မန္တလေးတွင် ငါးလအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၈၃ ဦး သေဆုံး ယခင်နှစ်ထက် ၁၉ ဦးတိုးလာ

 မန္တလေးမြို့တွင် ယာဉ်တိုက်မှုကြောင့် ငါးလအတွင်း လူ ၈၃ ဦး သေဆုံးပြီး ယခင်နှစ်ထက် သေဆုံးသူ ၁၉ ဦးတိုးလာကြောင်း အမှတ်(၁၁)ယာဉ်ထိန်း ဒုတပ်ခွဲမှူးရုံးမှ သိရသည်။

မန္တလေးခရိုင်တွင် ၂၀၁၇ မေလအထိ ငါးလအတွင်း ယာဉ် တိုက်မှု ၁၄၄ မှုဖြစ်ပွားပြီး ယခင် နှစ်ထက် ၁၀ မှုတိုးလာကြောင်း၊ သေဆုံးသူ ၈၃ ဦးရှိပြီး ယခင်နှစ် ထက် ၁၉ ဦးတိုးလာကာ ဒဏ်ရာ ရရှိသူ ၁၄၈ ဦးရှိ၍ ယခင်နှစ်ထက် ၁၅ ဦးလျော့ကျခဲ့ကြောင်း သိရ သည်။

‘‘ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းကို အလေးထားဆောင်ရွက် နေပါတယ်။ ဘာလို့အလေးထား ဆောင်ရွက်ရလဲဆိုရင် ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ လမ်း မပေါ်မှာ ယာဉ်တွေအများကြီး ဖြစ်လာတယ်။ အဲဒီလိုများလာ တာနဲ့အတူ ဆိုးကျိုးဘက်က ကြည့်မယ်ဆိုရင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာလို့ ထိ ခိုက်ဒဏ်ရာရတဲ့သူတွေက အများကြီးပဲ။ မန္တလေးဆေးရုံကြီးမှာ ကြည့်လိုက်ရင် ရောဂါကြောင့်ဖြစ် တာနဲ့ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်တာနဲ့ တဖြည်းဖြည်း အချိုးညီမျှ လာတယ်’’ဟု မန္တလေးတိုင်းဝန် ကြီးချုပ်က ပြောသည်။

ဆိုင်ကယ်မှ အခြားယာဉ် တိုက်မှု အများဆုံးဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှု   အများဆုံး  ဖြစ်ပွား ချိန်သည် နေ့လယ် ၁၂ နာရီမှ ည နေ ၆ နာရီထိဖြစ်ကာ ဒုတိယအ များဆုံးချိန်သည် ညနေ ၆ နာရီမှညဥ့်နက်ပိုင်းတို့တွင် ဖြစ်ပွားလျက်ရှိသည်။ လက်ရှိတွင် မန္တလေးမြို့၌ မှတ်ပုံတင်ထားသည့် ဆိုင်ကယ် အစီးရေ တစ်သန်းခန့် ရှိသည်။

Top News