Y-8 လေယာဉ်ပေါ်မှ ကံမကောင်းသူများကို ရှာဖွေခြင်း

ရှာဖွေတွေ့ရှိသော ရုပ်အလောင်းတစ်ခုကို တပ်မတော်သားများက သယ်ဆောင်နေစဉ်(ဓာတ်ပုံ−စိုင်းဇော်)

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ထားဝယ်မြို့မှ သုံးနာရီကျော်ကြာ ကားမောင်းရ သည့် စမ်းလှမ်းဆိုသော ပင်လယ် ကမ်းခြေရွာလေးအနီးရှိ ကမ်းခြေ တွင် ဇွန်လ ၈ ရက်က လူနာတင် ယာဉ်များ၊ နိဗ္ဗာန်ယာဉ်များ၊ တပ်မတော်ပိုင် လော်ရီကားကြီးများ ဖြင့် ရှုပ်ယှက်ခတ်နေသည်။

‘‘ထားဝယ်မှာ ရှိသမျှ ဆေးရုံ  ကားတွေ၊ နာရေးကားတွေ တော် တော်ဆင်းလာကြတာ။ မနေ့ည ကတည်းက တချို့ဆို တစ်ရေးမှ မအိပ်ရသေးဘူး’’ဟု လူမှုကရုဏာကူညီရေးအသင်းမှ ဦးနိုင်ဝင်းက ဒေသခံလူမှုရေးအသင်းအဖွဲ့ များ၏ကူညီရန် အားထုတ်မှုကို ပြောပြသည်။

၎င်းတို့သည် ဇွန်လ ၇ ရက် တစ်ညနေလုံး လေယာဉ်ပျက်ကျ သည်ဟု ကြားသည့်နေရာသို့ မီး သတ်ကားများ၊ ဆေးရုံကားများ၊ အရေးပေါ်ကားများ ယာဉ်တန်း ဖြင့် မောင်းနှင်ထားခဲ့သဖြင့် ခြေကုန်လက်ပန်းကျနေသော်လည်း ဇွဲမလျှော့ကြောင်း ဦးနိုင်ဝင်းက ဆက်လက်ပြောသည်။


စမ်းလှမ်းကမ်းခြေတွင် ဇွန် လ ၈ ရက် မွန်းလွဲ ၂ နာရီခွဲ၌ ရှာ ဖွေကယ်ဆယ်ရေးများပြုလုပ်နေ သည့် တပ်မတော်ပိုင်သင်္ဘောကို ကမ်းစပ်မှ ခပ်ရေးရေးမြင်တွေ့နေ ရသည်နှင့် တပ်မတော်သားများ၊ ဒေသခံအာဏာပိုင်အဖွဲ့အစည်း အားလုံး လှုပ်လှုပ်ရွရွဖြစ်လာ သည်။ ကောင်းကင်ထက်မှ ကျယ်လောင်စွာ  မောင်းနှင်သွားသော ရှာဖွေရေး ရဟတ်ယာဉ်အသံ ကြောင့်လည်း ပို၍ လှုပ်လှုပ်ရှား ရှားဖြစ်လာသည်။

‘‘ဆိပ်ကမ်းမရှိတော့ ရေ ယာဉ်က ကမ်းကပ်လို့ရမှာမဟုတ် ဘူး။ စက်လှေနဲ့ပဲ ကမ်းစပ်ကို ပြန် ကဲ့ရမယ်။ သင်္ဘောကိုတော့ ရေ လယ်မှာပဲ ကျောက်ချထားလိုက်’’ ဟု တပ်မတော်အရာရှိကြီးတစ် ဦးက သူ၏ရဲဘော်များကို ကမ်း ကပ်၍မရသည့်သင်္ဘောပေါ်မှ ရုပ် အလောင်းများအား စက်လှေပေါ် တစ်ဆင့် တင်ပြီး ကမ်းစပ်သို့သယ် ဆောင်ရန် ညွှန်ကြားနေသံကို ကြားရသည်။

 တပ်မတော်ပို့ဆောင်ရေး လေယာဉ် Y-8 ပျက်ကျမှုမှ ပထမဆုံးရှာဖွေတွေ့ရှိသည့် ရုပ်အ လောင်း ၂၀ ကျော် ရောက်ရှိလာ တော့မည်ဖြစ်သောကြောင့် ကမ်း ခြေတွင် လှုပ်လှုပ်ရှားရှားဖြစ်နေ ခြင်းဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းနေ ပြီး လှိုင်းကြီးမားသောကြောင့် တပ်မတော်ပိုင်ရေယာဉ်မှတစ်ဆင့် စက်လှေများပေါ်သို့ ရုပ်အ လောင်းများ ပြောင်းလဲတင် ဆောင်ရန် အခက်အခဲရှိသည့် ကြားမှ ရုပ်အလောင်းများကို သယ်ဆောင်သည်။

