မင်းတုန်းမြို့တွင် သတ္တမတန်းကျောင်းသူနှစ်ဦးရေနစ်သေဆုံး

 မကွေးတိုင်း မင်းတုန်းမြို့နယ်တွင် ရေကန်အတွင်းခြေဆင်းဆေးစဉ် ချော်ကျသည့်သူငယ်ချင်းကို ကယ်တင်ရာမှ သတ္တမတန်းကျောင်းသူနှစ်ဦးစလုံး ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။  ဇွန်လ ၁၇ ရက်က မင်းတုန်းမြို့နယ်လယ်မကျေးရွာတောင်ဘက်ရှိ အကျယ်ပေသုံးဆယ်၊ အနက်ရှစ်ပေခန့်ရှိသော နွားရေ သောက်ကန်အတွင်းသို့ ကျောင်းမှ ပြန်လာသည့် အသက်(၁၃)နှစ်အ ရွယ် သတ္တမတန်းကျောင်းသူက ခြေဆင်းဆေးစဉ် ချော်ကျသဖြင့် နောက်တစ်ဦးက ဆင်းဆယ်ရာတွင် နှစ်ဦးစလုံးရေနစ်ခဲ့ကြောင်း အပိုင်နယ်မြေရဲတပ်ဖွဲ့စခန်းမှတ်တမ်းအရ သိရသည်။  

‘‘ကလေးတွေက လယ်မ ကျေးရွာက ကျောက်တိုင်ကျေးရွာ  မှာ ကျောင်းတက်နေကြတာ။ ရွာ ပြန်လာရင်း လမ်းမှာ ကလေးမ လေးတစ်ယောက်က ရေကန်မှာခြေဆေးရင်း ချော်ကျပြီး ရေနစ် တာ၊ နောက်တစ်ယောက်က လိုက်ဆွဲရင်း နှစ်ယောက်စလုံးနစ် သွားတာ။ အဲဒါ ငါးတန်းကျောင်းသားလေးကသိပြီး ရွာပြန်လူခေါ်ပေးပေမယ့် သေဆုံးသွားရတယ် သိရတယ်’’ဟု အပိုင်နယ်မြေရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ အပိုင်နယ်မြေရဲတပ်ဖွဲ့စခန်းဖြစ်သည့် တိုင်းတာနယ်မြေရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး သေမှုသေခင်းဖွင့်လှစ်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။