ဇင်မာဦးလို အဖြစ်မျိုး မကြုံရအောင်

ဇွန် ၁၆ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အိမ်အကူအလုပ်သမားများနေ့ကို ဂုဏ်ပြု၍ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်၏ ပြဋ္ဌာန်းချက် အမှတ် ၁၈၉ ကို အစိုးရက လက်မှတ်ရေးထိုးရန် စုပေါင်းသရုပ်ဖော်တောင်းဆိုနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

စင်ကာပူနိုင်ငံရှိ ၂၄ ထပ်မြင့်သော Inter-lace ကွန်ဒို၏ ၁၈ လွှာနံရံစွန်းတွင် ဇွန်လ  ၁၂ ရက် ညနေ ၅ နာရီခန့်က အဖြူရောင် ညဝတ် အင်္ကျီနှင့် ဘောင်းဘီဝတ်ဆင်ထားသော မိန်းကလေးငယ်တစ်ဦး ညှိုးငယ်စွာထိုင်နေ သည်။

ခုန်ချရန်ပြင်နေသော သူ့ကို ကွန်ဒို အောက်မှ လူအချို့နှင့် ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အချို့က စိုးရိမ်ကြီးစွာ စောင့် ကြည့်နေကြသည်။တိုက်နံရံစွန်းရှိ မိန်းကလေး ၏အနီးတွင်လည်း စင်ကာပူမြို့ပြ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က သူမကို ဖျောင်းဖျရန် ကြိုးစားခဲ့ သည်။

သို့သော် ၎င်းတို့ဖျောင်းဖျမှု များ၊ ကယ်တင်ရန် ကြိုးစားမှုများ မအောင်မြင်ဘဲ နှစ်နာရီခန့်တွင် မိန်းကလေးသည် ယင်းကွန်ဒို ပေါ်မှ ခုန်ချ၍ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့ဝင်များ ချထားပေးသော ကယ်ဆယ်ရေး မွေ့ရာမရှိသော နေရာသို့ ခုန်ချ ခဲ့ခြင်းဖြစ်၍ နေရာတွင် ပွဲချင်း ပြီး သေဆုံးခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်ကို ရိုက်ကူးထားသော ဗီဒီယိုဖိုင်များ မိနစ်ပိုင်းအတွင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်သို့ ပျံ့နှံ့ ခဲ့သည်။

ထိုသို့ တိုက်ပေါ်မှ ခုန်ချ၍ သေကြောင်းကြံသွားသူသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ(၂၅)နှစ်အရွယ် မြိုတိုင်းရင်းသူ မဇင်မာဦးဖြစ်သည်။


မဇင်မာဦးအတွက် စင်ကာပူတွင် ဆုတောင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ − စလုံး ဖေ့စ်ဘွတ်ခ်)

မဇင်မာဦးသည် စင်ကာပူနိုင်ငံသို့ လွန်ခဲ့သည့် ရှစ်လခန့်က အိမ်အကူအဖြစ် သွားရောက်အ လုပ်လုပ်ကိုင်နေသူဖြစ်၏။ ၎င်း တိုက်ပေါ်မှ ခုန်ချသတ်သေသည့် ဖြစ်ရပ်သည် စင်ကာပူနိုင်ငံကိုကျော်၍ မြန်မာနိုင်ငံတစ်ဝန်း မြန်မာလုပ်သားများရှိရာ နိုင်ငံများသို့ပါ ရိုက်ခတ်ခဲ့ပြီး ပြည်ပရောက် မြန်မာ အိမ်အကူအလုပ်သမား များအရေးအပေါ် များစွာသက် ရောက်စေခဲ့သည်။

‘‘အိမ်အကူ အလုပ်သမား တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအ နေကို မကြာခင်က တိုက်ပေါ်က ခုန်ချသက်သေသွားတဲ့ မြန်မာအမျိုးသမီးလေးက ပြသသွားပါ တယ်’’ဟု ILO (ရန်ကုန်)မှ ရွှေ့ ပြောင်းသွားလာခြင်းဆိုင်ရာ စီမံ ကိန်း အကြံပေးအရာရှိချုပ် Mr. Jacqueline Pollock က မဇင်မာ ဦးသေဆုံးပြီး သုံးရက်အကြာတွင်  ရန်ကုန်မြို့၌ ပြုလုပ်သည့် အပြည် ပြည်ဆိုင်ရာ အိမ်အကူအလုပ်သ မားများနေ့ကို ဂုဏ်ပြုသည့်အခမ်း အနား၌ ပြောကြားသည်။

မဇင်မာဦးသည် စင်ကာပူ နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အမျိုးသမီး လေးသောင်းခန့်မှ တစ်ဦးအပါအဝင်ဖြစ်သည်။