‘‘လှိုင်းက အရမ်းကြီးနေ တယ်။ သင်္ဘောပေါ်ကနေ အ လောင်းကို စက်လှေပေါ် ပြန်တင် ဖို့ လူတစ်ယောက်စာတောင် မတ် တတ်ရပ်လို့မရဘူး။ လှိုင်းက တော် တော်ဆိုးတာ’’ဟု တပ်မတော် သားတစ်ဦးက ပြောသည်။

လှိုင်းကြီးနေပြီး မိုးသည်းထန် စွာ ရွာသွန်းနေသည့်ကြားမှ မိုးရေကာအဖြူစများဖြင့် ထုပ်ပိုးလာ သည့် အလောင်းများတင်ဆောင် လာသော ပထမဆုံးစက်လှေမှာ စမ်းလှမ်းကမ်းခြေရွာလေးသို့ ကမ်းကပ်လာနိုင်ခဲ့သည်။

 အသက်ကယ်အင်္ကျီဝတ် ဆင်ထားသော တပ်မတော်သား များက စက်လှေတွင် အပြည့်တင် ဆောင်လာသည့် အဖြူရောင်အ ထုပ်ကြီးများကို လှိုင်းမငြိမ်သည့် ကြားက ကမ်းစပ်မှ ထမ်းစင်ပေါ် သို့ စက်လှေပေါ်မှ ချပေးနေ သည်။

တစ်စပ်တည်းမှာပင် ကမ်း ခြေတွင် စုရုံးရောက်ရှိနေသော လူအုပ်ကြီးက ကမ်းစပ်သို့ အပြေး အလွှားဆင်းလာကြပြီး လှိုင်းများ ကြားထဲမှ ခက်ခဲစွာ ကမ်းကပ်လာ သည့်စက်လှေအနီးသို့ နီးနိုင်သမျှ နီးအောင်ကြိုးစားကာ တိုးဝှေ့ ကြည့်ရှုသည်။ သို့သော် လုံခြုံရေး တာဝန်ယူထားသော တပ်မတော် သားအချို့က လူအုပ်ကို အနား ကပ်မလာနိုင်ရန်နှင့် လမ်းမပိတ် စေရန် ကြိုးဖြင့် တားထားသည်။  ထို့နောက် တပ်မတော်သားများ က စက်လှေပေါ်မှ အဖြူရောင်အ ထုပ်များကို ထမ်းစင်ပေါ်တင်ကာ ကမ်းခြေတွင် ရပ်နားထားသော လော်ရီကားပေါ်သို့ သွားရောက် တင်ဆောင်နေကြသည်။ တပ်မ တော်သားများရော၊ လာရောက် ကြည့်ရှုသူများရော ၎င်းတို့မျက်နှာ အားလုံးတွင် စိတ်နှလုံးမသာမ ယာဖြစ်ကာ ဝမ်းနည်းစိတ်ထိခိုက် နေသည်ကို အတိုင်းသာတွေ့ရ ၏။

ဇွန်လ ၇ ရက်က မြိတ်မှ ရန် ကုန်သို့ အမြင့်ပေ ၁၈,၀၀၀ အ ထက်တွင် ပျံသန်းခဲ့သော တပ်မ တော်ပို့ဆောင်ရေးလေယာဉ် Y-8 ပျက်ကျမှုမှ ပင်လယ်ပြင်တွင်ရှာ ဖွေတွေ့ရှိခဲ့သော ရုပ်အလောင်း များကို လောင်းလုံးမြို့နယ် စမ်း လှမ်းကမ်းခြေမှသယ်ယူ၍ ထား ဝယ်မြို့ တပ်မတော်ဆေးရုံသို့ ပို့ ဆောင်ရန် ပြင်ဆင်နေခြင်း ဖြစ် သည်။

လှိုင်းကြီးပြီး မိုးသည်းထန် စွာ ရွာသွန်းနေသည့် ပင်လယ်ထဲ တွင် တပ်မတော်ရေယာဉ်မှတစ် ဆင့် ရုပ်အလောင်းများကို စက် လှေများဖြင့် သယ်ဆောင်ကာ ကမ်းစပ်သို့ အခက်အခဲများကြား မှ နှစ်နာရီကျော်ကြာ အချိန်ယူပို့ ဆောင်ပေးခဲ့သည်။

