ဗီဒီယိုဖိုင်ကြောင့် ဝေဖန်ခံရပြီးနောက် ဆင်ဆင်ခြင်ခြင်နေတော့မယ်လို့ ပြောလိုက်တဲ့ ဇေရဲထက်

 ဇွန်လ ၁၆ ရက်ညက ဓာတ်ပုံရှုတင်တစ်ခုတွင် မင်းသ မီးရွှေမှုံရတီနှင့် ၂၀၁၈  ပြက္ခဒိန် တွဲဖက်ရိုက်ကူးရင်း Live လွှင့် ထားသည်ကို မသိရှိဘဲ အ ချင်းချင်း အပြန်အလှန်စနောက် နေသည့် ဗီဒီယိုဖိုင်ပျံ့နှံ့သွားရာမှ ဝေဖန်မှုများမြင့်တက်လာ၍ ကာယကံရှင်ဇေရဲထက်က ယခုကဲ့သို့ ပြောကြားသည်။

‘‘ဖေ့စ်ဘွတ်ခ်က ဗီဒီယိုကိစ္စ နဲ့ပြောရရင် ကျွန်တော်တို့သည် မောင်နှမလိုတစ်ယောက်နဲ့တစ် ယောက် ရင်းနှီးစနောက်နေကြ တာကိုလည်း မြင်ကြမှာပါ။ ဘာ လို့လဲဆိုတော့ ကြည့်လိုက်တာနဲ့ မဟုတ်မဟတ်တဲ့စိတ်နဲ့လုပ်နေ ကြတာလား၊  မောင်နှမလိုပုံစံနဲ့ နေနေကြတာလားဆိုတာလူတိုင်း သိမှာပါ။ ကျွန်တော့်အနေနဲ့က တော့ ဘာမှမဖြေရှင်းဘူး။ ကာယ ကံရှင်ဖြစ်တဲ့ ရွှေမှုံရတီရော၊ ကျွန်တော်ရော မှန်နေတယ်။ မှား သွားတာတစ်ခုက Live လွှင့်နေ တာကို ကျွန်တော်ကိုယ်တိုင်မသိ လိုက်တဲ့အချိန်ပေါ့။ ပြန်ဖျက်ခိုင်း လိုက်ပေမယ့် Share ကြတာများ သွားတယ်။ အဲဒါနဲ့ပတ်သက်ပြီး မကောင်းမြင်ခံလိုက်ရတာက တော့ ကျွန်တော့်ကိုပေါ့။ စိတ် တော့မကောင်းဖြစ်မိတယ်။ အဲဒါ ကြောင့် ငါတို့နေတာထိုင်တာက မောင်နှမလိုကလေးစိတ်နဲ့ နေ ထိုင်ကြပေမယ့် သူများအမြင်မှာ မကောင်းဘူး။ နောက်ပိုင်းကျရင် ရှောင်ကြဉ်ရမယ်ဆိုတဲ သင်ခန်း စာတစ်ခုရသွားတယ်’’ဟု ဆို သည်။

Live လွှင့်ရခြင်းကို မနှစ် သက်သည့် ဇေရဲထက်က ပရိ သတ်များအမြင်တွင် တစ်ခုခုအ မှားပါမည်စိုးသဖြင့် အခြား အနု ပညာရှင်များကဲ့သို့ Live မကြာ မကြာမလွှင့်ဖြစ်သလို နောက်ပိုင်း တွင် ယခုထက်ပို၍ ဆင်ခြင်မည် ဖြစ်ကြောင်း ပြောသည်။

‘‘ရွှေမှုံရတီက အမြဲတမ်း Live လွှင့်နေတာ ကိုယ်ကလည်း မသိလိုက်ဘူး။ သူနဲ့က သူငယ် ချင်းဆိုတာထက် မောင်နှမလိုကို ဖြစ်နေတာ။ သူ့အမေဆို ကိုယ့်ကို အရမ်းချစ်တယ်။ ရင်ဖွင့်ဖော်၊ ရင် ဖွင့်ဖက်၊ တိုင်ပင်ဖော်၊ တိုင်ပင် ဖက်ပေါ့။ မောင်နှမအရင်းအချာ လိုပဲဖြစ်နေတဲ့အခါကျတော့ သ တိလက်လွတ်ဖြစ်သွားတာပါ။ တစ်ခါတလေဆို မင်းသား၊ မင်း သမီးစိတ်တောင်ပျောက်သွားပြီး ကလေးလိုနေတာလေးတွေလည်း ရှိတယ်။ အဲဒါလေးတွေနဲ့ပတ် သက်ပြီး အမှားမြင်သွားတဲ့အခါ ကျတော့ ဘာမှတော့ မဖြေရှင်း တော့ဘူး။ သြော် ငါတို့ နောက် ပိုင်းကျရင် ဆင်ခြင်ရုံပဲရှိတော့တာ ပေါ့လို့ တွေးမိတယ်’’ဟု ဇေရဲ ထက်က ပြောသည်။

မိသားစုတကွဲတပြားနှင့် ခွဲ နေရသည့် ဇေရဲထက်က ဘ၀ကို အနုပညာအလုပ်ထဲတွင် မြှုပ်နှံ ရင်း အထီးကျန်စွာ ဖြတ်သန်းနေ ရသည့်အပြင် လိုချင်တောင့်တ နေသည့် မိသားစုဘ၀ မဖြစ်နိုင် တော့ကြောင်း ပြောကြားသည်။

‘‘မိသားစုဆိုတာ ကျွန်တော် နဲ့ တော်တော်ဝေးကွာပါတယ်။ အဖေကတော့ မရှိတော့ဘူး။ အ မေကလည်း နေပြည်တော်မှာပဲ နေတယ်။ သူ့စီးပွားရေးနဲ့သူဖြစ်တဲ့ အပြင် ကျွန်တော့်အလုပ်ကိုလည်း ၀ါသနာမပါကြဘူး။ ပြီးတော့ အမေက ရန်ကုန်မှာနေရတာကို လည်း မကြိုက်ဘူး။ ကျွန်တော်က တော့ သွားတွေ့ဖြစ်တယ်။ တစ် ခါတလေလည်း အမေ့ကို လှမ်း လှမ်းခေါ်ခိုင်းတာမျိုးလည်း ရှိ တယ်။ ကျွန်တော်က အကြီးဆုံး၊ အောက်မှာ မောင်နှမတွေလည်းရှိ တယ်။ ဒါပေမဲ့ ကျောင်းတစ်ဖက်နဲ့ ဆိုတော့ ဒီကိုလာမနေနိုင်ကြဘူး။ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ နေ ရဖို့က ဒီဘ၀မှာတော့ မဖြစ်နိုင် တော့ပါဘူး’’ဟု ၀မ်းနည်းစွာပြော သည်။

လက်ရှိ ဒါရိုက်တာ မယ် မင်းဘုံရိုက်ကူးသော ‘မင်္ဂလာယူမယ်’ ဗီဒီယိုကားတွင် နန်းမြတ်ဖြိုးသင်း နှင့်အတူ ပါဝင်သရုပ်ဆောင်နေ ပြီး ကြော်ငြာများ၊ ဗီဒီယိုကားများ အပြင် ရုပ်ရှင်ကားကြီးများပါ ဆက်လက်ရိုက်ကူးရန်ရှိကြောင်း ၎င်းက ပြောသည်။

Top News