စင်ကာပူနှင့် ဟောင်ကောင် သို့ ၂၀၁၃ က စ၍ အိမ်အကူ လုပ်သား တရားဝင်သွားရောက် လုပ်ကိုင်ခြင်းကို စမ်းသပ်ခွင့်ပြုခဲ့ သော်လည်း ၂၀၁၄ တွင် ယင်းလုပ်သားစေလွှတ်မှုအပေါ် ဝေဖန်မှု များရှိခြင်းကြောင့်ဟု ဆိုကာ ရပ် ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

၂၀၁၃ အတွင်းက စင်ကာပူ နိုင်ငံရှိ အေဂျင်စီအချို့က မြန်မာ အိမ်အကူလုပ်သားများကို ရောင်း ကုန်ကဲ့သို့ ဈေးနှုန်းများဖြင့် ပြသ ကာ သတင်းစာများတွင် ကြော်ငြာထည့်သွင်းခြင်းများ ပြုလုပ်ခဲ့ခြင်း ကို အယ်လ်ဂျာဇီးယားသတင်း ဌာနက သတင်းဖော်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လူသိများလာပြီး အိမ်အကူလုပ်သားစေလွှတ်မှုအ ပေါ် ဝေဖန်မှုများ အပြင်းအထန် ထွက်ပေါ်ခဲ့သည်။

ထို့ကြောင့် အိမ်အကူအလုပ် သမား တရားဝင်စေလွှတ်ခွင့်ပြုခဲ့ သည့် ကာလသည် တစ်နှစ်ခန့်သာ တရားဝင်ခွင့်ပြုခဲ့သည်။

တစ်နှစ်အတွင်း ဟောင် ကောင်နှင့် စင်ကာပူနိုင်ငံသို့ အိမ် အကူလုပ်သား ၃၀၀ ခန့်သာ ပို့ ဆောင်ပေးနိုင်ခဲ့ကြောင်း အလုပ် သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် ပြည်ပသို့ တရားဝင် အိမ်အကူလုပ်သားသွားရောက်မှု ကို ရပ်ဆိုင်းခဲ့သော်လည်း တရား မဝင် သွားရောက်မှုရပ်တန့်မသွား ဘဲ ပို၍ပင် များပြားလာခဲ့သည်။ စင်ကာပူနှင့် ဟောင်ကောင်သည် အိမ်အကူအများဆုံးသွားရောက် သော နိုင်ငံဖြစ်သည်။ ထိုင်းသို့ သွားရောက်သူလည်း များစွာရှိ သည်။

အိမ်အကူ လုပ်ငန်းသည် တစ်လလျှင် လစာကျပ်ငါးသိန်း ခန့်ရရှိပြီး နေထိုင်စားသောက် စရိတ် ထပ်မံကုန်ကျစရာ မလို သော လုပ်ငန်းဖြစ်ခြင်းကြောင့် ရွှေ့ပြောင်း မြန်မာအလုပ်သမား များအပေါ် ဆွဲဆောင်မှုများစွာ ပေးနိုင်သော လုပ်ငန်းတစ်ရပ် ဖြစ် သည်။ ရွှေ့ပြောင်းမြန်မာအလုပ်သ မားရေးရာ စောင့်ကြည့်လေ့လာ သူများ၏လေ့လာတွေ့ရှိချက်အ ရ ရန်ကုန်လေဆိပ်မှ ပြည်ပသို့ အိမ်အကူလုပ်သားအဖြစ် သွား ရောက်လုပ်ကိုင်ရန် ထွက်ခွာ သည့် အရေအတွက်သည် တစ်ရက်လျှင် ဦးရေ ၃၀ မှ ၄၀ ကြားရှိသည်ဟု ဆိုသည်။ နိုင်ငံတကာကဲ့သို့ပင် အိမ်အကူလုပ်သားအ ဖြစ် အများဆုံး သွားရောက်လုပ် ကိုင်သူများသည် အမျိုးသမီးများ ဖြစ်သည်။

အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ခန့်မှန်းချက်အရ စင် ကာပူနိုင်ငံ တစ်ခုတည်းမှာပင် တရားမဝင် အိမ်အကူလုပ်သား လေးသောင်းခန့် ရှိနေပြီး တရားမဝင် သွားရောက်လုပ်ကိုင် နေမှုကို ထိန်းချုပ်ရန် ခက်ခဲသည့် အခြေအနေတွင် ရှိနေသေး ကြောင်း တာဝန်ရှိသူများက ဝန်ခံထားသည်။

