာလုပ်ငန်း များပူးပေါင်း၍ မန္တလေးတိုင်းအ တွင်း အိုင်တီကဏ္ဍကို အခြေပြု ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များဆောင်ရွက်ရန် ဇန်န၀ါရီ ၆ ရက်က ဆွေးနွေးခဲ့သည်။
  • Thu 04 Jan 2018 - 22:28
    ၂၀၁၇ အတွင်း နိုင်ငံ တစ်ဝန်း မှတ်ပုံတင်ထားသည့် MPT မိုဘိုင်းဆင်းမ်ကတ် အသုံး ပြုသူ ၂၈ သန်းကျော် ရှိလာပြီး တစ်နှစ်အတွင်း အသုံးပြုသူဦးရေ ခြောက်သန်းခန့် တိုးတက်လာကြောင်း MPT နှင့် KSGM လုပ်ငန်းစု ဒုတိယစီးပွားရေး အရာရှိချုပ် ဦးသိန်းဟုတ်က ပြောသည်။ ‘‘၂၀၁၇ ခုနှစ်အတွင်းမှာ MPT အသုံးပြုသူဦးရေဟာ သိသိ သာသာ တိုးတက်နေဆဲဖြစ်ပါ တယ်’’ဟု ဦးသိန်းဟုတ်က ပြော သည်။
  • Thu 04 Jan 2018 - 16:14
    ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန၏ ဝက်ဘ်ဆိုက်ကို ၂၀၁၇ ဒီဇင်ဘာနောက်ဆုံးပတ်က စတင် ကာ ဘာသာစကားရှစ်မျိုးဖြင့် တိုး ချဲ့လွှင့်တင်ထားကြောင်း ယင်းဝန် ကြီးဌာနက သတင်းထုတ်ပြန် သည်။
  • Thu 04 Jan 2018 - 00:17
    နှစ်တစ်နှစ် ကူးပြောင်းသွားတိုင်း စမတ်ဖုန်းလောကရဲ့ ထိပ်တန်း ထုတ်ကုန်မျိုးဆက်သစ်တွေ အပြိုင်အဆိုင် ထွက်ပေါ်လာတာဓမ္မတာပါပဲ။ အခုလည်း ၂၀၁၇ ကုန်ဆုံးလို့ ၂၀၁၈ ထဲ ချင်းနင်း ဝင်ရောက်လာခြင်းနဲ့အတူ Sam-sung၊ Apple၊ Nokia အစရှိတဲ့ ဖုန်းကုမ္ပဏီကြီးတွေက အဆင့်မြင့်တန်ဖိုးကြီး စမတ်ဖုန်းဈေးကွက်ကို ခြယ်လှယ်နိုင်ဖို့
  • Wed 03 Jan 2018 - 22:04
     အွန်လိုင်းဘွတ်ခ်ကင် စနစ်ဖြင့် ယာဉ်လိုင်စင်သက်တမ်း တိုးရန် လျှောက်ထားမှုသတ်မှတ် ထားသည့်ယာဉ်အစီးရေအောက်လျော့နည်းကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်းခရိုင် ဦးစီးအရာရှိ ဒေါ်အိအိခိုင်က ပြောသည်။  အွန်လိုင်းဘွတ်ခ်ကင်စနစ်ကို ဒီဇင်ဘာ ၂၇ ရက်ကစတင် ဆောင်ရွက်ပေးနေရာ အဆိုပါနေ့ တွင် ဘွတ်ခ်ကင်ယူထားသည့် ကားများကို ဇန်န၀ါရီ ၂ ရက်၌ စစ်ဆေးပေးခဲ့သည်။
  • Tue 02 Jan 2018 - 19:23
    ဇန်န၀ါရီ ၄ ရက်ကစ၍ အူရီးဒူးဆင်းမ်ကတ်များကို ဟန်း ဆက်တိုင်းတွင် ထည့်သွင်းအသုံး ပြုနို်င်မည်ဟု အော်ပရေတာက ကြေညာသည်။
  • Sun 31 Dec 2017 - 21:21
    ဆက်သွယ်ရေးလိုင်စင် ရယူထားသူများသည် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေကို ပြန်လည်တင်ပြခြင်း မရှိသဖြင့် လိုင်စင်ပါစည်းကမ်းချက်များကို ပြန်လည်ပြင်ဆင်သွားမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ကြေညာသည်။ ဆက်သွယ်ရေးလိုင်စင်တွင် သုံးလပတ်အစီရင်ခံစာ ပြန်လည် ပေးပို့ရန် စည်းကမ်းချက်ပါဝင်ခြင်း မရှိသဖြင့် လိုင်စင်ရကုမ္ပဏီ များသည် အချက်အလက်ပေးပို့ရန် ငြင်းဆိုခဲ့သည်။ ဆက်သွယ်ရေးကဏ္ဍအတွက် ကိန်းဂဏန်းအချက်အလက်များနှင့် အစီရင်ခံစာများကို တိကျမှန်ကန်စွာ တင်ပြနိုင်ရန် သုံးလပတ်အစီရင်ခံစာ လို အပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
