အာဆီယံယူ-၁၅ အမျိုးသမီးပြိုင်ပွဲအကြိုဗိုလ်လုပွဲတွင် မြန်မာက ဖိလစ်ပိုင်ကို ရှုံးနိမ့်

အာဆီယံ ယူ -၁၅ အမျိုးသမီးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာနှင့် ဖိလစ်ပိုင်အသင်းယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

၂၀၁၇ အာဆီယံယူ-၁၅အမျိုးသမီးဘောလုံးပြိုင်ပွဲအကြို ဗိုလ်လုပွဲတွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ကမ္ဘောဒီးယားအသင်း နှင့် တတိယနေရာလုပွဲယှဉ်ပြိုင်ရ မည်ဖြစ်သည်။ 

မေလ ၁၈ ရက်က လာအို နိုင်ငံတွင် ကျင်းပခဲ့သည့် ယင်း ပြိုင်ပွဲအကြို ဗိုလ်လုပွဲစဉ်များ၌ ထိုင်းအသင်းက ကမ္ဘောဒီးယားအသင်းကို ၆-၀ ဂိုး၊ ဖိလစ်ပိုင်အသင်းက မြန်မာအသင်းကို ၃-၂ ဂိုးဖြင့် အသီးသီးအနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ 

မြန်မာနှင့်ဖိလစ်ပိုင်ပွဲတွင် ခန္ဓာကိုယ် ပိုမိုကြံ့ခိုင်သည့် ဖိလစ် ပိုင်ကစားသမားများကြောင့် မြန် မာအသင်းအခက်တွေ့ခဲ့သော် လည်း အပြန်အလှန်ယှဉ်ကစား နိုင်ခဲ့သည်။ ဖိလစ်ပိုင်အသင်းက ပွဲချိန် ၃၈ မိနစ်တွင် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ပထမပိုင်းတွင် ဦးဆောင်ခဲ့သည်။ 

ဒုတိယပိုင်းအစတွင် မြန်မာ အသင်းက ကစားပုံ ပိုမိုကောင်း မွန်ခဲ့ပြီး ဖိလစ်ပိုင်အသင်းကို ပြန် လည်ဖိအားပေးနိုင်ကာ စုပြည့် ပြည့်ကျော်က ပွဲချိန် ၄၇ မိနစ်နှင့် ၅၇ မိနစ်တွင် နှစ်ဂိုးသွင်းယူကာ ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် မြန်မာ အသင်း ကစားအားအနည်းငယ် ကျဆင်းသွားပြီး ၅၇ မိနစ်နှင့် ၇၅ မိနစ်၌ ဖိလစ်ပိုင်အသင်းက နှစ်ဂိုး ပြန်လည်သွင်းယူမှုကို ခွင့်ပြုခဲ့ရ၍ မြန်မာအသင်းဗိုလ်လုပွဲ တက်ရောက်ခွင့်နှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။ 

ယင်းပြိုင်ပွဲအကြိုဗိုလ်လုပွဲ အဆင့်တွင် အနိုင်ရရှိသည့် ထိုင်း နှင့် ဖိလစ်ပိုင်အသင်းက ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာနှင့် ကမ္ဘောဒီးယားအသင်းက တတိယနေရာလုရမည်ဖြစ်သည်။ အာဆီ ယံယူ-၁၅ အမျိုးသမီးပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များ ကို မေလ ၂၀ ရက်၌ ကျင်းပမည် ဖြစ်သည်။ 

Top News