ပြည်ပတွင် အိမ်အကူလုပ် သားအဖြစ် လုပ်ကိုင်နေသော မြန်မာအမျိုးသမီးများသည် တရား မဝင် လုပ်သားများဖြစ်နေခြင်း ကြောင့် အိမ်တွင်းအကြမ်းဖက်ခံရ မှု၊ ခေါင်းပုံဖြတ်ခံရမှုများ ကြုံတွေ့လျှင်ပင် သက်ဆိုင်ရာမြန်မာသံရုံး များသို့ ဆက်သွယ်အကူအညီ မတောင်းခံရဲကြောင်း ရွှေ့ပြောင်း အလုပ်သမားရေးရာ ကူညီဆောင်ရွက်ပေးနေသူ ဒေါ်သက်သက် အောင်က ဆိုသည်။

‘‘သူတို့အနေနဲ့ ကိုယ်က တရားမဝင် လုပ်နေတာဆိုပြီး တော့ ဘယ်မှ မတိုင်ရဲ၊ မပြောရဲ ဘဲ ကြိတ်မှိတ်ခံစားနေကြရတဲ့ ခံစားချက်တွေ ရှိနေနိုင်တယ်’’ဟု ဒေါ်သက်သက်အောင်က မှတ် ချက်ပြုသည်။

ထိုသို့ စိတ်ခံစားမှုများ ကြောင့် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုများဖြစ်လာမှ သာ လူအများက သတိထားမိ တတ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ပေါ်နေသော အိမ်အကူ မည်မျှရှိနေသည်ကိုမူ မသိနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားရေးရာကျွမ်းကျင်သူများက ဆိုသည်။

အိမ်အကူ လုပ်ငန်းသည် အိမ်တွင်းလုပ်ငန်းတစ်ခုဟု ဆို သော်လည်း အန္တရာယ်ရှိလုပ်ငန်း များထဲ၌ ပါဝင်နေသည်။ စင်ကာ ပူကဲ့သို့ အထပ်မြင့်တိုက်များပေါ များသည့် နိုင်ငံတွင် အဝတ်လှန်း ခြင်း၊ ပြတင်းပေါက်မှန်သုတ်ခြင်း များမှတစ်ဆင့် အမြင့်ပေါ်က ပြုတ်ကျ၍ ထိခိုက်သေဆုံးသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်လေ့ရှိ သည်။

စင်ကာပူနိုင်ငံတွင်ပင် ယခုနှစ်အတွင်း အထပ်မြင့်မှနေ၍ မတော်တဆပြုတ်ကျကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာအလုပ် သမားနှစ်ဦးရှိခဲ့ကြောင်း စင်ကာပူ၌ အိမ်အကူလုပ်သားများကို ကူညီ ပေးနေသူအချို့က ပြောသည်။

ထိုသို့ဖြစ်ရခြင်းသည် လုပ်ငန်းခွင် အကြိုသင်တန်းတက် ရောက်မှုမရှိခြင်း၊ လုပ်ငန်းပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုအားနည်း ချက်များကြောင့် ပါဝင်ကြောင်း အ လုပ်သမားညွှန်ကြားရေးဦးစီးဌာ န ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင် နွေဦးက ပြောသည်။

‘‘အထပ်မြင့်မှာ ဘယ်လိုနေ ထိုင်၊ လုပ်ကိုင်ရမယ်ဆိုတာမျိုးကို ကြိုတင်သင်ကြားသွားခဲ့မယ်ဆို ရင်တော့ အဲဒီလိုဖြစ်ရပ်မျိုးက သိပ်မရှိနိုင်ဘူး’’ဟု ၎င်းက မှတ် ချက်ပြုသည်။

သို့သော် တရားမဝင် သွား ရောက်လုပ်ကိုင်နေရသည့် အ လုပ်သမားများအတွက်မူ သင် တန်းသင်ကြားခွင့်ရရှိနိုင်ခြင်းရှိ နိုင်မည်မဟုတ်သကဲ့သို့ ဖိနှိပ်ခံရ မှုများအတွက် ဆက်သွယ်အကူ အညီတောင်းခံရန် အခက်အခဲ များ ကြုံတွေ့နေရဦးမည်ဖြစ်သည်။

ယင်းသို့သော အခြေအနေ များကို ဖြေရှင်းနိုင်ရန် လက်ရှိ တရားမဝင်လုပ်ကိုင်နေသူများကို တရားဝင် လုပ်သားများ ဖြစ် အောင် စီစဉ်ပေးခြင်းနှင့် တရားဝင်သွားရောက်လုပ်ကိုင်ခွင့်ပေးခြင်း များက အဖြေတစ်ခုဖြစ်နိုင်မည်ဟု အစိုးရက မျှော်လင့်ထားသည်။