  • Sat 30 Dec 2017 - 20:53
     အစိုးရ၀န်ထမ်းများ အိုင်စီတီနည်းပညာမြင့်မားလာ ရေးလေ့ကျင့်ပေးနိုင်ရန် မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကျောင်းသို့ ဟွာဝေးက IP Networking Lab တစ်ခုလှူဒါန်းမည်ဟု သတင်းထုတ်ပြန်သည်။
  • Fri 29 Dec 2017 - 20:58
     ယူနီဆက်မှ စစ်တမ်း ကောက်ယူထားသည့်အချက်အ လက်များကို ဆော့ဖ်ဝဲတစ်ခု (သို့ မဟုတ်) ပရိုဂရမ်တစ်ခုကို အသုံး ပြု၍ အလွယ်ကူဆုံးပုံစံအဖြစ် ပြောင်းလဲပေးနိုင်သူကို ကန်ဒေါ် လာ ၅၀၀ တန်ဖိုးရှိဆုချီးမြှင့်မည် ဖြစ်သည်။  ကွန်ပျူတာပညာရှင်များအနေဖြင့် ယူနီဆက်မှ ကောက်ယူ ထားသည့် ကလေးသူငယ်များရင် ဆိုင်ကြုံတွေ့နေရသော ပညာ ရေး၊ ငွေကြေး၊ လူ့အခွင့်အရေး နှင့်အခြားသောလိုအပ်ချက်များ ကို အလွယ်ကူဆုံးနှင့်အရှင်းလင်း ဆုံးဖြစ်စေရန် ဆောင်ရွက်ရမည် ဖြစ်သည်။
  • Fri 29 Dec 2017 - 20:57
    ရန်ကုန်တိုင်းရှိ ဟိုတယ်များ အွန်လိုင်းကတစ်ဆင့် ဧည့်စာရင်းတိုင်ကြားသည့် စနစ်ကို စတင်စမ်းသပ်နေကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ဒုဥက္ကဋ္ဌဦးခင်မောင်ပြုံးက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့နှင့် ရန်ကုန်ဟိုတယ်ဇုန်တို့ ပူးပေါင်း၍ အဆိုပါစနစ်ကို ယခု နှစ် နိုဝင်ဘာက စတင်စမ်းသပ်ခဲ့ ပြီး လက်ရှိတွင် ဟိုတယ်အလုံး ၁၃၀ ခန့် စမ်းသပ်အသုံးပြုနေပြီဟု ၎င်းကပြောသည်။
  • Thu 28 Dec 2017 - 21:18
     ရထားလမ်းပိုင်းသုံးခု တွင် ဖိုက်ဘာကေဘယ်သွယ် တန်းမည်ဟု မြန်မာ့မီးရထား စီး ပွားရေးဌာန လက်ထောက်အထွေ ထွေမန်နေဂျာ ဦးသန့်ဇင်က ပြော ကြားသည်။ ရန်ကုန်-ထားဝယ်၊ ရန်ကုန်-ပြည်နှင့် မန္တလေး - မြစ်ကြီးနား ရထားလမ်းတို့ဖြစ်ပြီး ရထားလမ်း တစ်လျှောက် ဖိုက်ဘာကေဘယ် သွယ်တန်းရန် ကုမ္ပဏီ ငါးခုကို မြန်မာ့မီးရထားက ပဏာမရွေး ချယ်ထားသည်။ မီးရထားလမ်းတစ်လျှောက် ဖိုက်ဘာကေဘယ် သွယ်တန်း ခြင်းအားဖြင့် မြန်နှုန်းမြင့် အင်တာ နက်ကွန်ရက်ကို ဖြတ်သန်းသွား ရာ မြို့အားလုံးတွင် လွယ်ကူစွာ ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ် သည်။
  • Wed 27 Dec 2017 - 23:00
    ပြက္ခဒိန်စာရွက်တွေကို နေ့စဉ်စုတ်ဖြဲရင်း ၂၀၁၇ ကို နှုတ်ဆက်ဖို့ နီးကပ်လာပါပြီ။ ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာ ကာလတစ်လျှောက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာ အဖြစ်အပျက်အမျိုးမျိုး၊ အပြောင်းအလဲ အဖုံဖုံ ပေါ်ပေါက်ခဲ့ သလို နည်းပညာပိုင်းနဲ့ပတ်သက်လို့လည်း သတင်းစုံ၊ အကြောင်း အရာစုံ ဖြစ်ပေါ်ခဲ့ပါတယ်။ နိုင်ငံတကာနည်းပညာနယ်ပ
