ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာနိုင်ကြောင်း မိုးဇလ သတိပေး

ဘင်္ဂလားပင်လယ်အော် တွင် ဇွန်လ ၂၁ ရက်နောက်ပိုင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာ နိုင်ကာ ဧရာဝတီနှင့် ချင်းတွင်းမြစ် ရေလည်း မြင့်တက်လာနိုင် ကြောင်း မိုးဇလဌာနကသတိပေး ထားသည်။

ဇွန်လ ၁၈ ရက်သတင်းထုတ် ပြန်ချက်၌ အထက်ပါအတိုင်းသ တိပေးခြင်းဖြစ်ပြီး လတ်တလော တွင် ဒေသအချို့နေရာကွက် မိုးကြီးနိုင်ကြောင်း သတင်းထုတ် ပြန်ထားသည်။

ဧရာဝတီမြစ်ရေသည် ဇွန်လ၂၁ ရက်နောက်ပိုင်းကစတင်ကာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာနှင့် သပိတ်ကျင်းမြို့တို့တွင် ၈ ပေမှ ၁၀ ပေခန့်၊ မန္တလေး၊ စစ် ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူးနှင့် မကွေးမြို့ တို့တွင် ၅ ပေမှ ၇ ပေခန့်နှင့် အောင်လံ၊ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့်ဇလွန်မြို့တို့တွင် ၃ ပေမှ ၅ ပေခန့် မြင့်တက်လာနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။ချင်း တွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း နှင့် ဖောင်းပြင်မြို့တို့တွင် ၉ ပေမှ ၁၁ ပေခန့် မြင့်တက်လာနိုင်ပြီး မော်လိုက်၊ကလေးဝ၊ မင်းကင်း၊ ကနီ နှင့် မုံရွာမြို့တို့တွင် ၆ ပေမှ ၉ ပေ ခန့်မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။ မြစ်ကမ်း ဘေးနေသူများ ရေဘေးသတိပြု ရန် မိုးလေဝသနှင့် ဇလဗေဒဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက အကြံပြုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့၌ နေရာကွက်၍ မိုးကြီးနိုင် ကြောင်း သတိပေးထားသည်။

Top News