အမြွှာပူးလေး မွေးဖွားတဲ့ ဘီယွန်စေး

အဆိုတော် ဘီယွန်စေးနှင့် ခင်ပွန်း ဂျေးဇီးတို့ သည် အမြွှာကလေး မွေးဖွားခဲ့ သည်။

၎င်းတို့ ဇနီးမောင်နှံ၏ သမီး ကြီး အသက် (၅)နှစ်အရွယ် ဘ လူးအိုင်ဗီအတွက် မောင်နှမများ တိုးလာပြီဖြစ်သည်။

ဖေဖော်ဝါရီတွင် (၃၅)နှစ် ပြည့်ခဲ့သည့် ဘီယွန်စေးသည် အင်စတာဂရမ်စာမျက်နှာ၌ ကိုယ် ၀န်ဆောင်ထားသည့် ဓာတ်ပုံဖြင့် ‘‘ဒီအမြွှာလေး နှစ်ယောက် ကျွန်မတို့ မိသားစုထဲ ၀င်ရောက် လာတာ မယုံကြည်နိုင်လောက် အောင် ပျော်ရွှင်ရပါတယ်’’ဟု ရေးသားဖော်ပြကာ အမြွှာကိုယ် ၀န်လွယ်ထားရကြောင်း ပရိသတ် များအား အသိပေးကြေညာခဲ့ သည်။

ထိုစဉ်က အင်စတာဂရမ်၌ ဘီယွန်စေး၏ အမြွှာကိုယ်ဝန် လွယ်ထားရကြောင်း ဖော်ပြမှု သည် ရှစ်နာရီအတွင်း Like ခြောက် သန်းကျော်ရရှိခဲ့ပြီး အင် စတာဂရမ်စာမျက်နှာ၌ Like အ များဆုံးရရှိသော ပို့စ်အဖြစ် ကမ္ဘာ့ စံချိန်တင်ခဲ့သည်။

နာမည်ကျော် အဆိုတော် များဖြစ်ကြသော ဘီယွန်စေးနှင့် ဂျေးဇီးတို့သည် ၂၀၀၈ တွင် လက် ထပ်ခဲ့ကြပြီး ၂၀၁၂ တွင် သမီး ကြီး ဘလူးအိုင်ဗီကို မွေးဖွားခဲ့ သည်။

Top News