တာချီလိတ်တွင် အမျိုးသားတစ်ဦး နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ

တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး ၎င်း၏အိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍သေဆုံးခဲ့ပြီးသေနတ်သမားကို ဖမ်းဆီးနိုင်ရေး ပိတ်ဆို့ရှာဖွေနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

တာချီလိတ်မြို့ မကာအိုခမ်း ရပ်ကွက်တွင် အသက် (၄၄)နှစ် အရွယ် အမျိုးသားတစ်ဦးကို သေ နတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဇွန်လ ၁၇ ရက် ည ၇နာရီခန့်တွင်ဖြစ်ပွားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနုက ပြောသည်။

‘‘သေနတ်နဲ့အပစ်ခံရတဲ့သူ က အိမ်ထဲမှာ သူ့အမျိုးသမီးနဲ့ အိမ်အကူနဲ့ သုံးယောက်ရှိနေတုန်း ဖုန်းတစ်လုံးဝင်လာလို့ ခြံရှေ့ ထွက်ပြောနေချိန်မှာ လူတစ် ယောက်က ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ ပစ်သွားတာ’’ ဟု ရဲမှူး သန်းနုက ပြောသည်။

ပစ်ခတ်ခံရသူအနီး သေနတ် ကျည်ဆန်ကိုးခုတွေ့ရှိခဲ့ပြီး ခန္ဓာ ကိုယ်အနှံ့ ဒဏ်ရာပြင်းထန်၍ နေရာတွင်ပင် သေဆုံးခဲ့သည်။ သေဆုံးသူနှင့် နောက်ဆုံးပြော ထားသော ဖုန်းနံပါတ်သည် ထိုင်း ဖုန်းနံပါတ်ဖြစ်နေပြီး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရန် နေအိမ်အပြင် ဘက်သို့ ဖုန်းဆက်ခေါ်ဆိုခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ဆို သည်။

အမှုကွင်းဆက် ဖော်ထုတ် နိုင်ရန် သေဆုံးသူအကြောင်းကို ၎င်းနှင့်အတူရှိနေသည့် မိသားစုဝင်အချို့ကိုမေးမြန်းရာ အတိအကျမပြောနိုင်၍ အခက်တွေ့နေ ကြောင်း ရဲမှူးသန်းနုက ပြော သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရချိန်တွင် နေအိမ်အတွင်းရှိနေ သော အမျိုးသမီးသည် သေဆုံးသူအမျိုးသား၏ အကြောင်းကို ရှင်းရှင်းလင်းလင်းပြောပြနိုင်ခြင် မရှိဟုဆိုသည်။ သေနတ်သမားကို ဇွန်လ ၁၈ ရက် ညနေ ၅ နာရီခန့်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေး ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

ထိုင်းနိုင်ငံနှင့် ကပ်လျက် တာချီလိတ်မြို့တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှု မကြာခဏဖြစ် ပွားပြီး ဒေသတွင်းတရားဥပဒေ စိုးမိုးမှုနည်းပါးနေကြောင်းဒေသခံ များက ပြောသည်။

Top News