ရန်ကုန်မြို့လယ်ရှိ လေယာဉ်လက်မှတ်အရောင်းဆိုင်အနုကြမ်းစီးခံရ

 ကျောက်တံတားမြို့နယ် (၃၃)လမ်းတွင် ဖွင့်လှစ်ထားသည့်နိုင်ငံခြား လေယာဉ်လက်မှတ်အ ရောင်းဆိုင်ကို အမျိုးသားနှစ်ဦးကအနုကြမ်းစီးလုယက်မှု ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၈ ရက် မွန်းလွဲ ၁ နာရီကျော်တွင် အမျိုးသားနှစ်ဦး က MK (MAKHAN) ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်အ ရောင်း ဆိုင်သို့ စင်ကာပူလက်မှတ် ဝယ်ယူရန် လာရောက်မေးမြန်းပြီး နောက် အနုကြမ်းစီးလုယက် ကြောင်း အသက် (၂၀)အရွယ် လုယက်ခံရသူ အမျိုးသမီးက ပြောသည်။

အဆိုပါလက်မှတ်အရောင်း ဆိုင်သည် ရုံးဖွင့်ရက်များတွင် ဝန် ထမ်းလေး၊ ငါးဦးခန့် ပုံမှန်ရှိသော် လည်း အခင်းဖြစ်သည့်ရက်သည် ပိတ်ရက်ဖြစ်နေ၍ လုယက်ခံရ သူ အမျိုးသမီးတစ်ဦးတည်းသာ ရှိခဲ့သည်။

 ‘‘ဆိုင်ထဲဝင်လာတဲ့ နှစ် ယောက်မှာ တစ်ယောက်က နှာ ခေါင်းအုပ်တဲ့ မျက်နှာဖုံးတပ်ထား တယ်။ နောက်တစ်ယောက်က တော့ ဆံပင်နည်းနည်းရှည်တယ်။ စင်ကာပူလက်မှတ်ဈေးနှုန်း မေး ပြီးတော့ အနားကပ်လာတယ်။ တစ်ယောက်က ပါးစပ်ပိတ်ပြီး နောက်ဖေးခန်းထဲမှာ အချွန်နဲ့ ထောက်ပြီးလုတာပါ’’ဟု လုယက်ခံရသူ၏ အစ်ကိုတော်စပ်သူ စည်သူကျော်ကပြောသည်။

အမျိုးသမီးကို နောက်ဖေး ခန်းသို့ ခေါ်ဆောင်သွားပြီးနောက် ပါးစပ်နှင့် မျက်နှာတွင် တိပ်များ ဖြင့်ကပ်ကာ ‘‘ပိုက်ဆံတွေ ဘယ် မှာထားလဲ’’ဟု မေးမြန်းပြီး အမျိုးသမီးက မဖြေသည့်အခါ စားပွဲအတွင်း မွှေနှောက်ရှာဖွေကာ ကျပ်သိန်း ၅၀ ကျော်နှင့် ၎င်းဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများကို လုယူထွက်ပြေးသွားကြောင်း ထိုအမျိုးသမီးကပြောသည်။

‘‘ကြိုးတုပ်ပြီး ထွက်ပြေးသွား တော့ သူ လေးဘက်တွားပြီး ရှေ့ ကိုလာတယ်။ သူ့ဖုန်းကို စားပွဲခုံ အောက်မှာတွေ့တော့ ကျွန်တော့် ဆီ ဖုန်းဆက်တယ်။ ဆိုင်ကို ရောက်တော့ သူကလည်း လေး ဘက်ထောက်ကြီး ဖြစ်နေတယ်။ ကျွန်တော်ကိုယ်တိုင် ကြိုးဖြေပေး လိုက်တာပါ။ အချိန်ကတော့ နေ့ လယ် ၁ နာရီကျော်နေပြီ’’ဟု စည် သူကျော်က ပြောသည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ဆေးနေချိန်ဖြစ်၍ မည်သည့် အရာကိုမျှ ပြောပြနိုင်ခြင်းမရှိသေးကြောင်း လာရောက်စစ်ဆေးသူ ရဲအုပ်ကပြောသည်။ လုယက်မှု ကျူးလွန်သူနှစ်ဦးသည် ဗိုလ်ချုပ်လမ်းမှ ဝင်ရောက်လာပြီးနောက် ပြန်လည်ထွက်ပြေး သွားကြောင်း CCTV မှတ်တမ်း များတွင် တွေ့ရသည်။

၂၀၁၆ ဒီဇင်ဘာ ၃ ရက်က လည်း စမ်းချောင်းမြို့နယ် ရှမ်းကုန်းလမ်းရှိ MS ငွေလဲကောင်တာတွင် လူနှစ်ဦးက သေနတ်ဖြင့် နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုဖြစ်ပွားပြီး အဆိုပါ လု ယက်မှု၌ မြန်မာငွေ ကျပ်သိန်းတစ်ရာ့ငါးဆယ်နှင့် ကန်ဒေါ်လာ တစ်သောင်းခွဲကို ယူဆောင်ခဲ့ သည်။

ယင်းအမှုတွင် မျက်မြင် သက်သေ အမြောက်အမြားနှင့် CCTV မှတ်တမ်းပုံရိပ်များမှ လုယက်သူများ၏ ပုံများရရှိသော် လည်း ရဲတပ်ဖွဲ့က ယနေ့အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

၂၀၁၆ ဒီဇင်ဘာ ၇ ရက်က ရန်ကုန်မြို့လယ်ကောင် (၃၈)လမ်းရှိ ဖက်ရှင်ဆိုင်တစ်ဆိုင်တွင် ဆိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦး တည်းရှိနေစဉ် လုယက်မှုဖြစ်ပွားရာ လက်ဝတ်လက်စားနှင့် ဟန်းဖုန်းတို့ကို ယူဆောင်သွားခဲ့သည်။

 အဆိုပါ အမှုတွင်လည်း CCTV မှတ်တမ်း၌ ရိုက်ကူးထား နိုင်သည့်တိုင် ဖမ်းဆီးရမိခြင်း မရှိသေးပေ။

Top News