မလေးရှား အဝေးပြေး လမ်းမတစ်ခုတွင် ကားတိုက်ခံရပြီး ဆင်ပေါက်လေးတစ်ကောင် သေဆုံး

မလေးရှား အဝေးပြေး လမ်းမတစ်ခုတွင် ကားတိုက်ခံရသဖြင့် ဆင်ပေါက်လေးတစ်ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။


ဇွန် ၁၇ ရက်တွင် သွေးအိုင်ထဲလဲကျကာ အသက်ပျောက်နေသည့် ဆင်ပေါက်လေးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း မလေးရှား ဆင်များ၏ အလေ့ကျ ရှင်သန်မှု စောင့်ရှောက်ထိန်းသိမ်းရေးအဖွဲ့ (MEME)က ထုတ်ပြန်ခဲ့သည်။ 

MEME၏ Facebook စာမျက်နှာတွင် ဆင်ပေါက်လေးမှာ ကားတစ်စီး ဝင်တိုက်မိသဖြင့် သေဆုံးခဲ့ခြင်းဟု ဖော်ပြထားပြီး ယာဉ်မောင်းသူများ အနေဖြင့် တောရိုင်းတိရစ္ဆာန်များအပေါ် ပိုမို၍ ညှာတာစိတ် ထားရှိပေးရန် တိုက်တွန်းထားသည်။

“ဂီရစ်ခ်နဲ့ ဂျီလီ ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းပေါ်မှာ ဆင်ပေါက်လေးတစ်ကောင် ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ ဒီသတ္တဝါလေးရဲ့ အဖြစ်က မမြင်ရက်စရာပါ။ ယာဉ်မောင်းသူတွေ အနေနဲ့ လမ်းပေါ်ကို တောရိုင်းတိရစ္ဆာန်တွေ ဖြတ်သန်းချိန်မှာ ကားအရှိန်ကို လျှော့ချပေးဖို့ တိုက်တွန်းချင်ပါတယ်”ဟု MEME အဖွဲ့ဝင် တစ်ဦးဖြစ်စေသော အေလစ်စီယာ ဆိုလာနာ မီနာက ပြောကြားခဲ့သည်။

ကားလမ်းများကို သစ်တောဧရိယာများနှင့် နီးကပ်စွာ ဖောက်လုပ်နေခြင်းက ယာဉ်မောင်းသူများနှင့် တောရိုင်းတိရစ္ဆာန်များ ထိပ်တိုက်တွေ့သည့် အခြေအနေကို ပိုမိုမြင့်တက်လာစေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ မလေးရှား အဝေးပြေးလမ်းများတွင် တောရိုင်းတိရစ္ဆာန်များ ဖြတ်သန်းလေ့ရှိသည့် နေရာများ၌ အရှိန်လျှော့၍ သတိပြု မောင်းနှင်ရန် အချက်ပေး ဆိုင်းဘုတ်များ စိုက်ထူထားသော်လည်း ယာဉ်မောင်းများ လိုက်နာမှု အားနည်းနေဆဲဟု သိရသည်။

Ref: CNA