လှိုင်းကြီးနေသော ကမ်းစပ် တွင် စက်လှေငယ်လေးမှတစ် ဆင့် ပြွတ်သိပ်တင်ဆောင်လာ သော စနစ်တကျထုပ်ပိုးထား သည့် ရုပ်အလောင်းများကို ပေါင် ရင်းလောက်မြုပ်သည့် ရေလှိုင်း များအကြား ထမ်းစင်ဖြင့် အကြိမ် ရေ ၁၅ ခေါက်ထက်မနည်း ကမ်း စပ်သို့တပ်မတော်သားများ၊မြန် မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ထမ်းပြီး ပို့ဆောင်ခဲ့ရသည့် Y-8 လေ ယာဉ်တွင်ပါဝင်သူတို့၏ နောက် ဆုံးခရီးလည်း ဖြစ်သည်။

လူ ၁၂၂ ဦး လိုက်ပါလာ သည့် တပ်မတော်လေယာဉ်သည် ဇွန်လ ၈ ရက် ညနေ၆ နာရီကျော် အထိ ရုပ်အလောင်း ၂၉ လောင်း နှင့် လေယာဉ်ဘီးတစ်ဘီးကိုသာ ရှာဖွေတွေ့ရှိထားသည်။ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ နောက်ဆုံးထုတ်ပြန်ချက်များအရ   အမျိုးသား ၂ လောင်း၊ အမျိုးသမီး၂၁ လောင်း၊ ကလေးရုပ်အလောင်း ၈ လောင်း စုစုပေါင်း ရုပ်အလောင်း ၃၁လောင်းတွေ့ရှိ ပြီးဖြစ်သည်။

‘‘မနက်ဖြန်တော့ ကယ် ဆယ်ရေးအတွက် တချို့ကားတွေ က လာမှာ မဟုတ်လောက်တော့ ဘူး’’ ဟု နိဗ္ဗာန်ယာဉ်မောင်းနှင် သည့် အမျိုးသားတစ်ဦးက ပြော သည်။ အကြောင်းမှာ ရုပ်အ လောင်းသယ်ဆောင်ခြင်းကို တပ် မတော်သားများနှင့် တပ်မတော် ယာဉ်များကသာ ဆောင်ရွက်ခြင်း ဖြစ်၍ ဒေသခံအရပ်ဘက်အဖွဲ့ အစည်းများ အကူအညီသိပ်မလို နိုင်၍ဟု ၎င်းကဆိုသည်။ ထို့အ ပြင် မူလက ထားဝယ်ဆေးရုံတွင် ရုပ်အလောင်းများထားရှိမည်ဟု စီစဉ်ထားသော်လည်း တပ်မ တော်ဆေးရုံသို့သာရုပ်အလောင်း များအားလုံးကို သယ်ဆောင်သွား ခြင်းဖြစ်သည်။

 ‘‘တချို့ကျွန်းတွေပေါ်မှာ စက်အစိတ်အပိုင်းလို့ ယူဆရတဲ့ အပျက်အစီးတွေကို ဒေသခံငါး ဖမ်းရေယာဉ်တွေက တွေ့တယ် ဆိုပြီး သတင်းတွေထွက်လာ တယ်။ အဲဒီကျွန်းတွေက အရမ်း ဝေးတော့ တပ်မတော်လေယာဉ် တွေကပဲ နောက်ရက်တွေမှာ သွားရှာဖို့ အခြေအနေတွေရှိ တယ်’’ ဟု လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ပြောသည်။

 မုတ်သုံဝင်နေပြီဖြစ်၍ ကပ္ပလီပင်လယ်ပြင်နှင့် တနင်္သာ ရီကမ်းရိုးတန်းတွင် ရာသီဥတုက အခုတစ်မျိုး၊ တော်ကြာတစ်မျိုး ဖြစ်သည်။ သို့သော် မုတ်သုံမိုးနှင့် လှိုင်းလေများထန်နေသော အ ချိန်ပိုများ၏။ လှိုင်းလေထန်နေ သော်လည်း Y-8 လေယာဉ်ပေါ်မှ ကံဆိုးမိုးမှောင်ကျခဲ့သူများ၏ ရုပ် အလောင်းများ ဆယ်ယူရရှိရေး နောက်နေ့များ၌လည်း တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် တပ်မ တော်ရေယာဉ်၊ လေယာဉ်နှင့် တပ်မတော်သားများမုတ်သုံမိုးနှင့် လှိုင်းလေကိုအန်တု၍ ကြိုးပမ်းနေ ကြဦးမည်ဖြစ်သည်။