ပထမအဆင့် အနေဖြင့် လက်ရှိ တရားမဝင် ရောက်ရှိလုပ် ကိုင်နေသည့် မြန်မာအိမ်အကူ လုပ်သားများ လုပ်ကိုင်နေသည့် နေရပ်နှင့် စာရင်းအချက်များရရှိ ရန် စတင်ကြိုးစားနေပြီဟု ဆို သည်။ သို့သော် တရားမဝင် သွားရောက်ခြင်းဖြစ်၍ အချက် အလက်ရရန် ခက်ခဲသည်။

အိမ်အကူ လုပ်သားဈေး ကွက်သည် နိုင်ငံတကာတွင် တွင်ကျယ်နေခြင်းကြောင့် တရား ဝင်ခွင့်ပြုပေးလိုက်ခြင်းကို ၎င်း တို့ဆီမှ အခွန်ငွေများကို နိုင်ငံ တော်က ရရှိလာနိုင်မည် ဖြစ် ကြောင်း ပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီလုပ်ငန်းရှင် ဦး ကျော်ဇောက အကြံပြုသည်။ တစ်ကမ္ဘာလုံးတွင် အိမ်အကူလုပ်သား ၆၇ သန်းရှိပြီး ၈၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်။ အိမ်အ ကူအလုပ်သမား စေလွှတ်သည့် နိုင်ငံများအတွက် အိမ်အကူလုပ် သားတို့၏ ပြည်ပမှ ပြန်ပို့ငွေသည် ၎င်းတို့၏မိသားစုအတွက်သာမ က သက်ဆိုင်ရာနိုင်ငံများ၏စီးပွား ရေးအတွက်ပါ အရေးပါသည်။ အိမ်အကူလုပ်သားများကို  အခွင့်အရေးများ၊ ဥပဒေများ စနစ်တကျပြဋ္ဌာန်း ကာကွယ်နိုင်ရန် ဇွန်လ ၁၆ ရက်ကိုနိုင်ငံတကာ အိမ်အကူအလုပ်သမားနေ့ပင် သတ်မှတ်ထားသည်။

သို့သော် မြန်မာနိုင်ငံ၏ယဉ် ကျေးမှုတွင် အိမ်အကူအလုပ်သ မားများကို ‘ကျွန်’လုပ်သားများသ ဖွယ် သတ်မှတ်ထား၍ အခြား နိုင်ငံများသို့ ယင်းလုပ်ငန်းသွား ရောက် မလုပ်ကိုင်စေလိုသူများ ရှိနေသည်။ သို့သော် နိုင်ငံဆင်းရဲ ၍ အလုပ်အကိုင်ရှားပါးမှု၊ ခေတ် အဆက်ဆက် ပျက်စီးခဲ့သော ပညာရေးစနစ်ကြောင့် ဝင်ငွေတိုး မြှင့်ရရှိရန် လိုအပ်သည့် မြန်မာအ မျိုးသမီးများအတွက်ပြည်ပနိုင်ငံများသို့ အိမ်အကူ လုပ်သားအဖြစ် သွားရောက်မှုကို တွန်းပို့နေသော အချက်များဖြစ်သည်။

‘‘တခြားနိုင်ငံမှာ ကျွန်သွားခံ တယ်ဆိုတာမျိုး အမြင်က တော် တော်များများ မြင်နေကြတာရှိ တယ်။ အစိုးရက တရားဝင်သွား ခွင့်ပေးလိုက်မယ်ဆိုရင် အဲဒီအုပ် စုရဲ့ ဝေဖန်မှုတော့ ရှိလာမှာပဲ။ ဝေဖန်မှုရှိလို့ မလုပ်ဘူးဆိုလည်း မကောင်းဘူး။ အများဆန္ဒနဲ့ အ ကျိုးဖြစ်ထွန်းမှုကို ကြည့်ပြီး ဆုံး ဖြတ်ရမယ့်ကိစ္စပါ’’ဟု လူမှုရေး အသင်းအဖွဲ့များတွင် လုပ်ကိုင်နေသူ ကိုသက်ပိုင်က ဆိုသည်။

ဒေါ်ခင်နွေဦးကလည်း ပြည်ပသို့ အိမ်အကူအလုပ်သမားစေ လွှတ်ခွင့်ပြုသင့်၊ မပြုသင့်ကို အစိုးရသဘောတစ်ခုတည်းဖြင့် ဆုံး ဖြတ်မည်မဟုတ်ဟု ပြောသည်။

‘‘ပြည်သူတွေအသံ နား ထောင်ပါမယ်။ ပြည်သူတွေ ဆန္ဒအပေါ် မူတည်ပြီးတော့ပဲ လုပ် သွားမှာပါ’’။။