ရှုံးထွက်ပြိုင်ပွဲတွင် ရတနာပုံနှင့် ဆောက်သမ်းမြန်မာ ကွာတားအဆင့်တက်

ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းရှုံးထွက်ဖလားပြိုင်ပွဲ (၁၆)သင်းအဆင့်တွင် ရတနာပုံနှင့်ဆောက် သမ်းမြန်မာအသင်းတို့က ပြိုင်ဘက်များကို အနိုင်ရရှိကာ ကွာ တားဖိုင်နယ်အဆင့်သို့ တက် ရောက်နိုင်ခဲ့သည်။ 

မေလ ၁၈ ရက်က ယှဉ်ပြိုင် ခဲ့သည့် (၁၆) သင်းအဆင့် ဒုတိယ ပတ် နောက်ဆုံးရက်ပွဲစဉ်များတွင် ရတနာပုံအသင်းက မဟာယူနိုက် တက်ကို ၅-၀ ဂိုး၊ ဆောက်သမ်း မြန်မာအသင်းက နေပြည်တော် အသင်းကို ၃-၁ ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။ 

ရန်ကုန်မြို့ အောင်ဆန်း ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ပွဲတွင် ရတနာပုံအသင်းက မဟာယူနိုက် တက်အသင်းကို ဖိအားပေးနိုင်ခဲ့ ပြီး ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယ ပိုင်းတွင် သုံးဂိုးသွင်းယူခဲ့ကာ ဂိုး ပြတ်အနိုင်ယူခဲ့သည်။ ရတနာပုံ အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၂ မိနစ်တွင် ကျော်သက်ဦး၊ ၃၇ မိနစ်တွင် စည်သူအောင်၊ ၅၂ မိနစ်တွင် အောင်သူ၊ ၆၈ မိနစ် တွင် ဝင်းနိုင်စိုး၊ ၈၁ မိနစ်တွင် သိန်းသန်းဝင်းတို့က သွင်းယူခဲ့ခြင်းဖြစ်သည်။ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့ သည့်ပွဲတွင် နေပြည်တော်အသင်း က ၂၄ မိနစ်၌ ဘမ်ဘာ၏သွင်း ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဆောက်သမ်းမြန်မာအသင်း၏ ချေပဂိုးနှင့် အနိုင်ဂိုးများပြန်လည် ခွင့်ပြုခဲ့ရခြင်းကြောင့် ရှုံးနိမ့်ခဲ့ရ သည်။ ဆောက်သမ်းမြန်မာအ သင်းအတွက် ဂိုးများကို ပွဲချိန် မိနစ် ၃၀ နှင့် မိနစ် ၉၀ တွင် ကောင်း စည်သူနှင့် ၇၀ မိနစ်တွင် ဆိုင်မွန် က သွင်းယူခဲ့သည်။ 

၂၀၁၇ ဗိုလ်ချုပ်အောင်ဆန်း  ဒိုင်းရှုံးထွက်ဖလားပြိုင်ပွဲ ကွာတား ဖိုင်နယ်အဆင့် ပွဲစဉ်များကို စက် တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့ တွင် ကျင်းပမည်ဖြစ်သည်။ ကွာတားဖိုင်နယ် အဆင့်တွင် လက်ရှိချန်ပီယံ မကွေးနှင့် ရှမ်း၊ ရခိုင်နှင့် ဧရာဝတီ၊ ဟံသာဝတီနှင့် ရန်ကုန်၊ ဆောက်သမ်းမြန်မာနှင့်ရတနာပုံတို့  ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

Top News