  • Wed 27 Dec 2017 - 20:13
     မြန်မာနိုင်ငံ၌ ဖိုက်ဘာ အင်တာနက်ဝန်ဆောင်မှုပေးရန် တယ်လီနောအနေဖြင့် စိတ်ဝင် စားကြောင်း အော်ပရေတာစီအီး အို အဲရစ်တဲမန်းကပြောသည်။
  • Wed 27 Dec 2017 - 10:28
    ဆက်သွယ်ရေးအော်ပရေတာများ၏ဈေးကွက် ပြိုင်ဆိုင်မှု သုံးနှစ် ပြည့်သည့်အခါ လမ်းကြောင်းအသစ်သို့ ပြောင်းလဲသွားသည်။ အော်ပရေတာများသည် ၂၀၁၄ သြဂုတ်မှ ၂၀၁၇ သြဂုတ်အထိ သုံးနှစ်တာအတွင်း ဆင်းမ်ကတ်အများဆုံးပိုင်ဆိုင်ရေးကိုသာ အာရုံစိုက်ခဲ့သည်။ လက်ရှိအချိန်သည် မိုဘိုင်း ဖုန်းဆင်းမ်ကတ်လိုအပ်ချက်ပြည့် မီသွားပြီဟု ဆက်သွယ်ရေးအော်ပရေတာသုံးခုကို ဦးဆောင်နေသူများက ယူဆသည်။ ထို့ကြောင့် အော်ပရေတာများ၏ ဈေးကွက် ပြိုင်ဆိုင်မှုတွင် မိုဘိုင်းအင်တာ နက်အသုံးပြုသည့်ပမာဏ ပိုမိုပိုင်ဆိုင်ရေးဖြစ်လာသည်။ ၂၀၁၇ ပထမနှစ်ဝက်ကာလအထိ အော်ပ ရေတာများသည် ဆက်သွယ်ရေးကွန်ရက်ချဲ့ထွင်ခြင်းကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သော်လည်း ဒုတိယနှစ်ဝက်တွင် ကွန်ရက်ချဲ့ထွင်ခြင်းလုပ်ငန်းများ နှေးကွေးသွားသည်။
  • Mon 25 Dec 2017 - 21:06
     ဆရာများနှင့်ကျောင်း သားများအား နည်းပညာဆော့ဖ်ဝဲ များ အခမဲ့အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း အမေရိကန်အခြေ စိုက်ထိပ်တန်းနည်းပညာ ကုမ္ပဏီ မိုက်ခရိုဆော့ဖ်က သတင်းထုတ် ပြန်သည်။ ‘‘ပညာရေးကဏ္ဍက အဖွဲ့အ စည်းတွေအနေနဲ့ ကျောင်းသား တွေရဲ့ အနာဂတ်ကာလစိန်ခေါ်မှု တွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေဖြစ်တဲ့ တီထွင် ဖန်တီးနိုင်မှုနှင့် ကျိုးကြောင်းဆီ လျော်စွာစဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်တွေ မြင့်မားလာစေဖို့ ဒစ်ဂျစ်တယ်ပညာရေးစနစ်ကို ပြောင်းလဲဖို့ အရေးကြီးပါတယ်’’ ဟု Microsoft Asia Pacific ၏ ပညာရေးကဏ္ဍဆိုင်ရာ ညွှန်ကြား ရေးမှူး မစ္စတာဒွန်ကာလ်စွန်က ပြောကြားသည်။
  • Mon 25 Dec 2017 - 21:03
    ၂၀၁၇ အတွင်း တီထွင် ဖန်တီးနိုင်ခဲ့သည့် မှတ်ဉာဏ်အတု နည်းပညာအပါအဝင် နည်းပညာ အသစ်များသည် ၂၀၁၈ အတွင်း ဈေးကွက်အတွင်းသို့ ခုနစ်မျိုးခန့် ပြောင်းလဲဝင်ရောက်လာမည်ဟု တယ်လီနောသုတေသနစင်တာ က ထုတ်ပြန်သည်။ ၂၀၁၇ အတွင်း မောင်းသူမဲ့ မော်တော်ကားများ၊ မှတ်ဉာဏ် အတုနည်းပညာများ၊ Big Data နှင့် ဒစ်ဂျစ်တယ်ငွေကြေးစနစ်များ စတင်နိုင်ခဲ့သည်။ နည်းပညာ ကဏ္ဍအသစ်အပြောင်းအလဲဖြစ် လာခြင်းသည် အသုံးပြုသူနှစ် သက်မှုနှင့် နည်းပညာဆိုင်ရာ ချိတ်ဆက်မှုများကြောင့် ဖြစ်သည်ဟု သုတေသနစင်တာတာဝန်ခံ Mr. Taale Sandberg က ပြောသည်။

Pages

Subscribe to Technology